Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 7, 2015

အင္ဒိုနီးရွားက လူကုန္ကူးခံရသူ ျမန္မာ ၁၃၀ ေနရပ္ျပန္လာဖြယ္ရွိ

 အင္ဒိုနီးရွားႏိုင္ငံ ဘင္ဂ်ီနာကၽြန္းမွာ ကၽြန္အျဖစ္ ေရာင္းစား ခံထားရတဲ့ ျမန္မာေရလုပ္သား တစ္ရာေက်ာ္ဟာ ေမလ ၁၅ ရက္ေန႔ညက MAI ေလေၾကာင္းလိုင္းနဲ႔ ျမန္မာႏိုင္ငံကို ျပန္လည္ ေရာက္ရွိစဥ္ ။ Photo: Kyaw Zaw Win/RFA
 ရခိုင္ျပည္နယ္ အေနာက္ပိုင္း ဒုကၡသည္စခန္းတစ္ခုမွာ က်န္ရွိေနတဲ့ ဘဂၤလားေဒ့ရွ္နိုင္ငံသား ေလွစီးထြက္ခြာသူေတြ ကို မူလႏိုင္ငံျပန္ပို႔ဖို႔ ျမန္မာအာဏာပိုင္ေတြ စီစဥ္ေနပါတယ္။

ေတာင္ၿပိဳလက္၀ဲအရပ္က ယာယီဒုကၡသည္စခန္းမွာ က်န္ရွိေနတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား ၁၀၅ ဦးကို ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြထံ လာမယ့္ တနလၤာေန႔မွာ ျပန္လည္အပ္ႏွံဖို႔ သေဘာတူညီထားေၾကာင္း သိရပါတယ္။

ျမန္မာ့ကမ္းလြန္ပင္လယ္ျပင္အတြင္း ေတြ႕ရွိခဲ့တဲ့ ဘဂၤလားေဒ့ရွ္ ေလွစီးထြက္ခြာသူေတြကို ႏိုင္ငံသားစိစစ္ၿပီး၊ ၿပီးခဲ့တဲ့ ဇြန္လကစလို႔ အသုတ္ငါးသုတ္ခြဲၿပီး မူလႏိုင္ငံျပန္ပို႔ေနရာမွာ စုစုေပါင္း ၆၂၆ ေယာက္ျပန္ပို႔ၿပီး ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေမလအတြင္း ရခိုင္ျပည္နယ္ ေမာင္ေတာမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား ေလွစီးထြက္ခြာသူ ၂၀၀ ေက်ာ္၊ ဧရာ၀တီတိုင္း ဖ်ာပံုၿမိဳ႕နယ္အတြင္း ျမန္မာ့ပင္လယ္ျပင္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား ေလွစီးထြက္ခြာသူ ၇၀၀ ေက်ာ္ တို႔ကို ျမန္မာ့ေရတပ္က ေတြ႕ရွိကယ္တင္ခဲ့တာျဖစ္ပါတယ္။

စံုစမ္းစစ္ေဆးခ်က္ေတြအရ အဲဒီေလွစီးထြက္ခြာသူေတြဟာ ထိုင္းနဲ႔ မေလးရွားမွာ အလုပ္လုပ္ဖို႔အတြက္ လူေမွာင္ခို ဂိုဏ္းေတြက ေခၚေဆာင္လာခဲ့ရာက၊ ထိုင္းႏိုင္ငံမွာ လူေမွာင္ခိုႏွိမ္နင္းမႈေတြ အရွိန္ျမွင့္ေဆာင္ရြက္လာေန တာေၾကာင့္ ျမန္မာ့ပင္လယ္ျပင္ထဲ စြန္႔ပစ္ထားခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
....................................

 အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျီနာကျွန်းမှာ ကျွန်အဖြစ် ရောင်းစား ခံထားရတဲ့ မြန်မာရေလုပ်သား တစ်ရာကျော်ဟာ မေလ ၁၅ ရက်နေ့ညက MAI လေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိစဉ် ။ Photo: Kyaw Zaw Win/RFA
 ရခိုင်ပြည်နယ် အနောက်ပိုင်း ဒုက္ခသည်စခန်းတစ်ခုမှာ ကျန်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးထွက်ခွာသူတွေ ကို မူလနိုင်ငံပြန်ပို့ဖို့ မြန်မာအာဏာပိုင်တွေ စီစဉ်နေပါတယ်။

တောင်ပြိုလက်ဝဲအရပ်က ယာယီဒုက္ခသည်စခန်းမှာ ကျန်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀၅ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေထံ လာမယ့် တနင်္လာနေ့မှာ ပြန်လည်အပ်နှံဖို့ သဘောတူညီထားကြောင်း သိရပါတယ်။

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်အတွင်း တွေ့ရှိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် လှေစီးထွက်ခွာသူတွေကို နိုင်ငံသားစိစစ်ပြီး၊ ပြီးခဲ့တဲ့ ဇွန်လကစလို့ အသုတ်ငါးသုတ်ခွဲပြီး မူလနိုင်ငံပြန်ပို့နေရာမှာ စုစုပေါင်း ၆၂၆ ယောက်ပြန်ပို့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း ရခိုင်ပြည်နယ် မောင်တောမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးထွက်ခွာသူ ၂၀၀ ကျော်၊ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အတွင်း မြန်မာ့ပင်လယ်ပြင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးထွက်ခွာသူ ရ၀၀ ကျော် တို့ကို မြန်မာ့ရေတပ်က တွေ့ရှိကယ်တင်ခဲ့တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ အဲဒီလှေစီးထွက်ခွာသူတွေဟာ ထိုင်းနဲ့ မလေးရှားမှာ အလုပ်လုပ်ဖို့အတွက် လူမှောင်ခို ဂိုဏ်းတွေက ခေါ်ဆောင်လာခဲ့ရာက၊ ထိုင်းနိုင်ငံမှာ လူမှောင်ခိုနှိမ်နင်းမှုတွေ အရှိန်မြှင့်ဆောင်ရွက်လာနေ တာကြောင့် မြန်မာ့ပင်လယ်ပြင်ထဲ စွန့်ပစ်ထားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment