Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 13, 2015

၁၉၆၂ ခုႏွစ္ မတ္လ ၂ရက္ေန ့ေတာ္လွန္ေရးေကာင္စီ အာဏာသိမ္းျခင္းမွတ္တမ္း

-၁၉၆၂ ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၈ ရက္ေန႔တြင္မူ အာဏာသိမ္းရန္ စစ္ဆင္ေရးကို ဆင္ႏႊဲၾကရမည္။ တာ၀န္ခံတပ္မွဴးမ်ားသည္ စစ္ဆင္ေရးဆင္ႏႊဲရန္ အမိန္႔ရ႐ွိသျဖင့္ မိမိတို႔၏ တပ္မ်ားကို အသင့္ျပင္ဆင္ထားခဲ့သည္။
ထိုညတြင္ပင္ စစ္ဆင္ေရးအတြက္ အားလံုးအဆင္သင့္ျဖစ္လွ်င္ ဆင္ႏႊဲရန္ အထက္အႀကီးအကဲထံမွ ႏႈတ္မိန္႔ထြက္လာသည္။ ထိုအခါ စစ္ဆင္ေရးတာ၀န္ခံတပ္မွဴးမ်ားသည္ အခ်င္းခ်င္းတုိင္ပင္ေဆြးေႏြးၾကၿပီး စစ္ဆင္ေရးဆင္ႏႊဲရမည့္ေန႔ကို မတ္လ ၂ ရက္ေန႔ ဟုလည္းေကာင္း၊ စတင္မည့္အခ်ိန္ကို မတ္လ ၁ရက္ေန႔ည ၁၂ နာရီတိတိဟု လည္းေကာင္း သတ္မွတ္ခဲ့ၾကသည္။
ဤအစီအစဥ္ကို တပ္မေတာ္ေထာက္လွမ္းေရးညႊန္ၾကားမွဴးဗိုလ္မွဴးတင္ဦးႏွင့္ အခ်က္ျပ ဆက္သြယ္ေရးတပ္မွဴးညႊန္ၾကားေရးမွဴး ဒုတိယဗိုလ္မွဴးႀကီး ဘနီတို႔လည္း သိ႐ွိခဲ့ၾကသည္။
သို႔ေသာ္ ထိုစစ္ဆင္ေရးအစီအစဥ္ကို သိၿပီးျဖစ္ေသာ တပ္မေတာ္ တပ္မွဴးမ်ားသည္ အျခားအရာ႐ွိမ်ား၊ မိမိတို႔ လက္ေအာက္အရာ႐ွိမ်ားႏွင့္ စစ္သည္မ်ားကို ေျပာၾကားျခင္းမျပဳခဲ့ေခ်။ စစ္ဆင္ေရးတစ္ရပ္ကို ဆင္ႏႊဲရန္သာ တပ္လွန္႔ထားခဲ့သည္။

● အာဏာသိမ္းစစ္ဆင္ေရး
၁၉၆၂ ခုႏွစ္ မတ္လ ၁ ရက္ေန႔ ည ၁၁နာရီခန္႔တြင္ ရန္ကုန္ၿမိဳ႕တြင္းသို႔ ခ်ီတက္ရမည့္ တပ္ဖြဲ႕မ်ားကို စစ္ဆင္ေရးတာ၀န္ခံမ်ားက စစ္ဆင္ေရးအေၾကာင္း ႐ွင္းလင္းေျပာၾကားၿပီး အသင့္ျပင္ေစသည္။ ထို႔ေနာက္ လက္ေအာက္အရာ႐ွိမ်ားအား တာ၀န္အသီးသီး ခြဲေ၀ေပးအပ္ၿပီး ည ၁၂ နာရီတြင္ ရန္ကုန္ၿမိဳ႕တြင္းသို႔ စစ္ခ်ီခဲ့ျခင္းျဖစ္သည္။

စစ္တပ္သည္ မဂၤလာဒံုေလယာဥ္ကြင္း႐ွိ ဆက္သြယ္ေရးစခန္း၊ အသံလႊင့္႐ုံ၊ ေၾကးနန္းဌာန၊ ပါလီမန္အေဆာက္အအံု၊ ရဲမင္းႀကီး႐ုံး စစ္ရဲတပ္၊ ျပည္ေထာင္စုဘဏ္၊ ဘူတာ႐ုံ၊ ဆိပ္ကမ္း၊ ရဲဌာနမ်ား၊ ၀န္ႀကီးမ်ားေနထိုင္ေသာ ၀င္ဒါမီယာ၊ ၀င္ဒါမီယာကုတ္ (ယခု ေ႐ႊလီလမ္း) ႐ွိ ႐ွမ္းေဂဟာ၊ ေ႐ႊေတာင္ၾကားလမ္း၊ ျပည္ေထာင္စုလမ္းသြယ္႐ွိ ၀န္ႀကီးခ်ဳပ္ေနအိမ္၊ ကုကၠိဳင္းလမ္းႏွင့္ ဂြတၱလစ္လမ္း (ယခု ဆရာစံလမ္း) ေထာင့္႐ွိ စ၀္ေ႐ႊသိုက္ေနအိမ္၊ ကမၻာေအးဘုရားလမ္း႐ွိ တရား၀န္ႀကီးခ်ဳပ္ ဦးျမင့္သိန္းေနအိမ္၊ ဖေရဇာလမ္း (ယခုဒဂံု ၿမိဳ႕နယ္႐ွိ ေတာ္၀င္လမ္း) ႐ွိ ကယားေဂဟာ တို႔ကို သြား၀ိုင္းရံထားလိုက္ၾကသည္။ နံနက္ ၂ နာရီခန္႔တြင္ တပ္မေတာ္တပ္ဖြဲ႕မ်ားသည္ ဂြတၱလစ္လမ္း ျပည္ေထာင္စုလမ္းသြယ္ အမွတ္ ( ) တြင္ ေနထိုင္ေသာ ၀န္ႀကီးခ်ဳပ္ ဦးႏု၊ ၀န္ႀကီးေဒါက္တာဦးဧေမာင္ ႏွင့္ ျပည္လမ္း ခုနစ္မိုင္ခြဲတြင္ ေနထိုင္ေသာ မိုးနဲေစာ္ဘြား စ၀္ျပည့္၊ မိုင္းေနာင္ ေစာ္ဘြား စ၀္အုန္းေမာင္တို႔ကို ဖမ္းဆီးခဲ့သည္။ ႏိုင္ငံေတာ္၀န္ႀကီးခ်ဳပ္ ဦးႏုကို စစ္ေထာက္လွမ္းေရးမွ ဖမ္းဆီးၿပီးေနာက္ ကားေပၚသို႔ တင္အၿပီး၌ စကား၀ွက္ျဖင့္ “ေလာက္ေကာင္” မိၿပီဟု ဌာနခ်ဳပ္သို႔ သတင္းပို႔ခဲ့သည္။ ေနာင္တြင္ ဦးႏု၏ သမီးႀကီးျဖစ္သူ ေဒၚစန္းစန္းႏုက ကၽြန္မၾကားတာက “ဇာတ္ေကာင္” ပါပဲ။

ေဖေဖနားၾကားလြဲသြားတယ္နဲ႔ တူပါတယ္ ဟူ၍ ေျပာျပခဲ့ဖူးသည္။ သို႔ေသာ္ ရန္ကုန္ဘေဆြ၏ ျပည္သူ႔အေရးေတာ္ပံုသမိုင္း (လက္ႏွိပ္စက္စာမူ) ၌ ဦးႏုအားဖမ္းစဥ္က စာကား၀ွက္ “ေလာက္ေကာင္” ဟုသာ သံုးႏႈန္းထားေၾကာင္း ေတြ႕႐ွိရ၍ ၀န္ႀကီးခ်ဳပ္ ဦးႏုၾကားသည့္အတုိင္း “ေလာက္ေကာင္” သည္သာ အမွန္ျဖစ္ပါေၾကာင္း သိ႐ွိရသည္။ ယင္းစာမူ၌ အျခား၀န္ႀကီးမ်ား၏ နာမည္ကိုလည္း စကား၀ွက္ျဖင့္ “ဖာသယ္”၊ “မိန္းမ႐ႊင္” “ဆိတ္လေစ့” “ႏွစ္ဖက္ခၽြန္” ဟူ၍ သံုးႏႈန္းထားရာ ရန္ကုန္ဘေဆြႏွင့္ အာဏာသိမ္း ေခါင္းေဆာင္ဗိုလ္ခ်ဳပ္ႀကီးေန၀င္းတို႔ ဆက္ႏႊယ္ပတ္သက္ေနမည္လားဟု ေတြးထင္စရာပင္ျဖစ္သည္။

ထို႔ေနာက္ နံနက္ ၃ နာရီခန္႔တြင္ အျခား၀န္ႀကီးမ်ားျဖစ္ၾကေသာ ဦးရာ႐ွစ္၊ သခင္တင္၊ သခင္တင္ေမာင္၊ ဦးသြင္၊ ဦးဘေစာ၊ ေဒါက္တာေစာလွထြန္း၊ စ၀္ခြန္ခ်ိဳ၊ စ၀္၀ဏၰ၊ ႏိုင္ေအာင္ထြန္း၊ ဦးဘၿမိဳင္၊ ပါလီမန္အတြင္း၀န္ ကယားဦးစိန္တို႔ကိုလည္းေကာင္း၊ အင္းလ်ားလမ္း ေနအိမ္သစ္တြင္ ေနထိုင္ေသာ သမၼတ မန္း၀င္းေမာင္တို႔ကိုလည္းေကာင္း၊ တရား၀န္ႀကီးခ်ဳပ္ ဦးျမင့္သိန္းကိုလည္းေကာင္း၊ ကယားေဂဟာတြင္ တည္းခိုေနေသာ ဦးၾကာပု၊ ဦးစိုးေမာင္၊ ဦးလြန္း၊ ဦးခ်စ္ဦး၊ ဦးထြန္းျမင့္ (ေတာင္ႀကီး) တို႔ကိုလည္းေကာင္း၊ ႐ွမ္းေစာ္ဘြားမ်ားႏွင့္ ႐ွမ္းျပည္နယ္မွ အမတ္မ်ားကိုလည္းေကာင္း၊ ျပည္သူ႔လႊတ္ေတာ္ႏွင့္ လူမ်ိဳးစု လြႊတ္ေတာ္ဥကၠဌမ်ားကိုလည္းေကာင္း ဖမ္းဆီးခဲ့သည္။

အစိုးရအဖြဲ႕၀င္ ပုဂၢိဳလ္တို႔ကို ဖမ္းဆီးရာတြင္ တပ္မေတာ္က ႏုိင္ငံေတာ္အာဏာကို သိမ္းယူလုိက္ၿပီျဖစ္ေၾကာင္း ႐ွင္းျပ၍ ၎တို႔အိမ္တြင္ ထား႐ွိေသာ လက္နက္မ်ားကိုလညး္ အပ္ႏွံေစခဲ့သည္။
တရား၀န္ႀကီးခ်ဳပ္ ဦးျမင့္သိန္းကို ဖမ္းဆီးစဥ္က ဖမ္း၀ရမ္းေတာင္းသျဖင့္ ဖမ္းဆီးသည့္ တပ္မေတာ္အရာ႐ွိလည္း ေတြေ၀သြားၿပီး တပ္ဖြဲ႕မ်ားကို အုပ္ခ်ဳပ္၍ လိုက္ပါလာခဲ့ေသာ တပ္မွဴးထံ သတင္းပို႔ခဲ့သည္။
တပ္မွဴး လည္း ဦးျမင့့္သိန္း၏ အိမ္သို႔ လုိက္သြားၿပီး တပ္မေတာ္က အာဏာသိမ္းျခင္းျဖစ္ေၾကာင္း ေျပာၾကား၍ ဖမ္းဆီးခဲ့ရသည္ဟု ဆိုသည္။

၀န္ႀကီးမ်ား၏ ေနအိမ္တြင္ လံုၿခံဳေရးတာ၀န္ယူေနၾကရေသာ ရဲအဖြဲ႕၀င္မ်ားအား စစ္တပ္တပ္ဖြဲ႕၀င္မ်ားေရာက္႐ွိလာလွ်င္ ခုခံပစ္ခတ္ျခင္း မျပဳရန္ ႀကိဳတင္ညႊန္ၾကားထားေသာေၾကာင့္ ၀န္ႀကီးမ်ားကို ဖမ္းဆီးရာတြင္ အဆင္ေျပလြယ္ကူေစခဲ့သည္။
သို႔ေသာ္ ရန္ကုန္ၿမိဳ႕ ကုကၠိဳင္းလမ္းႏွင့္ ဂြတၱလစ္လမ္း (ယခု ဆရာစံလမ္း) ေထာင့္႐ွိ စ၀္ေ႐ႊသိုက္ေနအိမ္သို႔ ေရာက္ရွိစဥ္က လံုၿခံဳေရးအေစာင့္မ်ားအား ႐ွမ္းဘာသာျဖင့္ ခုခံျခင္းမျပဳရန္ ေအာ္၍ ေျပာေသးသည္။
သို႔ေသာ္ အေစာင့္မ်ားက ပစ္ခတ္သျဖင့္ စစ္တပ္မွလည္း ျပန္လည္ပစ္ခတ္ရာတြင္ စ၀္ေ႐ႊသိုက္၏သားငယ္ အသက္ (၁၇) ႏွစ္ အ႐ြယ္႐ွိ စ၀္မီမီသိုက္ ေခၚ စ၀္ေစးဟုမ္ဖ မွာ ဦးေခါင္းႏွင့္ ေျခေထာက္တြင္ က်ည္ဆံထိမွန္၍ ေသဆံုးသြားခဲ့ရသည္။

စ၀္မီမီသိုက္ ေသဆံုးမႈႏွင့္ပတ္သက္၍ စ၀္မီမီသိုက္၏ အစ္ကို (ယူဂ်င္းသိုက္ (Eugene Thaike) က ရန္ကင္းရဲဌာနတြင္ အမႈဖြင့္ တုင္ၾကားခဲံသည္။ ၁၉၆၂ ခုႏွစ္ မတ္လ ၂ ရက္ေန႔ နံနက္ ၂ နာရီခန္႔တြင္ အမ်ိဳးအမည္မသိေသာ ယူနီေဖာင္း၀တ္ထားသူမ်ားက အိမ္အတြင္းသို႔ ၀င္ေရာက္လာက ေသနတ္ျဖင့္ ပစ္ခတ္ေသာေၾကာင့္ မိမိ၏ညီ စ၀္မီမီသိုက္ကို ထိမွန္ေသဆံုးသြားေၾကာင္း တုိင္ၾကားခဲ့ျခင္းျဖစ္သည္။
ရန္ကင္းရဲဌာနမွ လူသတ္မႈ ပုဒ္မ ၃၀၂ အရ အမႈဖြင့္ေပးခဲ့သည္။ တပ္မေတာ္ကမူ စ၀္မီမီသိုက္ေသခဲ့ရျခင္းအတြက္ စာနာေထာက္ထားမႈ႐ွိေၾကာင္းျပသၿပီး ေတာ္လွန္ေရးေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္ႀကီးေန၀င္းကလည္း စ၀္မီမီသိုက္ ကြယ္လြန္အနိစၥေရာက္ျခင္းကို ေတာ္လွန္ေရးေကာင္စီ၀င္ မ်ားက အထူး၀မ္းနည္းေၾကကြဲမိေၾကာင္း ေဖာ္ျပထားသည့္ သ၀ဏ္လႊာကို ေညာင္ေ႐ႊေစာ္ဘြားႀကီး စ၀္ေ႐ႊသိုက္ႏွင့္ မဟာေဒ၀ီတို႔ထံ ေပးပို႔ခဲ့သည္။
ထိုစဥ္က မဟာေဒ၀ီ စ၀္ဟိန္ခမ္းမွာ အဂၤလန္သို႔ ေရာက္ေနသျဖင့္ ဗိုလ္မွဴးႀကီးေစာျမင့္သည္ ၀မ္းနည္းသ၀ဏ္လႊာကို စ၀္ေ႐ႊသိုက္၏သားအႀကီးဆံုးျဖစ္သူ စ၀္ဆုိင္အံု၏ လက္သို႔ ေပးအပ္ခဲ့ရသည္။ ၁၉၆၂ ခုႏွစ္ မတ္လ ၄ ရက္ေန႔တြင္ က်င္းပသည့္ ဈာပန အခမ္းအနားသို႔လည္း ေတာ္လွန္ေရးေကာင္စီက လြမ္းသူ႔ပန္းေခြေပးပို႔ခဲ့သည္။

၁၉၆၂ ခုႏွစ္ မတ္လ ၂ ရက္ေန႔ နံနက္တြင္ ေတာ္လွန္ေရးေကာင္စီက ဖမ္းဆီးခဲ့ေသာ ပုဂၢိဳလ္တို႔မွာ သမၼတ မန္း၀င္းေမာင္၊ ႏုိင္ငံေတာ္၀န္ႀကီးခ်ဳပ္ ဦးႏု၊ ၀န္ႀကီးမ်ားျဖစ္ၾကေသာ သခင္တင္၊ ေဒါက္တာ ဦးဧေမာင္၊ ဦးရာ႐ွစ္၊ ဦးဘေစာ၊ သခင္တင္ေမာင္၊ ဦးသြင္၊ စ၀္ခြန္ခ်ိဳ၊ စ၀္၀ဏၰ၊ ေဒါက္တာ ေစာလွထြန္း၊ ဦးဇာရဲလ်န္၊ ဦးဘၿမိဳင္၊ ႏိုင္္ေအာင္ထြန္း၊ တရား၀န္ႀကီးခ်ဳပ္ ဦးျမင့္သိန္း၊ ျပည္သူ႔လႊတ္ေတာ္ဥကၠဌ မန္းဘဆိုင္၊ လူမ်ိဳးစု လႊတ္ေတာ္ဥကၠ႒ စ၀္ခြန္ၾကည္၊ ေညာင္ေ႐ႊေစာ္ဘြားသမၼတေဟာင္း စ၀္ေ႐ႊသိုက္၊ မိုးနဲေစာ္ဘြား စ၀္ျပည့္၊ လဲခ်ားေစာ္ဘြား စ၀္ႏြံ၊ သာမိုင္းခမ္းေစာ္ဘြား စ၀္မန္လစ္၊ စ၀္ခြန္ထီး၊ စ၀္မန္ဖ (သိႏၷီေျမာက္ပိုင္း အမတ္)၊ စ၀္ေအာင္ဖူး (လြိဳင္လင္ အလယ္ပိုင္းအမတ္)၊ ဦးခ်စ္ (လြိဳင္လင္ ေတာင္ပိုင္းအမတ္)၊ ဦးရီေရာင္း (က်ိဳင္းတံုေျမာက္ပိုင္းအမတ္)၊ ဦးခြန္ေနာ္ (က်ိဳင္းတံု အေနာက္ပိုင္းအမတ္)၊ ဦးျဖဴ (မိုင္းပြန္အမတ္)၊ ဦးေက်ာ္စိန္ (သာမိုင္းခမ္းအမတ္)၊ ဦးလြန္း (စကားအမတ္)၊ ဦးအမ္ေဇာ္လ (ကြတ္ခိုင္အမတ္)၊ ဦးစိန္ (ကယား)၊ ဦးထြန္းျမင့္ (ေတာင္ႀကီး)၊ ဦးၾကာပု၊ ဦးျမတ္ဖူး၊ ဦးစိုးေမာင္၊ ဦးခ်စ္ဦး၊ ဦးသန္းတင္၊ ဦးတင္ေအာင္ တို႔ ျဖစ္ၾကသည္။

၁၉၆၂ ခုႏွစ္ မတ္လ ၂ ရက္ေန႔ နံနက္တြင္ အဖမ္းမခံရေသာ ပုဂၢိဳလ္ႏွစ္ဦးမွာ ငပလီသို႔ ေရာက္ေနေသာ ဗိုလ္မွဴးေအာင္ႏွင့္ သမၼတ အျဖစ္ ေ႐ြးခ်ယ္ရန္ လ်ာထားၿပီးျဖစ္ေသာ ဆမားဒူး၀ါဆင္၀ါးေနာင္ တို႔ ျဖစ္ၾကသည္။ ဆမားဒူ၀ါးဆင္၀ါးေနာင္ မွာ ျမစ္ႀကီးနားခ႐ိုင္အတြင္း႐ွိ ၎၏ဘိုးဘြား မိဘမ်ားအစဥ္အဆက္ ေနထိုင္ခဲ့ေသာ ဆမား႐ြာသို႔ ေရာက္႐ွိ ေနသည္ဟု ဆိုသည္။

အဖမ္းခံရသူတို႔တြင္ ေဒါက္တာေစာလွထြန္းႏွင့္ ဦးဇာရဲလ်န္တို႔မွအပ ကရင္ျပည္နယ္၊ ခ်င္း၀ိေသသတုိင္းႏွင့္ ကခ်င္ျပည္နယ္တို႔မွ အျခားပုဂၢိဳလ္မ်ားပါ၀င္ျခင္းမ႐ွိေပ။ မတ္လ ၂ ရက္ေန႔ နံနက္က အဖမ္းခံရသူပုဂၢိဳလ္မ်ားစြာကို ပထမတြင္ ၀င္ဒါမီယာအနီး႐ွိ အသံလႊင့္႐ုံသို႔ ပို႔ထားခဲ့သည္။
စစ္တပ္ တပ္ဖြဲ႕မ်ားသည္ ဖမ္းဆီးလာခဲ့သူမ်ားကို အသံလႊင့္႐ုံအတြင္း႐ွိ ယမန္ေန႔ညက ဖက္ဒရယ္မူေဆြးေႏြးပြဲက်င္းပခဲ့ေသာ ခန္းမေဆာင္ႀကီးအတြင္းတြင္ ထား႐ွိသည္။
နံနက္ ၆ နာရီခန္႔တြင္မူ ဖမ္းထားေသာ ပုဂၢိဳလ္မ်ားကို ေလာ္ရီကားမ်ားေပၚတင္၍ လက္နက္ကိုင္ အေစာင့္အၾကပ္မ်ား စီးနင္းေသာ ကားမ်ားလုိက္ပါလ်က္ မဂၤလာဒံုသို႔ ပို႔ခဲ့သည္။
ထိုေန႔နံနက္က ရာသီဥတုမွာ အံု႕မႈိင္း၍ မိုးတဖြဲဖြဲ ႐ြာလ်က္႐ွိသည္။ မဂၤလာဒံုသို႔ သြားရာလမ္းတစ္ေလွ်ာက္တြင္ တင့္ကားမ်ားႏွင့္ စစ္သားမ်ားေစာင့္ၾကပ္လ်က္ ႐ွိသည္။
ဖမ္းဆီးလာေသာ ပုဂၢိဳလ္တို႔ကို မဂၤလာဒံု႐ွိ ရန္ႀကီးေအာင္ တပ္မေတာ္႐ုပ္႐ွင္႐ုံတြင္ စု႐ုံးထားသည္။ စစ္သားမ်ားသည္ ဖမ္းဆီးလာေသာ ပုဂၢိဳလ္တို႔ကို လက္ဖက္ရည္၊ နံျပားတို႔ျဖင့္ ဧည့္ခံ ေကၽြးေမြးသည္ ဟူ၍ ကယားဦးစိန္ေရးသားခဲ့ေသာ “အာဏာသိမ္းမွတ္တမ္း” (လက္ေရးမူ) ၌ ေဖာ္ျပထားသည္။

မၾကာမီတြင္ပင္ အဖမ္းခံရသူတို႔အနက္ မန္းဘဆိုင္၊ စ၀္ခြန္ၾကည္၊ ဦးဘေစာ၊ ေဒါက္တာေစာလွထြန္း၊ ဦးဇာရဲလ်န္၊ ဦးဘၿမိဳင္ ႏွင့္ စ၀္မန္ဖ တို႔ကို ရန္ကုန္ၿမိဳ႕သို႔ ျပန္ေခၚ၍ စစ္႐ုံးခ်ဳပ္ (ယခုႏိုင္ငံေတာ္ ကာကြယ္ေရးတကၠသိုလ္) အတြင္း႐ွိ ဒဂံုရိပ္သာတြင္ ဗိုလ္ခ်ဳပ္ႀကီး ေန၀င္းက ေခတၱေတြ႕ဆံုကာ မွားယြင္းဖမ္းဆီး မိေၾကာင္း ေျပာၾကား၍ ျပန္လႊတ္ေပးခဲ့သည္။

မဂၤလာဒံုတြင္ ဖမ္းဆီးထားေသာ ပုဂၢိဳလ္မ်ားအနက္ သမၼတမန္း၀င္းေမာင္၊ နုိင္ငံေတာ္၀န္ႀကီးခ်ဳပ္ ဦးႏု၊ တရား၀န္ႀကီးခ်ဳပ္ ဦးျမင့္သိန္း၊ သခင္တင္၊ စ၀္ခြန္ခ်ိဳ၊ ဦးရာ႐ွစ္ ႏွင့္ စ၀္၀ဏၰ တို႔ကို သီးျခားစီခြဲ၍ အေစာင့္အၾကပ္ ထူထပ္စြာ ခ်ထားခဲ့သည္။
က်န္ပုဂၢိဳလ္မ်ားကို ႏွစ္စုခြဲ၍ မဂၤလာဒံု ရန္ႀကီးေအာင္ ႐ုပ္႐ွင္႐ုံအနီး႐ွိ ေလ့က်င့္ေရးတပ္ ၁၉၈၈ ခုႏွစ္အထိ ဗဟိုႏုိင္ငံေရး တကၠသိုလ္အျဖစ္ အသံုးျပဳခဲ့သည့္ အေဆာက္အအံု ျဖစ္ၿပီး ယခုအခါ တပ္မေတာ္ ေဆး႐ုံႀကီး၏ တိုးခ်ဲ႕အေဆာက္အံု) တြင္ ထိန္းသိမ္းထားခဲ့သည္။

သို႔ေသာ္ ပထစအစိုးရအဖြဲ႕ေခါင္းေဆာင္ ၀န္ႀကီးခ်ဳပ္ ဦးႏုႏွင့္တကြ ထိန္းသိမ္း ထားသူမ်ားအား မဂၤလာဒံုတြင္ ထား႐ွိရာ၌ အေလာသံုးဆယ္ စီစဥ္ေဆာင္႐ြက္ခဲ့ရသျဖင့္ လံုၿခံဳေရးအတြက္ အလြန္အႏၱရာယ္႐ွိသည္ဟု တပ္မေတာ္အရာ႐ွိေဟာင္း စၾကာၾကည္ေဆြ ေရးသားခဲ့ေသာ စာတမ္း (လက္ႏွိပ္စက္မူ) ၌ ေဖာ္ျပထားသည္။
အေၾကာင္းမွာ ဖမ္းဆီးခံရေသာ ႏုိင္ငံသားအမ်ားစုသည္ လြတ္လပ္ေရး ႀကိဳးပမ္းမႈ အေတြ႕အႀကံဳမ်ား ႐ွိၾကျခင္း၊ နယ္ခ်ဲ႕ကိုလိုနီမ်ား၏ အခ်ဳပ္ေထာင္မွ ထြက္ေျပးလြတ္ေျမာက္ခဲ့ဖူး သူမ်ား႐ွိခဲ့ၾကျခင္း မ်ားေၾကာင့္ ျဖစ္သည္။
ထိုစဥ္က ေထာက္လွမ္းေရးညႊန္ၾကားေရးမွဴး တာ၀န္ယူထားေသာ ဗိုလ္မွဴးတင္္ဦး (ေနာင္တပ္မေတာ္ ေထာက္လွမ္းေရးညႊန္ၾကားေရး မွဴးခ်ဳပ္ ဗိုလ္မွဴးခ်ဳပ္တင္ဦး) သည္ လံုၿခံဳေရး သေဘာတရားကို နားလည္ထားေသာေၾကာင့္ အထူး ဦးေႏွာက္ေျခာက္စရာ ျဖစ္ခဲ့ရသည္။

ရန္ကုန္နယ္နိမိတ္အတြင္း႐ွိ ေသနတ္ကိုင္တပ္ရင္း (၄) ႏွင့္တကြ အျခားေသနတ္ကိုင္တပ္ရင္းမ်ားမွ ရသမွ်အင္အားကို ရယူျခင္း၊ လက္နက္ႀကီးမ်ားမွ စ၍ လက္နက္ခဲယမ္း မီးေက်ာက္မ်ား ျဖည့္ဆည္းျခင္း၊ သံခ်ပ္ကာကားတပ္မွ ဘရင္းကရီယာကားမ်ား တြဲဖက္ထား႐ွိျခင္း စသည္မ်ားကို ျပဳလုပ္ခဲ့သည္။
တပ္တြင္းလံုၿခံဳေရးႏွင့္တကြ တပ္ျပင္တစ္၀ိုက္ လံုၿခံဳေရးအတြက္ပါ အထူးစီစဥ္ေဆာင္႐ြက္ခဲ့ၾကသည္။
ထိန္းသိမ္းထားသူမ်ားအား အျခားႏိုင္ငံတစ္ခုခုမွ စစ္သေဘၤာျဖင့္ ပင္လယ္၀အထိ လာေရာက္ၿပီး ႐ုတ္တရက္ “ဟယ္လီဘြန္း” စစ္ဆင္ေရးမ်ိဳး ျပဳလုပ္ၿပီး ကယ္တင္ရန္ ႀကိဳးစားမႈမ်ား႐ွိႏုိင္ေသာေၾကာင့္ အေရးေပၚတန္ျပန္တိုက္ခိုက္ရန္မ်ားကိုပါ စစ္ေထာက္လွမ္းေရး မွဴး႐ုံးမွ ေလ့က်င့္ ျပင္ဆင္ထားခဲ့သည္။

လံုၿခံဳေရးကို အတြင္းစည္းလံုၿခံဳေရး၊ အျပင္စည္းလံုၿခံဳေရးအျဖစ္ ခြဲျခားၿပီးေဆာင္႐ြက္ေစခဲ့သည္။
ထိုသို႔ ေဆာင္႐ြက္ရာတြင္ အတြင္းအျပင္အားလံုး၌ အင့္ကာဘာေခၚ ေထာက္လွမ္းေရးစနစ္ အရ ေထာက္လွမ္းေရး အမႈထမ္းမ်ားပစၥည္း ကိရိယာမ်ား သံုးလ်က္ လည္းေကာင္း၊ လက္နက္ကိုင္ တပ္ဖြဲ႕မ်ားကို တည္ၿငိမ္ကင္းမ်ား၊ လႈပ္႐ွားကင္းမ်ား အျဖစ္ ထား႐ွိ၍ လည္းေကာင္း၊ အေသးစိတ္ေဆာင္႐ြက္ ခဲ့ပါသည္။ ဤသို႔လုံၿခံဳေရးစနစ္ကို တိက်စြာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏုိင္ခဲ့ျခင္းေၾကာင့္ ဗိုလ္မွဴးတင္ဦးသည္ ေနာင္တြင္ အထြတ္အထိပ္ ရာထူးႀကီးမ်ားရ႐ွိကာ သမၼတဦးေန၀င္း၏ စစ္ဘက္ လက္ေထာက္အျဖစ္ ခန္႔ထားျခင္း ခံရသည္ဟု ၎၏စာတမ္း၌ ေဖာ္ျပထားပါသည္။

● ေတာ္လွန္ေရးေကာင္စီ၏ ေၾကညာခ်က္
စစ္တပ္မွ ၁၉၆၂ ခုႏွစ္ မတ္လ ၂ ရက္ေန႔တြင္ အာဏာသိမ္းပိုက္ခဲ့ၿပီးေနာက္ ယင္းသို႔အာဏာသိမ္းရာတြင္ မေတာ္တဆ ထိခိုက္ေသဆံုးမႈ တစ္ခုမွအပ ေခ်ာေမာေအာင္ျမင္စြာ ေဆာင္႐ြက္ႏုိင္ခဲ့သည္။
မတ္လ ၂ ရက္ နံနက္ ၀၇း၁၅ နာရီခန္႔တြင္ လံုၿခံဳေရးႏွင့္ စစ္ဆင္ေရး တာ၀န္ယူရေသာ တာ၀န္ခံအားလံုးက ညႊန္ၾကားခ်က္အတုိင္း ေခ်ာေမာေအာင္ျမင္စြာ အာဏာသိမ္းၿပီးေၾကာင္း ကာကြယ္ေရးဦးစီး ခ်ဳပ္႐ုံးတြင္ အစီရင္ခံျခင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးေန၀င္းအိမ္သို႔ သြားေရာက္အစီအရင္ခံျခင္းကိစၥမ်ား ျပဳလုပ္ၾကသည္။

ထို႔ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္က တုိင္းျပည္သို႔ စစ္တပ္က အာဏာသိမ္းလုိက္သည့္အေၾကာင္း ေၾကညာရန္ကိစၥ၊ ႏိုင္ငံျခားေရး၀ါဒ ထုတ္ျပန္ရန္ကိစၥ၊ ေတာ္လွန္ေရး ေကာင္စီႏွင့္ အစိုးရသစ္ဖြဲ႕စည္းရန္ကိစၥ၊ ျပည္နယ္မ်ားကိစၥ၊ ပါလီမန္ဖ်က္သိမ္းရန္ကိစၥ အ၀၀ကို ေဆြးေႏြးညႇိႏႈိင္း ဆုံးျဖတ္ရန္ မတ္လ ၂ ရက္ေန႔တြင္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး အစည္းအေ၀း ခန္းမသို႔ ေအာက္ပါပုဂၢိဳလ္မ်ားကို ပထမဆံုးအႀကိမ္ ေခၚယူခဲ့သည္။

(၁) ဗိုလ္မွဴးခ်ဳပ္ေအာင္ႀကီး ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)
(၂) ဗိုလ္မွဴးခ်ဳပ္သန္းေဖ ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)
(၃) ဗိုလ္မွဴးခ်ဳပ္ တီကလစ္ ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ)
(၄) ဗိုလ္မွဴးခ်ဳပ္ တင္ေဖ စစ္ေထာက္ခ်ဳပ္
(၅) ဗိုလ္မွဴးႀကီး သန္းစိန္ စစ္ဦးစီး ဗိုလ္မွဴးႀကီး
(၆) ဗိုလ္မွဴးႀကီး ေက်ာ္စိုး စစ္ရာထူးခန္႔အတြင္း၀န္
(၇) ဗိုလ္မွဴးႀကီး ေစာျမင့္ နယ္ျခားေဒသအုပ္ခ်ဳပ္ေရးမွဴးခ်ဳပ္
(၈) ဦးသီဟန္ စစ္ပစၥည္း၀ယ္ယူေရးညႊန္ၾကားေရး၀န္
(၉) ဒုတိယဗိုလ္မွဴးႀကီးဘနီ ဆက္သြယ္ေရးညႊန္ၾကားေရးမွဴး
အစည္းအေ၀းတြင္ တုိင္းျပည္သို႔ ေၾကညာခ်က္တစ္ရပ္ ထုတ္ျပန္ရန္ကိစၥ ေဆြးေႏြးရာ၌ ဗိုလ္မွဴးႀကီးသန္းစိန္ (စစ္ဦးစီး ဗိုလ္မွဴးႀကီး) ယူေဆာင္လာေသာ စာမူၾကမ္းကို ေဆြးေႏြးၾကရာ လိုရင္းသို႔ မေရာက္ေသးဟု ယူဆသျဖင့္ ဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္ႀကီးေန၀င္းက ပယ္ခ်ခဲ့သည္။

ထိုသို႔ အာဏာသိမ္းပိုက္ၿပီးေနာက္ ျပည္တြင္းျပည္ပသို႔ ထုတ္ျပန္ရန္ အခ်က္အလက္ ႐ွာမရ၍ အႀကံအိုက္ ေနစဥ္အတြင္း ဗိုလ္မွဴးခ်ဳပ္ ေအာင္ႀကီးက ဖက္ဒရယ္မူေၾကာင့္ ျပည္ေထာင္စုႀကီး ၿပိဳကြဲရေတာ့မည့္ အႏၱရာယ ္႐ွိလာမည့္အတြက္ အာဏာသိမ္းပိုက္ လိုက္ရ ေၾကာင္း ျပန္လည္ေရးသား၍ တင္ျပခဲ့ရာ ယင္းကို ဗို္လ္ခ်ဳပ္ႀကီးေန၀င္းက ဖတ္ၾကည့္ကာ သေဘာက်၍ “ေအးေကာင္းတယ္၊ အဲဒီအတုိင္း အသံလႊင့္ေၾကညာမယ္” ဟု ဆိုေသာေၾကာင့္ ခ်က္ခ်င္း အသံသြင္းခဲ့ၾကသည္။
ကာကြယ္ေရးဦးစီးခ်ဳပ္ကိုယ္တုိင္ တုိင္းျပည္သို႔ ေၾကညာခ်က္ထုတ္ျပန္မည့္အေၾကာင္းကိုလည္း တုိင္းျပည္သို႔ ႀကိဳတင္အသိေပးလုိက္သည္။

ဤသို႔ျဖင့္ ၁၉၆၂ ခုႏွစ္ မတ္လ ၂ ရက္ေန႔ နံနက္ ၈ နာရီ ၂၅ မိနစ္ အခ်ိန္တြင္ ကရင္ပိုင္းအစီအစဥ္ထုတ္လႊင့္ေနစဥ္ ႐ုတ္တရက္ ရပ္၍ ဗိုလ္ခ်ဳပ္ႀကီးေန၀င္းကိုယ္တုိင္ အသံလႊင့္႐ုံမွတဆင့္ တုိင္းျပည္သို႔ -
--“ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္၏ အထူးယိုယြင္းလာေသာ အေျခအေနဆိုးကို ထိန္းသိမ္းေစေသာငွာ ဗမာ့တပ္မေတာ္မွ တာ၀န္ယူ ေစာင့္ေ႐ွာက္လုိက္ၿပီျဖစ္ေၾကာင္း။
--အရပ္ရပ္႐ွိ တုိင္းသူျပည္သား ရဟန္း၊ ႐ွင္၊ လူ အမ်ားသည္ ေၾကာင့္ၾကစိုးရိမ္ပူပန္ျခင္း မျဖစ္ၾကဘဲ ခါတိုင္း သာမန္အခ်ိန္ကဲ့သို႔ စိတ္လက္ ေအးခ်မ္းစြာ မိမိတို႔ လုပ္ငန္းေဆာင္တာမ်ားကို ဆက္လက္လုပ္ကိုင္ေဆာင္႐ြက္ရန္ တုိက္တြန္းပါေၾကာင္း။
-- အစိုးရအမႈထမ္း အရာထမ္းမ်ားသည္လည္း မိမိတို႔တာ၀န္ ၀တၱရားမ်ားကို မပ်က္မကြက္ ဆက္လက္ေဆာင္႐ြက္ၾကေစလိုေၾကာင္း။
--အထူးသျဖင့္ ပညာေရးဆုိင္ရာ တာ၀န္ခံမ်ားႏွင့္ ေက်ာင္းသူေက်ာင္းသားမ်ားသည္ မိမိတို႔ စစ္ေဆးေျဖဆိုေနဆဲ ကိစၥမ်ားကို မပ်က္မကြက္ ဆက္လက္ ေဆာင္႐ြက္သြားရန္ တုိက္တြန္းပါေၾကာင္း” ထုတ္ျပန္ေၾကညာခဲ့သည္။

ထိုေန႔ နံနက္ပိုင္းမွာပင္ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ ေတာ္လွန္ေရးေကာင္စီကို ေအာက္ပါအတုိင္း ဖြဲ႕စည္းလုိက္သည္-
၁။ ဗိုလ္ခ်ဳပ္ႀကီးေန၀င္း (ကာကြယ္ေရးဦးစီးခ်ဳပ္) – ေတာ္လွန္ေရးေကာင္စီဥကၠ႒
၂။ ဗိုလ္မွဴးခ်ဳပ္ေအာင္ႀကီး (ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္-ၾကည္း) – အဖြဲ႕၀င္
၃။ ဗိုလ္မွဴးခ်ဳပ္သန္းေဖ (ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္-ေရ) – အဖြဲ႕၀င္
၄။ ဗိုလ္မွဴးခ်ဳပ္ တီကလစ္ (ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္-ေလ) – အဖြဲ႕၀င္
၅။ ဗိုလ္မွဴးခ်ဳပ္ တင္ေဖ (စစ္ေထာက္ခ်ဳပ္) - အဖြဲ႕၀င္
၆။ ဗိုလ္မွဴးခ်ဳပ္စန္းယု (တုိင္းမွဴး၊ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္) – အဖြဲ႕၀င္
၇။ ဗိုလ္မွဴးခ်ဳပ္စိန္၀င္း (တိုင္းမွဴး၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္) – အဖြဲ႕၀င္
၈။ ဗိုလ္မွဴးႀကီးေသာင္းၾကည္ (တုိင္းမွဴး၊ အေ႐ွ႕ေတာင္တုိင္းစစ္ဌာနခ်ဳပ္) – အဖြဲ႕၀င္
၉။ ဗိုလ္မွဴးႀကီးၾကည္ေမာင္ (တုိင္းမွဴး၊ အေနာက္ေတာင္တုိင္းစစ္ဌာနခ်ဳပ္) – အဖြဲ႕၀င္
၁၀။ ဗိုလ္မွဴးႀကီး ေမာင္ေ႐ႊ (တုိင္းမွဴး၊ အေ႐ွ႕ပိုင္းတုိင္းစစ္ဌာနခ်ဳပ္) – အဖြဲ႕၀င္
၁၁။ ဗိုလ္မွဴးႀကီး သန္းစိန္ (စစ္ဦးစီးဗိုလ္မွဴးႀကီး) – အဖြဲ႕၀င္
၁၂။ ဗိုလ္မွဴးႀကီး ေက်ာ္စိုး (စစ္ရာထူးခန္႔အတြင္း၀န္) – အဖြဲ႕၀င္
၁၃။ ဗိုလ္မွဴးႀကီး ေစာျမင့္ (နယ္ျခားေဒသအုပ္ခ်ဳပ္ေရးမွဴးခ်ဳပ္) – အဖြဲ႕၀င္
၁၄။ ဗိုလ္မွဴးခ်ဳပ္ ခ်စ္ၿမိဳင္ (တြဲဖက္စစ္ေထာက္ခ်ဳပ္) – အဖြဲ႕၀င္
၁၅။ ဗိုလ္မွဴးႀကီး ခင္ညိဳ (ေလ့က်င့္ေရးညႊန္ၾကားေရးမွဴး) – အဖြဲ႕၀င္
၁၆။ ဗိုလ္မွဴးႀကီး လွဟန္ (ေဆး၀န္ထမ္းညႊန္ၾကားေရးမွဴး) – အဖြဲ႕၀င္
၁၇။ ဗိုလ္မွဴးႀကီး တန္ယုဆိုင္ (ဒုတိယရဲတပ္ခ်ဳပ္၊ ျပည္ေစာင့္ရဲတပ္ဌာနခ်ဳပ္) – အဖြဲ႕၀င္တို႔ ျဖစ္ၾကသည္။

တဆက္တည္း ထိုေန႔မွာပင္ ေတာ္လွန္ေရးေကာင္စီသည္ အုပ္ခ်ဳပ္ေရးအစိုးရအဖြဲ႕ကို ဖြဲ႕စည္းလုိက္ေၾကာင္း ေၾကညာခဲ့သည္။ အစိုးရအဖြဲ႕တြင္ - ၁။ ဗိုလ္ခ်ဳပ္ႀကီး ေန၀င္း – ေတာ္လွန္ေရးေကာင္စီဥကၠ႒၊ ကာကြယ္ေရး၀န္ႀကီးဌာန၊ ဘ႑ာေရးႏွင့္အခြန္ေတာ္၀န္ႀကီးဌာန။ ၂။ ဗိုလ္မွဴးခ်ဳပ္ ေအာင္ႀကီး – ကုန္သြယ္မႈႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန၊ စက္မႈလက္မႈ၀န္ႀကီးဌာန။ ၃။ ဗိုလ္မွဴးခ်ဳပ္ တင္ေဖ – လယ္ယာစိုက္ပ်ိဳးေရးႏွင့္ သစ္ေတာေရးရာ၀န္ႀကီးဌာန၊ သမ၀ါယမ ႏွင့္ ကုန္စည္ျဖန္႔ျဖဴးေရး၀န္ႀကီးဌာန။
၄။ ဗိုလ္မွဴးခ်ဳပ္ သန္းေဖ – ပညာေရး၀န္ႀကီးဌာန၊ က်န္းမာေရး၀န္ႀကီးဌာန။
၅။ ဦးသီဟန္ – ႏိုင္ငံျခားေရး၀န္ႀကီးဌာန၊ အလုပ္သမား၀န္ႀကီးဌာန၊ အိမ္ရာေဆာက္လုပ္ေရး၀န္ႀကီးဌာန၊သတၱဳတြင္း၀န္ႀကီးဌာန။
၆။ ဗိုလ္မွဴးႀကီး ေက်ာ္စိုး – ျပည္ထဲေရး၀န္ႀကီးဌာန၊ လူ၀င္မႈႀကီးၾကပ္ေရး၀န္ႀကီးဌာန။
၇။ ဗိုလ္မွဴးႀကီး ေစာျမင့္ – ျပန္ၾကားေရး၀န္ႀကီးဌာန၊ ယဥ္ေက်းမႈ၀န္ႀကီးဌာန။
၈။ ဒုတိယဗိုလ္မွဴးႀကီး ဘနီ – လမ္းပန္းဆက္သြယ္ေရး၀န္ႀကီးဌာန။ တို႔ ပါ၀င္သည္။

ေၾကညာခ်က္တြင္ ေဖာ္ျပမထားေသာ ၀န္ႀကီးဌာနမ်ားႏွင့္ ပတ္သက္၍ မည္သည့္၀န္ႀကီးဌာနက ပူးေပါင္းတာ၀န္ယူ ေဆာင္႐ြက္သြားမည္ကို ဆက္လက္ေၾကညာမည္ဟုလည္း ဆိုသည္။ ေတာ္လွန္ေရးေကာင္စီ၏ တာ၀န္ေပးခ်က္အရ ၀န္ႀကီးဌာနမ်ားကို တာ၀န္ယူၾကသည္။ ပုဂၢိဳလ္မ်ားသည္ ေၾကညာခ်က္ထုတ္ျပန္သည့္ ၁၉၆၂ ခုႏွစ္ မတ္လ ၂ ရက္ေန႔ မြန္းလြဲပိုင္းအခ်ိန္တြင္ သက္ဆိုင္ရာ ၀န္ႀကီးဌာနအသီးသီးသို႔ သြားေရာက္လက္ခံတာ၀န္ယူေဆာင္႐ြက္ၾကရမည္ဟုလည္း ဆိုသည္။

၁၉၆၂ ခုႏွစ္ မတ္လ ၅ ရက္ေန႔တြင္ ေတာ္လွန္ေရးေကာင္စီသည္ ေၾကညာထားသည့္အတုိင္း က်န္႐ွိေနေသးေသာ ၀န္ႀကီးဌာနမ်ားကို ထပ္မံတာ၀န္ခြဲေ၀သတ္မွတ္ေပးခဲ့သည္။ မူလတာ၀န္တြင္ ထပ္မံတာ၀န္ေပးခဲ့ေသာ ၀န္ႀကီးဌာနမ်ားမွာ-
ဗိုလ္ခ်ဳပ္ႀကီး ေန၀င္း – ၀န္ႀကီးခ်ဳပ္႐ုံး၊ အမ်ိဳးသားစီမံကိန္း၀န္ႀကီးဌာန
ဗိုလ္မွဴးခ်ဳပ္ ေအာင္ႀကီး – ပစၥည္းေထာက္ပံ့ေရး၀န္ႀကီးဌာန
ဗိုလ္မွဴးခ်ဳပ္ တင္ေဖ – လယ္ယာေျမႏိုင္ငံပိုင္ ျပဳလုပ္ေရး၀န္ႀကီးဌာန
ဦးသီဟန္ - ျပည္သူ႔လုပ္ငန္းဌာနႏွင့္ျပန္လည္ထူေထာင္ေရးဌာနမ်ားကို အိမ္ရာေဆာက္လုပ္ေရး ၀န္ႀကီးဌာနႏွင့္ ပူးေပါင္းအုပ္ခ်ဳပ္သြားရန္
ဗိုလ္မွဴးႀကီး ေက်ာ္စိုး -
(က) ဒီမိုကေရစီေဒသႏၱရအုပ္ခ်ဳပ္ေရးႏွင့္ ေဒသႏၱရအဖြဲ႕မ်ား၀န္ႀကီးဌာန
(ခ) သာသနာေရးႏွင့္ လူမႈ၀န္ထမ္း၀န္ႀကီးဌာနမွ သာသနာေရးဌာနမ်ားကို အုပ္ခ်ဳပ္ေဆာင္႐ြက္သြားရန္
(ဂ) အမ်ိဳးသားမွတ္ပံုတင္ေရးဌာနကို လူ၀င္မႈႀကီးၾကပ္ေရး၀န္ႀကီးဌာနႏွင့္ ပူးေပါင္းအုပ္ခ်ဳပ္သြားရန္
ဗိုလ္မွဴးႀကီး ေစာျမင့္ -
(က) ကယ္ဆယ္ေရး၊ ျပန္လည္ေနရာခ်ထားေရးႏွင့္ အမ်ိဳးသားစည္းလံုးညီညြတ္ေရး၀န္ႀကီးဌာန
(ခ) လူမႈ၀န္ထမ္းႏွင့္သာသနာေရး၀န္ႀကီးဌာနမွ လူမႈ၀န္ထမ္းဌာနမ်ားကို အုပ္ခ်ဳပ္သြားရန္
ဒုတိယဗိုလ္မွဴးႀကီး ဘနီ – သယ္ယူပို႔ေဆာင္ေရးဌာနမ်ားကို လမ္းပန္းဆက္သြယ္ေရး၀န္ႀကီးဌာနႏွင့္ ပူးေပါင္းအုပ္ခ်ဳပ္သြားရန္ တို႔ ျဖစ္သည္။
Credit >> photo - AFPAP & Author - Than Win Hlaing
...........................
Kyaw Gyi Eden
December 18, 2013 ·
၁၉၆၂ ခုနှစ် မတ်လ ၂ရက်နေ ့တော်လှန်ရေးကောင်စီ အာဏာသိမ်းခြင်းမှတ်တမ်း

-၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်မူ အာဏာသိမ်းရန် စစ်ဆင်ရေးကို ဆင်နွှဲကြရမည်။ တာဝန်ခံတပ်မှူးများသည် စစ်ဆင်ရေးဆင်နွှဲရန် အမိန့်ရရှိသဖြင့် မိမိတို့၏ တပ်များကို အသင့်ပြင်ဆင်ထားခဲ့သည်။
ထိုညတွင်ပင် စစ်ဆင်ရေးအတွက် အားလုံးအဆင်သင့်ဖြစ်လျှင် ဆင်နွှဲရန် အထက်အကြီးအကဲထံမှ နှုတ်မိန့်ထွက်လာသည်။ ထိုအခါ စစ်ဆင်ရေးတာဝန်ခံတပ်မှူးများသည် အချင်းချင်းတိုင်ပင်ဆွေးနွေးကြပြီး စစ်ဆင်ရေးဆင်နွှဲရမည့်နေ့ကို မတ်လ ၂ ရက်နေ့ ဟုလည်းကောင်း၊ စတင်မည့်အချိန်ကို မတ်လ ၁ရက်နေ့ည ၁၂ နာရီတိတိဟု လည်းကောင်း သတ်မှတ်ခဲ့ကြသည်။
ဤအစီအစဉ်ကို တပ်မတော်ထောက်လှမ်းရေးညွှန်ကြားမှူးဗိုလ်မှူးတင်ဦးနှင့် အချက်ပြ ဆက်သွယ်ရေးတပ်မှူးညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီး ဘနီတို့လည်း သိရှိခဲ့ကြသည်။
သို့သော် ထိုစစ်ဆင်ရေးအစီအစဉ်ကို သိပြီးဖြစ်သော တပ်မတော် တပ်မှူးများသည် အခြားအရာရှိများ၊ မိမိတို့ လက်အောက်အရာရှိများနှင့် စစ်သည်များကို ပြောကြားခြင်းမပြုခဲ့ချေ။ စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲရန်သာ တပ်လှန့်ထားခဲ့သည်။

● အာဏာသိမ်းစစ်ဆင်ရေး
၁၉၆၂ ခုနှစ် မတ်လ ၁ ရက်နေ့ ည ၁၁နာရီခန့်တွင် ရန်ကုန်မြို့တွင်းသို့ ချီတက်ရမည့် တပ်ဖွဲ့များကို စစ်ဆင်ရေးတာဝန်ခံများက စစ်ဆင်ရေးအကြောင်း ရှင်းလင်းပြောကြားပြီး အသင့်ပြင်စေသည်။ ထို့နောက် လက်အောက်အရာရှိများအား တာဝန်အသီးသီး ခွဲဝေပေးအပ်ပြီး ည ၁၂ နာရီတွင် ရန်ကုန်မြို့တွင်းသို့ စစ်ချီခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် မင်္ဂလာဒုံလေယာဉ်ကွင်းရှိ ဆက်သွယ်ရေးစခန်း၊ အသံလွှင့်ရုံ၊ ကြေးနန်းဌာန၊ ပါလီမန်အဆောက်အအုံ၊ ရဲမင်းကြီးရုံး စစ်ရဲတပ်၊ ပြည်ထောင်စုဘဏ်၊ ဘူတာရုံ၊ ဆိပ်ကမ်း၊ ရဲဌာနများ၊ ၀န်ကြီးများနေထိုင်သော ၀င်ဒါမီယာ၊ ၀င်ဒါမီယာကုတ် (ယခု ရွှေလီလမ်း) ရှိ ရှမ်းဂေဟာ၊ ရွှေတောင်ကြားလမ်း၊ ပြည်ထောင်စုလမ်းသွယ်ရှိ ၀န်ကြီးချုပ်နေအိမ်၊ ကုက္ကိုင်းလမ်းနှင့် ဂွတ္တလစ်လမ်း (ယခု ဆရာစံလမ်း) ထောင့်ရှိ စဝ်ရွှေသိုက်နေအိမ်၊ ကမ္ဘာအေးဘုရားလမ်းရှိ တရားဝန်ကြီးချုပ် ဦးမြင့်သိန်းနေအိမ်၊ ဖရေဇာလမ်း (ယခုဒဂုံ မြို့နယ်ရှိ တော်ဝင်လမ်း) ရှိ ကယားဂေဟာ တို့ကို သွားဝိုင်းရံထားလိုက်ကြသည်။ နံနက် ၂ နာရီခန့်တွင် တပ်မတော်တပ်ဖွဲ့များသည် ဂွတ္တလစ်လမ်း ပြည်ထောင်စုလမ်းသွယ် အမှတ် ( ) တွင် နေထိုင်သော ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီးဒေါက်တာဦးဧမောင် နှင့် ပြည်လမ်း ခုနစ်မိုင်ခွဲတွင် နေထိုင်သော မိုးနဲစော်ဘွား စဝ်ပြည့်၊ မိုင်းနောင် စော်ဘွား စဝ်အုန်းမောင်တို့ကို ဖမ်းဆီးခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကို စစ်ထောက်လှမ်းရေးမှ ဖမ်းဆီးပြီးနောက် ကားပေါ်သို့ တင်အပြီး၌ စကားဝှက်ဖြင့် “လောက်ကောင်” မိပြီဟု ဌာနချုပ်သို့ သတင်းပို့ခဲ့သည်။ နောင်တွင် ဦးနု၏ သမီးကြီးဖြစ်သူ ဒေါ်စန်းစန်းနုက ကျွန်မကြားတာက “ဇာတ်ကောင်” ပါပဲ။

ဖေဖေနားကြားလွဲသွားတယ်နဲ့ တူပါတယ် ဟူ၍ ပြောပြခဲ့ဖူးသည်။ သို့သော် ရန်ကုန်ဘဆွေ၏ ပြည်သူ့အရေးတော်ပုံသမိုင်း (လက်နှိပ်စက်စာမူ) ၌ ဦးနုအားဖမ်းစဉ်က စာကားဝှက် “လောက်ကောင်” ဟုသာ သုံးနှုန်းထားကြောင်း တွေ့ရှိရ၍ ၀န်ကြီးချုပ် ဦးနုကြားသည့်အတိုင်း “လောက်ကောင်” သည်သာ အမှန်ဖြစ်ပါကြောင်း သိရှိရသည်။ ယင်းစာမူ၌ အခြားဝန်ကြီးများ၏ နာမည်ကိုလည်း စကားဝှက်ဖြင့် “ဖာသယ်”၊ “မိန်းမရွှင်” “ဆိတ်လစေ့” “နှစ်ဖက်ချွန်” ဟူ၍ သုံးနှုန်းထားရာ ရန်ကုန်ဘဆွေနှင့် အာဏာသိမ်း ခေါင်းဆောင်ဗိုလ်ချုပ်ကြီးနေဝင်းတို့ ဆက်နွှယ်ပတ်သက်နေမည်လားဟု တွေးထင်စရာပင်ဖြစ်သည်။

ထို့နောက် နံနက် ၃ နာရီခန့်တွင် အခြားဝန်ကြီးများဖြစ်ကြသော ဦးရာရှစ်၊ သခင်တင်၊ သခင်တင်မောင်၊ ဦးသွင်၊ ဦးဘစော၊ ဒေါက်တာစောလှထွန်း၊ စဝ်ခွန်ချို၊ စဝ်ဝဏ္ဏ၊ နိုင်အောင်ထွန်း၊ ဦးဘမြိုင်၊ ပါလီမန်အတွင်းဝန် ကယားဦးစိန်တို့ကိုလည်းကောင်း၊ အင်းလျားလမ်း နေအိမ်သစ်တွင် နေထိုင်သော သမ္မတ မန်းဝင်းမောင်တို့ကိုလည်းကောင်း၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်းကိုလည်းကောင်း၊ ကယားဂေဟာတွင် တည်းခိုနေသော ဦးကြာပု၊ ဦးစိုးမောင်၊ ဦးလွန်း၊ ဦးချစ်ဦး၊ ဦးထွန်းမြင့် (တောင်ကြီး) တို့ကိုလည်းကောင်း၊ ရှမ်းစော်ဘွားများနှင့် ရှမ်းပြည်နယ်မှ အမတ်များကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစု လွွှတ်တော်ဥက္ကဌများကိုလည်းကောင်း ဖမ်းဆီးခဲ့သည်။

အစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်တို့ကို ဖမ်းဆီးရာတွင် တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရှင်းပြ၍ ၎င်းတို့အိမ်တွင် ထားရှိသော လက်နက်များကိုလညး် အပ်နှံစေခဲ့သည်။
တရားဝန်ကြီးချုပ် ဦးမြင့်သိန်းကို ဖမ်းဆီးစဉ်က ဖမ်းဝရမ်းတောင်းသဖြင့် ဖမ်းဆီးသည့် တပ်မတော်အရာရှိလည်း တွေဝေသွားပြီး တပ်ဖွဲ့များကို အုပ်ချုပ်၍ လိုက်ပါလာခဲ့သော တပ်မှူးထံ သတင်းပို့ခဲ့သည်။
တပ်မှူး လည်း ဦးမြင့့်သိန်း၏ အိမ်သို့ လိုက်သွားပြီး တပ်မတော်က အာဏာသိမ်းခြင်းဖြစ်ကြောင်း ပြောကြား၍ ဖမ်းဆီးခဲ့ရသည်ဟု ဆိုသည်။

၀န်ကြီးများ၏ နေအိမ်တွင် လုံခြုံရေးတာဝန်ယူနေကြရသော ရဲအဖွဲ့ဝင်များအား စစ်တပ်တပ်ဖွဲ့ဝင်များရောက်ရှိလာလျှင် ခုခံပစ်ခတ်ခြင်း မပြုရန် ကြိုတင်ညွှန်ကြားထားသောကြောင့် ၀န်ကြီးများကို ဖမ်းဆီးရာတွင် အဆင်ပြေလွယ်ကူစေခဲ့သည်။
သို့သော် ရန်ကုန်မြို့ ကုက္ကိုင်းလမ်းနှင့် ဂွတ္တလစ်လမ်း (ယခု ဆရာစံလမ်း) ထောင့်ရှိ စဝ်ရွှေသိုက်နေအိမ်သို့ ရောက်ရှိစဉ်က လုံခြံုရေးအစောင့်များအား ရှမ်းဘာသာဖြင့် ခုခံခြင်းမပြုရန် အော်၍ ပြောသေးသည်။
သို့သော် အစောင့်များက ပစ်ခတ်သဖြင့် စစ်တပ်မှလည်း ပြန်လည်ပစ်ခတ်ရာတွင် စဝ်ရွှေသိုက်၏သားငယ် အသက် (၁၇) နှစ် အရွယ်ရှိ စဝ်မီမီသိုက် ခေါ် စဝ်စေးဟုမ်ဖ မှာ ဦးခေါင်းနှင့် ခြေထောက်တွင် ကျည်ဆံထိမှန်၍ သေဆုံးသွားခဲ့ရသည်။

စဝ်မီမီသိုက် သေဆုံးမှုနှင့်ပတ်သက်၍ စဝ်မီမီသိုက်၏ အစ်ကို (ယူဂျင်းသိုက် (Eugene Thaike) က ရန်ကင်းရဲဌာနတွင် အမှုဖွင့် တုင်ကြားခဲံသည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင် အမျိုးအမည်မသိသော ယူနီဖောင်းဝတ်ထားသူများက အိမ်အတွင်းသို့ ၀င်ရောက်လာက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် မိမိ၏ညီ စဝ်မီမီသိုက်ကို ထိမှန်သေဆုံးသွားကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ရန်ကင်းရဲဌာနမှ လူသတ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင့်ပေးခဲ့သည်။ တပ်မတော်ကမူ စဝ်မီမီသိုက်သေခဲ့ရခြင်းအတွက် စာနာထောက်ထားမှုရှိကြောင်းပြသပြီး တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းကလည်း စဝ်မီမီသိုက် ကွယ်လွန်အနိစ္စရောက်ခြင်းကို တော်လှန်ရေးကောင်စီဝင် များက အထူးဝမ်းနည်းကြေကွဲမိကြောင်း ဖော်ပြထားသည့် သဝဏ်လွှာကို ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်နှင့် မဟာဒေဝီတို့ထံ ပေးပို့ခဲ့သည်။
ထိုစဉ်က မဟာဒေဝီ စဝ်ဟိန်ခမ်းမှာ အင်္ဂလန်သို့ ရောက်နေသဖြင့် ဗိုလ်မှူးကြီးစောမြင့်သည် ၀မ်းနည်းသဝဏ်လွှာကို စဝ်ရွှေသိုက်၏သားအကြီးဆုံးဖြစ်သူ စဝ်ဆိုင်အုံ၏ လက်သို့ ပေးအပ်ခဲ့ရသည်။ ၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ကျင်းပသည့် ဈာပန အခမ်းအနားသို့လည်း တော်လှန်ရေးကောင်စီက လွမ်းသူ့ပန်းခွေပေးပို့ခဲ့သည်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက်တွင် တော်လှန်ရေးကောင်စီက ဖမ်းဆီးခဲ့သော ပုဂ္ဂိုလ်တို့မှာ သမ္မတ မန်းဝင်းမောင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ ၀န်ကြီးများဖြစ်ကြသော သခင်တင်၊ ဒေါက်တာ ဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင်၊ စဝ်ခွန်ချို၊ စဝ်ဝဏ္ဏ၊ ဒေါက်တာ စောလှထွန်း၊ ဦးဇာရဲလျန်၊ ဦးဘမြိုင်၊ နိုင််အောင်ထွန်း၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ မန်းဘဆိုင်၊ လူမျိုးစု လွှတ်တော်ဥက္ကဋ္ဌ စဝ်ခွန်ကြည်၊ ညောင်ရွှေစော်ဘွားသမ္မတဟောင်း စဝ်ရွှေသိုက်၊ မိုးနဲစော်ဘွား စဝ်ပြည့်၊ လဲချားစော်ဘွား စဝ်နွံ၊ သာမိုင်းခမ်းစော်ဘွား စဝ်မန်လစ်၊ စဝ်ခွန်ထီး၊ စဝ်မန်ဖ (သိန္နီမြောက်ပိုင်း အမတ်)၊ စဝ်အောင်ဖူး (လွိုင်လင် အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင် တောင်ပိုင်းအမတ်)၊ ဦးရီရောင်း (ကျိုင်းတုံမြောက်ပိုင်းအမတ်)၊ ဦးခွန်နော် (ကျိုင်းတုံ အနောက်ပိုင်းအမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော်စိန် (သာမိုင်းခမ်းအမတ်)၊ ဦးလွန်း (စကားအမတ်)၊ ဦးအမ်ဇော်လ (ကွတ်ခိုင်အမတ်)၊ ဦးစိန် (ကယား)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦးကြာပု၊ ဦးမြတ်ဖူး၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ ဦးသန်းတင်၊ ဦးတင်အောင် တို့ ဖြစ်ကြသည်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက်တွင် အဖမ်းမခံရသော ပုဂ္ဂိုလ်နှစ်ဦးမှာ ငပလီသို့ ရောက်နေသော ဗိုလ်မှူးအောင်နှင့် သမ္မတ အဖြစ် ရွေးချယ်ရန် လျာထားပြီးဖြစ်သော ဆမားဒူးဝါဆင်ဝါးနောင် တို့ ဖြစ်ကြသည်။ ဆမားဒူဝါးဆင်ဝါးနောင် မှာ မြစ်ကြီးနားခရိုင်အတွင်းရှိ ၎င်း၏ဘိုးဘွား မိဘများအစဉ်အဆက် နေထိုင်ခဲ့သော ဆမားရွာသို့ ရောက်ရှိ နေသည်ဟု ဆိုသည်။

အဖမ်းခံရသူတို့တွင် ဒေါက်တာစောလှထွန်းနှင့် ဦးဇာရဲလျန်တို့မှအပ ကရင်ပြည်နယ်၊ ချင်းဝိသေသတိုင်းနှင့် ကချင်ပြည်နယ်တို့မှ အခြားပုဂ္ဂိုလ်များပါ၀င်ခြင်းမရှိပေ။ မတ်လ ၂ ရက်နေ့ နံနက်က အဖမ်းခံရသူပုဂ္ဂိုလ်များစွာကို ပထမတွင် ၀င်ဒါမီယာအနီးရှိ အသံလွှင့်ရုံသို့ ပို့ထားခဲ့သည်။
စစ်တပ် တပ်ဖွဲ့များသည် ဖမ်းဆီးလာခဲ့သူများကို အသံလွှင့်ရုံအတွင်းရှိ ယမန်နေ့ညက ဖက်ဒရယ်မူဆွေးနွေးပွဲကျင်းပခဲ့သော ခန်းမဆောင်ကြီးအတွင်းတွင် ထားရှိသည်။
နံနက် ၆ နာရီခန့်တွင်မူ ဖမ်းထားသော ပုဂ္ဂိုလ်များကို လော်ရီကားများပေါ်တင်၍ လက်နက်ကိုင် အစောင့်အကြပ်များ စီးနင်းသော ကားများလိုက်ပါလျက် မင်္ဂလာဒုံသို့ ပို့ခဲ့သည်။
ထိုနေ့နံနက်က ရာသီဥတုမှာ အုံ့မှိုင်း၍ မိုးတဖွဲဖွဲ ရွာလျက်ရှိသည်။ မင်္ဂလာဒုံသို့ သွားရာလမ်းတစ်လျှောက်တွင် တင့်ကားများနှင့် စစ်သားများစောင့်ကြပ်လျက် ရှိသည်။
ဖမ်းဆီးလာသော ပုဂ္ဂိုလ်တို့ကို မင်္ဂလာဒုံရှိ ရန်ကြီးအောင် တပ်မတော်ရုပ်ရှင်ရုံတွင် စုရုံးထားသည်။ စစ်သားများသည် ဖမ်းဆီးလာသော ပုဂ္ဂိုလ်တို့ကို လက်ဖက်ရည်၊ နံပြားတို့ဖြင့် ဧည့်ခံ ကျွေးမွေးသည် ဟူ၍ ကယားဦးစိန်ရေးသားခဲ့သော “အာဏာသိမ်းမှတ်တမ်း” (လက်ရေးမူ) ၌ ဖော်ပြထားသည်။

မကြာမီတွင်ပင် အဖမ်းခံရသူတို့အနက် မန်းဘဆိုင်၊ စဝ်ခွန်ကြည်၊ ဦးဘစော၊ ဒေါက်တာစောလှထွန်း၊ ဦးဇာရဲလျန်၊ ဦးဘမြိုင် နှင့် စဝ်မန်ဖ တို့ကို ရန်ကုန်မြို့သို့ ပြန်ခေါ်၍ စစ်ရုံးချုပ် (ယခုနိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်) အတွင်းရှိ ဒဂုံရိပ်သာတွင် ဗိုလ်ချုပ်ကြီး နေဝင်းက ခေတ္တတွေ့ဆုံကာ မှားယွင်းဖမ်းဆီး မိကြောင်း ပြောကြား၍ ပြန်လွှတ်ပေးခဲ့သည်။

မင်္ဂလာဒုံတွင် ဖမ်းဆီးထားသော ပုဂ္ဂိုလ်များအနက် သမ္မတမန်းဝင်းမောင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ သခင်တင်၊ စဝ်ခွန်ချို၊ ဦးရာရှစ် နှင့် စဝ်ဝဏ္ဏ တို့ကို သီးခြားစီခွဲ၍ အစောင့်အကြပ် ထူထပ်စွာ ချထားခဲ့သည်။
ကျန်ပုဂ္ဂိုလ်များကို နှစ်စုခွဲ၍ မင်္ဂလာဒုံ ရန်ကြီးအောင် ရုပ်ရှင်ရုံအနီးရှိ လေ့ကျင့်ရေးတပ် ၁၉၈၈ ခုနှစ်အထိ ဗဟိုနိုင်ငံရေး တက္ကသိုလ်အဖြစ် အသုံးပြုခဲ့သည့် အဆောက်အအုံ ဖြစ်ပြီး ယခုအခါ တပ်မတော် ဆေးရုံကြီး၏ တိုးချဲ့အဆောက်အုံ) တွင် ထိန်းသိမ်းထားခဲ့သည်။

သို့သော် ပထစအစိုးရအဖွဲ့ခေါင်းဆောင် ၀န်ကြီးချုပ် ဦးနုနှင့်တကွ ထိန်းသိမ်း ထားသူများအား မင်္ဂလာဒုံတွင် ထားရှိရာ၌ အလောသုံးဆယ် စီစဉ်ဆောင်ရွက်ခဲ့ရသဖြင့် လုံခြံုရေးအတွက် အလွန်အန္တရာယ်ရှိသည်ဟု တပ်မတော်အရာရှိဟောင်း စကြာကြည်ဆွေ ရေးသားခဲ့သော စာတမ်း (လက်နှိပ်စက်မူ) ၌ ဖော်ပြထားသည်။
အကြောင်းမှာ ဖမ်းဆီးခံရသော နိုင်ငံသားအများစုသည် လွတ်လပ်ရေး ကြိုးပမ်းမှု အတွေ့အကြံုများ ရှိကြခြင်း၊ နယ်ချဲ့ကိုလိုနီများ၏ အချုပ်ထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့ဖူး သူများရှိခဲ့ကြခြင်း များကြောင့် ဖြစ်သည်။
ထိုစဉ်က ထောက်လှမ်းရေးညွှန်ကြားရေးမှူး တာဝန်ယူထားသော ဗိုလ်မှူးတင််ဦး (နောင်တပ်မတော် ထောက်လှမ်းရေးညွှန်ကြားရေး မှူးချုပ် ဗိုလ်မှူးချုပ်တင်ဦး) သည် လုံခြံုရေး သဘောတရားကို နားလည်ထားသောကြောင့် အထူး ဦးနှောက်ခြောက်စရာ ဖြစ်ခဲ့ရသည်။

ရန်ကုန်နယ်နိမိတ်အတွင်းရှိ သေနတ်ကိုင်တပ်ရင်း (၄) နှင့်တကွ အခြားသေနတ်ကိုင်တပ်ရင်းများမှ ရသမျှအင်အားကို ရယူခြင်း၊ လက်နက်ကြီးများမှ စ၍ လက်နက်ခဲယမ်း မီးကျောက်များ ဖြည့်ဆည်းခြင်း၊ သံချပ်ကာကားတပ်မှ ဘရင်းကရီယာကားများ တွဲဖက်ထားရှိခြင်း စသည်များကို ပြုလုပ်ခဲ့သည်။
တပ်တွင်းလုံခြံုရေးနှင့်တကွ တပ်ပြင်တစ်ဝိုက် လုံခြံုရေးအတွက်ပါ အထူးစီစဉ်ဆောင်ရွက်ခဲ့ကြသည်။
ထိန်းသိမ်းထားသူများအား အခြားနိုင်ငံတစ်ခုခုမှ စစ်သင်္ဘောဖြင့် ပင်လယ်ဝအထိ လာရောက်ပြီး ရုတ်တရက် “ဟယ်လီဘွန်း” စစ်ဆင်ရေးမျိုး ပြုလုပ်ပြီး ကယ်တင်ရန် ကြိုးစားမှုများရှိနိုင်သောကြောင့် အရေးပေါ်တန်ပြန်တိုက်ခိုက်ရန်များကိုပါ စစ်ထောက်လှမ်းရေး မှူးရုံးမှ လေ့ကျင့် ပြင်ဆင်ထားခဲ့သည်။

လုံခြံုရေးကို အတွင်းစည်းလုံခြံုရေး၊ အပြင်စည်းလုံခြံုရေးအဖြစ် ခွဲခြားပြီးဆောင်ရွက်စေခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အတွင်းအပြင်အားလုံး၌ အင့်ကာဘာခေါ် ထောက်လှမ်းရေးစနစ် အရ ထောက်လှမ်းရေး အမှုထမ်းများပစ္စည်း ကိရိယာများ သုံးလျက် လည်းကောင်း၊ လက်နက်ကိုင် တပ်ဖွဲ့များကို တည်ငြိမ်ကင်းများ၊ လှုပ်ရှားကင်းများ အဖြစ် ထားရှိ၍ လည်းကောင်း၊ အသေးစိတ်ဆောင်ရွက် ခဲ့ပါသည်။ ဤသို့လုံခြံုရေးစနစ်ကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဗိုလ်မှူးတင်ဦးသည် နောင်တွင် အထွတ်အထိပ် ရာထူးကြီးများရရှိကာ သမ္မတဦးနေဝင်း၏ စစ်ဘက် လက်ထောက်အဖြစ် ခန့်ထားခြင်း ခံရသည်ဟု ၎င်း၏စာတမ်း၌ ဖော်ပြထားပါသည်။

● တော်လှန်ရေးကောင်စီ၏ ကြေညာချက်
စစ်တပ်မှ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အာဏာသိမ်းပိုက်ခဲ့ပြီးနောက် ယင်းသို့အာဏာသိမ်းရာတွင် မတော်တဆ ထိခိုက်သေဆုံးမှု တစ်ခုမှအပ ချောမောအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
မတ်လ ၂ ရက် နံနက် ၀၇း၁၅ နာရီခန့်တွင် လုံခြံုရေးနှင့် စစ်ဆင်ရေး တာဝန်ယူရသော တာဝန်ခံအားလုံးက ညွှန်ကြားချက်အတိုင်း ချောမောအောင်မြင်စွာ အာဏာသိမ်းပြီးကြောင်း ကာကွယ်ရေးဦးစီး ချုပ်ရုံးတွင် အစီရင်ခံခြင်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းအိမ်သို့ သွားရောက်အစီအရင်ခံခြင်းကိစ္စများ ပြုလုပ်ကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်သို့ စစ်တပ်က အာဏာသိမ်းလိုက်သည့်အကြောင်း ကြေညာရန်ကိစ္စ၊ နိုင်ငံခြားရေးဝါဒ ထုတ်ပြန်ရန်ကိစ္စ၊ တော်လှန်ရေး ကောင်စီနှင့် အစိုးရသစ်ဖွဲ့စည်းရန်ကိစ္စ၊ ပြည်နယ်များကိစ္စ၊ ပါလီမန်ဖျက်သိမ်းရန်ကိစ္စ အဝဝကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ရန် မတ်လ ၂ ရက်နေ့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး အစည်းအဝေး ခန်းမသို့ အောက်ပါပုဂ္ဂိုလ်များကို ပထမဆုံးအကြိမ် ခေါ်ယူခဲ့သည်။

(၁) ဗိုလ်မှူးချုပ်အောင်ကြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း)
(၂) ဗိုလ်မှူးချုပ်သန်းဖေ ဒုတိယကာကွယ်ရေးဦးစီးချုပ် (ရေ)
(၃) ဗိုလ်မှူးချုပ် တီကလစ် ဒုတိယကာကွယ်ရေးဦးစီးချုပ် (လေ)
(၄) ဗိုလ်မှူးချုပ် တင်ဖေ စစ်ထောက်ချုပ်
(၅) ဗိုလ်မှူးကြီး သန်းစိန် စစ်ဦးစီး ဗိုလ်မှူးကြီး
(၆) ဗိုလ်မှူးကြီး ကျော်စိုး စစ်ရာထူးခန့်အတွင်းဝန်
(၇) ဗိုလ်မှူးကြီး စောမြင့် နယ်ခြားဒေသအုပ်ချုပ်ရေးမှူးချုပ်
(၈) ဦးသီဟန် စစ်ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးဝန်
(၉) ဒုတိယဗိုလ်မှူးကြီးဘနီ ဆက်သွယ်ရေးညွှန်ကြားရေးမှူး
အစည်းအဝေးတွင် တိုင်းပြည်သို့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ရန်ကိစ္စ ဆွေးနွေးရာ၌ ဗိုလ်မှူးကြီးသန်းစိန် (စစ်ဦးစီး ဗိုလ်မှူးကြီး) ယူဆောင်လာသော စာမူကြမ်းကို ဆွေးနွေးကြရာ လိုရင်းသို့ မရောက်သေးဟု ယူဆသဖြင့် ဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းက ပယ်ချခဲ့သည်။

ထိုသို့ အာဏာသိမ်းပိုက်ပြီးနောက် ပြည်တွင်းပြည်ပသို့ ထုတ်ပြန်ရန် အချက်အလက် ရှာမရ၍ အကြံအိုက် နေစဉ်အတွင်း ဗိုလ်မှူးချုပ် အောင်ကြီးက ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲရတော့မည့် အန္တရာယ ်ရှိလာမည့်အတွက် အာဏာသိမ်းပိုက် လိုက်ရ ကြောင်း ပြန်လည်ရေးသား၍ တင်ပြခဲ့ရာ ယင်းကို ဗို်လ်ချုပ်ကြီးနေဝင်းက ဖတ်ကြည့်ကာ သဘောကျ၍ “အေးကောင်းတယ်၊ အဲဒီအတိုင်း အသံလွှင့်ကြေညာမယ်” ဟု ဆိုသောကြောင့် ချက်ချင်း အသံသွင်းခဲ့ကြသည်။
ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တိုင်းပြည်သို့ ကြေညာချက်ထုတ်ပြန်မည့်အကြောင်းကိုလည်း တိုင်းပြည်သို့ ကြိုတင်အသိပေးလိုက်သည်။

ဤသို့ဖြင့် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ် အချိန်တွင် ကရင်ပိုင်းအစီအစဉ်ထုတ်လွှင့်နေစဉ် ရုတ်တရက် ရပ်၍ ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် အသံလွှင့်ရုံမှတဆင့် တိုင်းပြည်သို့ -
--“ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစေသောငှာ ဗမာ့တပ်မတော်မှ တာဝန်ယူ စောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း။
--အရပ်ရပ်ရှိ တိုင်းသူပြည်သား ရဟန်း၊ ရှင်၊ လူ အများသည် ကြောင့်ကြစိုးရိမ်ပူပန်ခြင်း မဖြစ်ကြဘဲ ခါတိုင်း သာမန်အချိန်ကဲ့သို့ စိတ်လက် အေးချမ်းစွာ မိမိတို့ လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း။
-- အစိုးရအမှုထမ်း အရာထမ်းများသည်လည်း မိမိတို့တာဝန် ၀တ္တရားများကို မပျက်မကွက် ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း။
--အထူးသဖြင့် ပညာရေးဆိုင်ရာ တာဝန်ခံများနှင့် ကျောင်းသူကျောင်းသားများသည် မိမိတို့ စစ်ဆေးဖြေဆိုနေဆဲ ကိစ္စများကို မပျက်မကွက် ဆက်လက် ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း” ထုတ်ပြန်ကြေညာခဲ့သည်။

ထိုနေ့ နံနက်ပိုင်းမှာပင် ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-
၁။ ဗိုလ်ချုပ်ကြီးနေဝင်း (ကာကွယ်ရေးဦးစီးချုပ်) – တော်လှန်ရေးကောင်စီဥက္ကဋ္ဌ
၂။ ဗိုလ်မှူးချုပ်အောင်ကြီး (ဒုတိယကာကွယ်ရေးဦးစီးချုပ်-ကြည်း) – အဖွဲ့ဝင်
၃။ ဗိုလ်မှူးချုပ်သန်းဖေ (ဒုတိယကာကွယ်ရေးဦးစီးချုပ်-ရေ) – အဖွဲ့ဝင်
၄။ ဗိုလ်မှူးချုပ် တီကလစ် (ဒုတိယကာကွယ်ရေးဦးစီးချုပ်-လေ) – အဖွဲ့ဝင်
၅။ ဗိုလ်မှူးချုပ် တင်ဖေ (စစ်ထောက်ချုပ်) - အဖွဲ့ဝင်
၆။ ဗိုလ်မှူးချုပ်စန်းယု (တိုင်းမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်) – အဖွဲ့ဝင်
၇။ ဗိုလ်မှူးချုပ်စိန်ဝင်း (တိုင်းမှူး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) – အဖွဲ့ဝင်
၈။ ဗိုလ်မှူးကြီးသောင်းကြည် (တိုင်းမှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်) – အဖွဲ့ဝင်
၉။ ဗိုလ်မှူးကြီးကြည်မောင် (တိုင်းမှူး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်) – အဖွဲ့ဝင်
၁၀။ ဗိုလ်မှူးကြီး မောင်ရွှေ (တိုင်းမှူး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်) – အဖွဲ့ဝင်
၁၁။ ဗိုလ်မှူးကြီး သန်းစိန် (စစ်ဦးစီးဗိုလ်မှူးကြီး) – အဖွဲ့ဝင်
၁၂။ ဗိုလ်မှူးကြီး ကျော်စိုး (စစ်ရာထူးခန့်အတွင်းဝန်) – အဖွဲ့ဝင်
၁၃။ ဗိုလ်မှူးကြီး စောမြင့် (နယ်ခြားဒေသအုပ်ချုပ်ရေးမှူးချုပ်) – အဖွဲ့ဝင်
၁၄။ ဗိုလ်မှူးချုပ် ချစ်မြိုင် (တွဲဖက်စစ်ထောက်ချုပ်) – အဖွဲ့ဝင်
၁၅။ ဗိုလ်မှူးကြီး ခင်ညို (လေ့ကျင့်ရေးညွှန်ကြားရေးမှူး) – အဖွဲ့ဝင်
၁၆။ ဗိုလ်မှူးကြီး လှဟန် (ဆေးဝန်ထမ်းညွှန်ကြားရေးမှူး) – အဖွဲ့ဝင်
၁၇။ ဗိုလ်မှူးကြီး တန်ယုဆိုင် (ဒုတိယရဲတပ်ချုပ်၊ ပြည်စောင့်ရဲတပ်ဌာနချုပ်) – အဖွဲ့ဝင်တို့ ဖြစ်ကြသည်။

တဆက်တည်း ထိုနေ့မှာပင် တော်လှန်ရေးကောင်စီသည် အုပ်ချုပ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။ အစိုးရအဖွဲ့တွင် - ၁။ ဗိုလ်ချုပ်ကြီး နေဝင်း – တော်လှန်ရေးကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဌာန။ ၂။ ဗိုလ်မှူးချုပ် အောင်ကြီး – ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုလက်မှုဝန်ကြီးဌာန။ ၃။ ဗိုလ်မှူးချုပ် တင်ဖေ – လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သမဝါယမ နှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာန။
၄။ ဗိုလ်မှူးချုပ် သန်းဖေ – ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန။
၅။ ဦးသီဟန် – နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာန၊သတ္တုတွင်းဝန်ကြီးဌာန။
၆။ ဗိုလ်မှူးကြီး ကျော်စိုး – ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန။
၇။ ဗိုလ်မှူးကြီး စောမြင့် – ပြန်ကြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန။
၈။ ဒုတိယဗိုလ်မှူးကြီး ဘနီ – လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန။ တို့ ပါ၀င်သည်။

ကြေညာချက်တွင် ဖော်ပြမထားသော ၀န်ကြီးဌာနများနှင့် ပတ်သက်၍ မည်သည့်ဝန်ကြီးဌာနက ပူးပေါင်းတာဝန်ယူ ဆောင်ရွက်သွားမည်ကို ဆက်လက်ကြေညာမည်ဟုလည်း ဆိုသည်။ တော်လှန်ရေးကောင်စီ၏ တာဝန်ပေးချက်အရ ၀န်ကြီးဌာနများကို တာဝန်ယူကြသည်။ ပုဂ္ဂိုလ်များသည် ကြေညာချက်ထုတ်ပြန်သည့် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် သက်ဆိုင်ရာ ၀န်ကြီးဌာနအသီးသီးသို့ သွားရောက်လက်ခံတာဝန်ယူဆောင်ရွက်ကြရမည်ဟုလည်း ဆိုသည်။

၁၉၆၂ ခုနှစ် မတ်လ ၅ ရက်နေ့တွင် တော်လှန်ရေးကောင်စီသည် ကြေညာထားသည့်အတိုင်း ကျန်ရှိနေသေးသော ၀န်ကြီးဌာနများကို ထပ်မံတာဝန်ခွဲဝေသတ်မှတ်ပေးခဲ့သည်။ မူလတာဝန်တွင် ထပ်မံတာဝန်ပေးခဲ့သော ၀န်ကြီးဌာနများမှာ-
ဗိုလ်ချုပ်ကြီး နေဝင်း – ၀န်ကြီးချုပ်ရုံး၊ အမျိုးသားစီမံကိန်းဝန်ကြီးဌာန
ဗိုလ်မှူးချုပ် အောင်ကြီး – ပစ္စည်းထောက်ပံ့ရေးဝန်ကြီးဌာန
ဗိုလ်မှူးချုပ် တင်ဖေ – လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဝန်ကြီးဌာန
ဦးသီဟန် - ပြည်သူ့လုပ်ငန်းဌာနနှင့်ပြန်လည်ထူထောင်ရေးဌာနများကို အိမ်ရာဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန်
ဗိုလ်မှူးကြီး ကျော်စိုး -
(က) ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရအဖွဲ့များဝန်ကြီးဌာန
(ခ) သာသနာရေးနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနမှ သာသနာရေးဌာနများကို အုပ်ချုပ်ဆောင်ရွက်သွားရန်
(ဂ) အမျိုးသားမှတ်ပုံတင်ရေးဌာနကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန်
ဗိုလ်မှူးကြီး စောမြင့် -
(က) ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးဝန်ကြီးဌာန
(ခ) လူမှုဝန်ထမ်းနှင့်သာသနာရေးဝန်ကြီးဌာနမှ လူမှုဝန်ထမ်းဌာနများကို အုပ်ချုပ်သွားရန်
ဒုတိယဗိုလ်မှူးကြီး ဘနီ – သယ်ယူပို့ဆောင်ရေးဌာနများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန် တို့ ဖြစ်သည်။
Credit >> photo - AFPAP & Author - Than Win Hlaing

No comments:

Post a Comment