Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 21, 2015

ေရြးေကာက္ပြဲမတိုင္ခင္ ဘာသာေရး ပဋိပကၡေတြ ေရွာင္ ရွားဖို႔ အေမရိကန္ သတိေပး

ျမန္မာႏိုင္ငံကို ေရာက္ရွိေနတဲ့ အေမရိကန္အစိုးရ ဒုတိယအမ်ဳိးသားလံုၿခံဳေရး အႀကံေပးပုဂၢိဳလ္ မစၥတာ ဘင္ရို႕စ္ Ben Rhodes (ဝဲဘက္ဒုတိယေျမာက္)ဟာ ေအာက္တိုဘာလ ၂ဝ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာ ဘာသာေရးေခါင္းေဆာင္ေတြရဲ႕ ေတြ႔ဆံုစဥ္။ Photo: U.S. Embassy Rangoon Facebook
ေရြးေကာက္ပြဲ နီးကပ္လာေနတဲ့ ကာလမွာ ဘာသာေရး တင္းမာမႈေတြ၊ အၾကမ္းဖက္ ပဋိပကၡေတြ မေပၚေပါက္ေအာင္ေဆာင္ရြက္ဖို႔ အေမရိကန္ျပည္ေထာင္စုက ျမန္မာႏိုင္ငံအစိုးရကို တိုက္တြန္းလိုက္ပါတယ္။

ျမန္မာႏိုင္ငံကို ေရာက္ရွိေနတဲ့ အေမရိကန္အစိုးရ ဒုတိယ အမ်ိဳးသားလံုၿခံဳေရးအႀကံေပးပုဂၢိဳလ္ မစၥတာ ဘင္ရို႕စ္ ( Ben Rhodes ) က တိုက္တြန္း ေျပာဆိုခဲ့တာပါ။

မစၥတာ ဘင္ရို႕စ္ ဟာ ျမန္မာႏိုင္ငံမွာ လြတ္လပ္မွ်တ ပြင့္လင္းျမင္သာတဲ့ ေရြးေကာက္ပြဲ ေအာင္ေအာင္ျမင္ျမင္ က်င္းပႏိုင္ေရးအတြက္ တိုက္တြန္းဖို႔၊ မၾကာခင္က အစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၈ ဖြဲ႕ လက္မွတ္ေရး ထိုးခဲ့တဲ့ တစ္ႏိုင္ငံလံုးအပစ္ရပ္ေရး NCA သေဘာတူစာခ်ဳပ္ရဲ႕ ေနာက္ဆက္တြဲ တိုးတက္ျဖစ္ထြန္းမႈေတြကို စံုစမ္းေလ့လာဖို႔ သမၼတ အိုဘားမားရဲ႕ ေစလႊတ္ခ်က္အရ ေရာက္ရွိေနတာျဖစ္ပါတယ္။

သတင္းေထာက္ေတြနဲ႔ ေတြ႕ဆံုစဥ္အတြင္း မစၥတာ ဘင္ရို႕စ္က ေရြးေကာက္ပြဲမတိုင္ခင္ ဘာသာေရးပဋိပကၡေတြ မေပၚေပါက္ေအာင္ ထိန္းသိမ္းေရးနဲ႔ ပတ္သက္ၿပီး ေျပာဆိုခဲ့ရာမွာ ဘာသာေရးနဲ႔ ပတ္သက္ၿပီး တခ်ိဳ႕အေျပာအဆို အသံုးအႏႈန္းေတြဟာ အစြန္းမလြတ္တာေတြ ေတြ႕ေနရပါတယ္၊ အဲဒီလို ေျပာဆိုသံုးႏႈန္းတာေတြကေန ဆူပူ အၾကမ္းဖက္တာေတြ၊ အဓိကရုဏ္းေတြဆီ ဦးတည္သြားႏိုင္ပါတယ္၊ ဒါေၾကာင့္ အစြန္းေရာက္ ေျပာဆိုတာေတြကို အေရးယူဖို႔ အေရးတႀကီး လိုအပ္ေၾကာင္း အစိုးရနဲ႔ အဖြဲ႕အစည္းေတြကို တိုက္တြန္းခဲ့ပါတယ္၊ အေျခခံဥပေဒ မွာ ျပဌာန္းထားတဲ့အတိုင္း ဘာသာေရးနဲ႔ ႏိုင္ငံေရးကို ခြဲျခားထားရမွာျဖစ္ၿပီး၊ အစြန္းေရာက္စကားေျပာဆိုသူေတြကို အေရးယူရမွာျဖစ္ပါတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ အပစ္ရပ္စာခ်ဳပ္မွာ လက္မွတ္မထိုး၇ေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ အားလံုးပါဝင္လာေအာင္ ေဆာင္ရြက္ဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။

ဆက္လက္ၿပီး လာမယ့္ေရြးေကာက္ပြဲက ထြက္ေပၚလာတဲ့ရလဒ္ကို အစိုးရအေနနဲ႔ အသိအမွတ္မျပဳဘူးဆိုရင္ ဒီမိုကေရစီလမ္းေၾကာင္းကေန ေနာက္ျပန္ဆုတ္တယ္လို႔ မွတ္ယူရမွာျဖစ္ၿပီး၊ ျမန္မာႏိုင္ငံအေပၚ အေမရိကန္အစိုးရရဲ႕ လက္ရွိသေဘာထားကို ျပန္ၿပီး သံုးသပ္ရလိမ့္မယ္လို႔လည္း မစၥတာ ဘင္ရို႕စ္ က ေျပာပါတယ္။

အေမရိကန္အစိုးရ ဒုတိယအမ်ိဳးသားလံုၿခံဳေရးအႀကံေပးပုဂၢိဳလ္ မစၥတာ ဘင္ရို႕စ္ဟာ ဒီခရီးစဥ္ အတြင္း သမၼတဦးသိန္းစိန္၊ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၊ ေဒၚေအာ္ငဆန္းစုၾကည္တို႔နဲ႔ ေတြ႕ဆံုခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese
........................

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အစိုးရ ဒုတိယအမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဘင်ရို့စ် Ben Rhodes (ဝဲဘက်ဒုတိယမြောက်)ဟာ အောက်တိုဘာလ ၂ဝ ရက်နေ့က ရန်ကုန်မြို့မှာ ဘာသာရေးခေါင်းဆောင်တွေရဲ့ တွေ့ဆုံစဉ်။ Photo: U.S. Embassy Rangoon Facebook
ရွေးကောက်ပွဲ နီးကပ်လာနေတဲ့ ကာလမှာ ဘာသာရေး တင်းမာမှုတွေ၊ အကြမ်းဖက် ပဋိပက္ခတွေ မပေါ်ပေါက်အောင်ဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အစိုးရ ဒုတိယ အမျိုးသားလုံခြံုရေးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘင်ရို့စ် ( Ben Rhodes ) က တိုက်တွန်း ပြောဆိုခဲ့တာပါ။

မစ္စတာ ဘင်ရို့စ် ဟာ မြန်မာနိုင်ငံမှာ လွတ်လပ်မျှတ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် တိုက်တွန်းဖို့၊ မကြာခင်က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ လက်မှတ်ရေး ထိုးခဲ့တဲ့ တစ်နိုင်ငံလုံးအပစ်ရပ်ရေး NCA သဘောတူစာချုပ်ရဲ့ နောက်ဆက်တွဲ တိုးတက်ဖြစ်ထွန်းမှုတွေကို စုံစမ်းလေ့လာဖို့ သမ္မတ အိုဘားမားရဲ့ စေလွှတ်ချက်အရ ရောက်ရှိနေတာဖြစ်ပါတယ်။

သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်အတွင်း မစ္စတာ ဘင်ရို့စ်က ရွေးကောက်ပွဲမတိုင်ခင် ဘာသာရေးပဋိပက္ခတွေ မပေါ်ပေါက်အောင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ရာမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး တချို့အပြောအဆို အသုံးအနှုန်းတွေဟာ အစွန်းမလွတ်တာတွေ တွေ့နေရပါတယ်၊ အဲဒီလို ပြောဆိုသုံးနှုန်းတာတွေကနေ ဆူပူ အကြမ်းဖက်တာတွေ၊ အဓိကရုဏ်းတွေဆီ ဦးတည်သွားနိုင်ပါတယ်၊ ဒါကြောင့် အစွန်းရောက် ပြောဆိုတာတွေကို အရေးယူဖို့ အရေးတကြီး လိုအပ်ကြောင်း အစိုးရနဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းခဲ့ပါတယ်၊ အခြေခံဥပဒေ မှာ ပြဌာန်းထားတဲ့အတိုင်း ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားထားရမှာဖြစ်ပြီး၊ အစွန်းရောက်စကားပြောဆိုသူတွေကို အရေးယူရမှာဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်လာအောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဆက်လက်ပြီး လာမယ့်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ရလဒ်ကို အစိုးရအနေနဲ့ အသိအမှတ်မပြုဘူးဆိုရင် ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ပြန်ဆုတ်တယ်လို့ မှတ်ယူရမှာဖြစ်ပြီး၊ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရရဲ့ လက်ရှိသဘောထားကို ပြန်ပြီး သုံးသပ်ရလိမ့်မယ်လို့လည်း မစ္စတာ ဘင်ရို့စ် က ပြောပါတယ်။

အမေရိကန်အစိုးရ ဒုတိယအမျိုးသားလုံခြံုရေးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘင်ရို့စ်ဟာ ဒီခရီးစဉ် အတွင်း သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အော်ငဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment