Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 21, 2015

မိတ္ကပ္လိမ္းဖို႔ အဆင္မေျပလို႔ ကား႐ိုက္နားထားတဲ့ မိုးယုစံ

သ႐ုပ္ေဆာင္ မိုးယုစံက ၎၏မ်က္ႏွာတြင္ လြန္ခဲ့သည့္ သံုးလေက်ာ္က ဓာတ္မတည့္သည့္အရာတစ္ခုျဖစ္ခဲ့၍ လတ္တေလာ မ်က္ႏွာအေနအထားအ ဆင္မေျပသျဖင့္ ကား႐ိုက္နားထားေၾကာင္းေျပာသည္။

‘‘အရင္ကလို အလုပ္ေတြ အမ်ားႀကီးေတာ့ လက္မခံျဖစ္ေတာ့ပါဘူး။ ဒီရက္ပိုင္းကလည္း ႐ုိက္ကူးလို႔အဆင္မေျပလို႔ပါ။ လတ္တေလာေျပာရမယ္ ဆိုရင္ေတာ့ ညီမမ်က္ႏွာအဆင္မေျပ ေသးလို႔ပါ။ မ်က္ႏွာက မတည့္တာတစ္ခုျဖစ္သြားလို႔ မိတ္ကပ္လိမ္းလို႔အဆင္မေျပတာလည္းပါ တယ္။ အဲဒီအတြက္ ပရိသတ္ႀကီး နဲ႔ နည္းနည္းအလွမ္းေ၀းေနတာပါ’’ဟု မိုးယုစံကေျပာသည္။

၎၏မ်က္ႏွာတြင္ လြန္ခဲ့သည့္ သံုးလေက်ာ္၌ ဓာတ္မတည့္သည့္ အရာတစ္ခုျဖစ္ခဲ့၍ လက္ရွိတြင္ ျပည္တြင္းေရာ ျပည္ပတြင္ပါ ေဆးကုသမႈမ်ားျပဳလုပ္ေန၍ ဗီဒီယို႐ိုက္ကူးမႈနားထားသည္။

‘‘သံုးေလးလေလာက္ရွိၿပီ။ မေပ်ာက္ေသးတာ။ ေပ်ာက္လည္း နည္းနည္းပဲေပ်ာက္ၿပီး ျပန္ျဖစ္လာတတ္လို႔။ ေဆးကုသတာေတြလည္း အခုလုပ္ေနပါတယ္။ ျပည္တြင္းမွာလည္း ျပျဖစ္တယ္။ ျပည္ပမွာလည္း ျပျဖစ္ပါတယ္။ အခုမွစျဖစ္တာေတာ့ မဟုတ္ပါဘူး’’ဟု မုိးယုစံကေျပာသည္။

လက္ရွိတြင္ ႐ုပ္ရွင္ဗီဒီယို ႐ိုက္ကူးမႈမ်ားရပ္နားထားေသာ္ လည္း ဂ်ာနယ္၊ မဂၢဇင္းမ်ားအ တြက္ ဓာတ္ပံု႐ိုက္ကူးေပးလ်က္ရွိ ၿပီး ႏွင္းဆီအဖြဲ႕သားမ်ားႏွင့္အတူ မၾကာမီ ၾသစေၾတးလ်ႏွင့္စင္ကာပူသို႔ ေဖ်ာ္ေျဖေရးသြားေရာက္ရန္ ရွိေၾကာင္းသိရသည္။

7day daily
...............................
မိတ်ကပ်လိမ်းဖို့ အဆင်မပြေလို့ ကားရိုက်နားထားတဲ့ မိုးယုစံ

သရုပ်ဆောင် မိုးယုစံက ၎င်း၏မျက်နှာတွင် လွန်ခဲ့သည့် သုံးလကျော်က ဓာတ်မတည့်သည့်အရာတစ်ခုဖြစ်ခဲ့၍ လတ်တလော မျက်နှာအနေအထားအ ဆင်မပြေသဖြင့် ကားရိုက်နားထားကြောင်းပြောသည်။

‘‘အရင်ကလို အလုပ်တွေ အများကြီးတော့ လက်မခံဖြစ်တော့ပါဘူး။ ဒီရက်ပိုင်းကလည်း ရိုက်ကူးလို့အဆင်မပြေလို့ပါ။ လတ်တလောပြောရမယ် ဆိုရင်တော့ ညီမမျက်နှာအဆင်မပြေ သေးလို့ပါ။ မျက်နှာက မတည့်တာတစ်ခုဖြစ်သွားလို့ မိတ်ကပ်လိမ်းလို့အဆင်မပြေတာလည်းပါ တယ်။ အဲဒီအတွက် ပရိသတ်ကြီး နဲ့ နည်းနည်းအလှမ်းဝေးနေတာပါ’’ဟု မိုးယုစံကပြောသည်။

၎င်း၏မျက်နှာတွင် လွန်ခဲ့သည့် သုံးလကျော်၌ ဓာတ်မတည့်သည့် အရာတစ်ခုဖြစ်ခဲ့၍ လက်ရှိတွင် ပြည်တွင်းရော ပြည်ပတွင်ပါ ဆေးကုသမှုများပြုလုပ်နေ၍ ဗီဒီယိုရိုက်ကူးမှုနားထားသည်။

‘‘သုံးလေးလလောက်ရှိပြီ။ မပျောက်သေးတာ။ ပျောက်လည်း နည်းနည်းပဲပျောက်ပြီး ပြန်ဖြစ်လာတတ်လို့။ ဆေးကုသတာတွေလည်း အခုလုပ်နေပါတယ်။ ပြည်တွင်းမှာလည်း ပြဖြစ်တယ်။ ပြည်ပမှာလည်း ပြဖြစ်ပါတယ်။ အခုမှစဖြစ်တာတော့ မဟုတ်ပါဘူး’’ဟု မိုးယုစံကပြောသည်။

လက်ရှိတွင် ရုပ်ရှင်ဗီဒီယို ရိုက်ကူးမှုများရပ်နားထားသော် လည်း ဂျာနယ်၊ မဂ္ဂဇင်းများအ တွက် ဓာတ်ပုံရိုက်ကူးပေးလျက်ရှိ ပြီး နှင်းဆီအဖွဲ့သားများနှင့်အတူ မကြာမီ သြစတြေးလျနှင့်စင်ကာပူသို့ ဖျော်ဖြေရေးသွားရောက်ရန် ရှိကြောင်းသိရသည်။

7day daily

No comments:

Post a Comment