ထိုင္းႏိုင္ငံအလယ္ပိုင္း ဆမြတ္ပရကန္ၿမိဳ႕မွာ ေအာက္တုိဘာ ၂၄ ရက္ေန႔က က်င္းပတဲ့ Miss Uncensored News Thailand 2015 အလွမယ္ၿပိဳင္ပြဲမွာ အမႈိက္ေကာက္ၿပီး အသက္ေမြး၀မ္းေၾကာင္းသူ အသက္ ၁၇ ႏွစ္အရြယ္ မိန္းကေလးတဦး အလွမယ္သရဖူဆု ရသြားတယ္လို႔ ထိုင္းရတ္သတင္းမွာ ေဖာ္ျပပါတယ္။
အရပ္အျမင့္ ၁၇၂ စင္တီမီတာရွိတဲ့ မိတ္ခနစ္ထား ဖားဆိုင္လို႔ ေခၚတဲ့ မိန္းကေလးက သူ႔မိခင္ဟာ အမႈိက္ေကာက္ၿပီး သူတို႔ကို ေကၽြးေမြးျပဳစုလာခဲ့တာျဖစ္ေၾကာင္း၊ သူ႔အေနနဲ႔လည္း မိခင္ရဲ႕အလုပ္ကို ကူညီေပးခဲ့ရေၾကာင္း အလွမယ္ၿပိဳင္ပြဲ၀င္ဖို႔ စင္ျမင့္ေပၚမတက္ခင္ မိခင္ရဲ႕ ေျခအစံုကို အရင္ဦးခ်ခဲ့ၿပီး ရရွိလာတဲ့ ဆုေငြအားလံုးကိုလည္း မိခင္လက္ထဲကို အပ္မယ္လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။
သူက မိခင္ေကာက္လာတဲ့ အမႈိက္ေတြကို အမ်ိဳးအစား ျပန္ခြဲေပးေၾကာင္း၊ မိခင္က အမႈိက္ေတြကို ျပန္ေရာင္းခ်ေၾကာင္း၊ တေန႔ ေဆြမ်ိဳးတေယာက္ေရာက္လာၿပီး သူ႔ကို သနားတဲ့အတြက္ အလွမယ္ၿပိဳင္ပြဲ၀င္ဖို႔ အႀကံျပဳခဲ့ေၾကာင္း၊ ၿပိဳင္ပြဲေန႔မွာ သူမ်ားေတြ သူ႔ထက္ငါအၿပိဳင္ လွသထက္လွေအာင္ ျပင္ဆင္လာတာေတြ႔ရလို႔ သူဆုရမယ္လို႔ လံုး၀ ထင္မထားေၾကာင္း၊ အခုလို မေမွ်ာ္လင့္ဘဲ ပထမဆုရတဲ့အတြက္ အရမ္း၀မ္းသာတယ္လို႔လည္း ေျပာပါတယ္။
မိတ္ခနစ္ထားဟာ ဆယ္တန္းေအာင္ထားေပမယ့္ ေငြေရးေၾကးေရး အက်ပ္အတည္းေၾကာင့္ တကၠသိုလ္ ဆက္မတက္ႏုိင္ေပမယ့္ တခ်ိန္ခ်ိန္မွာ ပညာဆက္သင္ႏိုင္ဖို႔ ကေခ်သည္လုပ္ၿပီး ေငြစုေနတယ္လုိ႔ ဆိုပါတယ္။
ေအာက္တိုဘာ ၂၄ ရက္က ဆမြတ္ပရကန္ၿမိဳ႕ ကုန္တိုက္မွာ က်င္းပတဲ့ Miss Uncensored News Thailand 2015 အလွမယ္ၿပိဳင္ပြဲမွာ အမ်ိဳးသမီးအျဖစ္ လိင္ေျပာင္းထားတဲ့ အလွမယ္ေတြပါ ပါ၀င္ယွဥ္ၿပိဳင္ခြင့္ ျပဳခဲ့ပါတယ္။
Dvb Burmese
..................
ထိုင်းအလှမယ်ပြိုင်ပွဲဝင် အမှိုက်ကောက်သူလေး ပထမဆု ရရှိ
ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်မြို့မှာ အောက်တိုဘာ ၂၄ ရက်နေ့က ကျင်းပတဲ့ Miss Uncensored News Thailand 2015 အလှမယ်ပြိုင်ပွဲမှာ အမှိုက်ကောက်ပြီး အသက်မွေးဝမ်းကြောင်းသူ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတဦး အလှမယ်သရဖူဆု ရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
အရပ်အမြင့် ၁၇၂ စင်တီမီတာရှိတဲ့ မိတ်ခနစ်ထား ဖားဆိုင်လို့ ခေါ်တဲ့ မိန်းကလေးက သူ့မိခင်ဟာ အမှိုက်ကောက်ပြီး သူတို့ကို ကျွေးမွေးပြုစုလာခဲ့တာဖြစ်ကြောင်း၊ သူ့အနေနဲ့လည်း မိခင်ရဲ့အလုပ်ကို ကူညီပေးခဲ့ရကြောင်း အလှမယ်ပြိုင်ပွဲဝင်ဖို့ စင်မြင့်ပေါ်မတက်ခင် မိခင်ရဲ့ ခြေအစုံကို အရင်ဦးချခဲ့ပြီး ရရှိလာတဲ့ ဆုငွေအားလုံးကိုလည်း မိခင်လက်ထဲကို အပ်မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
သူက မိခင်ကောက်လာတဲ့ အမှိုက်တွေကို အမျိုးအစား ပြန်ခွဲပေးကြောင်း၊ မိခင်က အမှိုက်တွေကို ပြန်ရောင်းချကြောင်း၊ တနေ့ ဆွေမျိုးတယောက်ရောက်လာပြီး သူ့ကို သနားတဲ့အတွက် အလှမယ်ပြိုင်ပွဲဝင်ဖို့ အကြံပြုခဲ့ကြောင်း၊ ပြိုင်ပွဲနေ့မှာ သူများတွေ သူ့ထက်ငါအပြိုင် လှသထက်လှအောင် ပြင်ဆင်လာတာတွေ့ရလို့ သူဆုရမယ်လို့ လုံးဝ ထင်မထားကြောင်း၊ အခုလို မမျှော်လင့်ဘဲ ပထမဆုရတဲ့အတွက် အရမ်းဝမ်းသာတယ်လို့လည်း ပြောပါတယ်။
မိတ်ခနစ်ထားဟာ ဆယ်တန်းအောင်ထားပေမယ့် ငွေရေးကြေးရေး အကျပ်အတည်းကြောင့် တက္ကသိုလ် ဆက်မတက်နိုင်ပေမယ့် တချိန်ချိန်မှာ ပညာဆက်သင်နိုင်ဖို့ ကချေသည်လုပ်ပြီး ငွေစုနေတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၄ ရက်က ဆမွတ်ပရကန်မြို့ ကုန်တိုက်မှာ ကျင်းပတဲ့ Miss Uncensored News Thailand 2015 အလှမယ်ပြိုင်ပွဲမှာ အမျိုးသမီးအဖြစ် လိင်ပြောင်းထားတဲ့ အလှမယ်တွေပါ ပါ၀င်ယှဉ်ပြိုင်ခွင့် ပြုခဲ့ပါတယ်။
Dvb Burmese
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, October 27, 2015
ထိုင္းအလွမယ္ၿပိဳင္ပြဲ၀င္ အမႈိက္ေကာက္သူေလး ပထမဆု ရရွိ
ထိုင္းအလွမယ္ၿပိဳင္ပြဲ၀င္ အမႈိက္ေကာက္သူေလး ပထမဆု ရရွိ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
October 27, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
October 27, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment