Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 3, 2015

မြတ္စလင္ ၁၉ ဖြဲ႔ရဲ႕ တရားစြဲဆုိမႈ တံု႔ျပန္ေျဖရွင္းမွာ မဟုတ္ေၾကာင္း ျမန္မာ အစုိးရ ေျပာၾကား

ျပန္ၾကားေရး၀န္ႀကီးဌာန ဝန္ႀကီး ဦးရဲထြဋ္ ကိုေတြ႕ရစဥ္ ။ Photo: RFA
 ျမန္မာႏိုင္ငံမွာ ဘဂၤါလီေတြကို လူမ်ဳိးတုံးသတ္ျဖတ္မႈေတြ ျပဳလုပ္ခဲ့တယ္ဆိုတဲ့ တရားစြဲဆိုခ်က္နဲ႔ ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမဳိ႕မွာရွိတဲ့ ဖက္ဒရယ္တရား႐ုံးတစ္ခုက ႏိုင္ငံေတာ္သမၼတ ဦးသိန္းစိန္နဲ႔ အတူ ျပည္ေထာင္စု ဝန္ႀကီးတခ်ိဳ႕ကို ဆင့္ေခၚထားတာနဲ႔ ပတ္သက္လို႔ ျမန္မာအစိုးရဘက္က တုံ႔ျပန္မွာမဟုတ္သလို သြားေရာက္ေျဖရွင္းမွာလည္း မဟုတ္ဘူးလို႔ သမၼတရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ျပန္ၾကားေရးဝန္ႀကီး ဦးရဲထြဋ္က RFA ကိုေျပာပါတယ္။

ဒါ့အျပင္လည္း လူမ်ိဴးတုံးသတ္ျဖတ္မႈလို႔ သံုးႏႈန္းထားတာဟာ အေျခအျမစ္မရွိတဲ့ စြပ္စြဲခ်က္ျဖစ္ၿပီး အစိုးရအေနနဲ႔ ဒီအသံုးအႏႈန္းကို လက္မခံပဲ ပယ္ခ်ေၾကာင္းကိုလည္း ျပန္ၾကားေရးဝန္ႀကီး ဦးရဲထြဋ္က ေျပာပါတယ္။

"ျမန္မာႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံသားေတြက အေမရိကန္ႏိုင္ငံရဲ႕လက္ေအာက္မဟုတ္မဟုတ္ဘူးဗ်ာ၊ ဒါေၾကာင့္မို႔လို႔ ဖက္ဒရယ္တရားရံုးရဲ႕ ဖိတ္ေခၚခ်က္က က်ေနာ္တို႔ ဘာမွတုန္႔ျပန္စရာမလိုဘူး၊ မႏွစ္က ရခိုင္ျပည္နယ္မွာျဖစ္ေန တဲ့ လူမ်ိဳးစုႏွစ္စုၾကားက ျပႆနာအားလံုးကို က်ေနာ္တို႔က ဥပေဒနဲ႔အညီေျဖရွင္းတယ္၊ ဥပေဒခ်ိဳးေဖာက္လို႔ရွိရင္ တစ္ဖြဲ႔လံုးကလူေတြကို အျပစ္ေပးတယ္၊ အခုလို လူမ်ိဳးတုံး သတ္ျဖတ္တယ္ဆိုတဲ့ကိစၥကိုလည္း က်ေနာ္တို႔ပယ္ခ် ပါတယ္၊ ဒီကေန႔ က်ေနာ္တို႔ အစိုးရသစ္လက္ထက္ေအာက္မွာက ရခိုင္ျပည္နယ္မွာ ႏိုင္ငံတကာအဖြဲ႔ အစည္းေပါင္းစံု လြတ္လြတ္လပ္လပ္ ကူညီေဆာင္ရြက္ေနတယ္၊ သူတို႔ေျပာသလို လူမ်ိဳးတုံး သတ္ျဖတ္မႈဆိုတာ ရွိတယ္ဆိုလို႔ရွိရင္ အဲ့ဒီမွာအေထာက္အထားေတြေတြ႔မွာေပါ့၊ အဲ့ဒီေတာ့ မခိုင္မာတဲ့ အေထာက္အထားတစ္ခုကို ဘာမွန္းမသိတဲ့ အဖြဲ႔အစည္းတစ္ခုခုကေနတင္တာကို လက္ခံတာကိုေတာ့ က်ေနာ္တို႔လည္း အံ့ၾသတာေပါ့၊ ဒါေပမယ့္လည္း အေမရိကန္တရားေရးစနစ္ဆိုေတာ့ က်ေနာ္တို႔လည္း ဘာမွေတာ့မေျပာလိုဘူး"

ဒီစြပ္စြဲခ်က္နဲ႔ တရားစြဲဆိုခ်က္ေတြဟာ ျမန္မာႏိုင္ငံမွာ ေရြးေကာက္ပြဲနီးလာခ်ိန္ ႏိုင္ငံေရးအရ ရည္ရြယ္ခ်က္ရွိရွိနဲ႔ ထိုးႏွက္ခ်က္ေတြ ျဖစ္တယ္လို႔လည္း ဝန္ႀကီး ဦးရဲထြဋ္က ေျပာပါတယ္။

႐ိုဟင္ဂ်ာ (ဘဂၤါလီ)ေတြကို ပစ္မွတ္ထားကာ လူမ်ဳိးတုံးသတ္ျဖတ္မႈေတြ ျပဳလုပ္ခဲ့တယ္ဆိုၿပီး မြတ္စလင္အဖြဲ႔အစည္း ၁၉ ဖြဲ႔ ပူးေပါင္းထားသည့္ Burma Task Force USA (BTF) က တရားစြဲဆိုထားေၾကာင္း အဲ့ဒီအဖြဲ႔က ေအာက္တိုဘာ လ (၁) ရက္ေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။

ႏိုင္ငံရပ္ျခားသားမ်ား အက်ဳိးထိခိုက္မႈအခြင့္အေရးဆိုင္ရာ အက္ဥပေဒ (ATCA) နဲ႔ ညႇဥ္းပမ္းႏွိပ္စက္ခံရသူမ်ား ကာကြယ္ေစာင့္ေရွာက္သည့္ ဥပေဒ (TVPA) တို႔အရ တရားစြဲဆိုထားျခင္းျဖစ္ေၾကာင္း အဲ့ဒီထုတ္ျပန္ခ်က္ မွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္လည္း လူဦးေရ တစ္သန္းနီးပါးရွိတဲ့ ရိုဟင္ဂ်ာေတြဟာ ၂ဝ၁၅ ေရြးေကာက္ပြဲမွာ မဲေပးခြင့္ဆံုးရံႈးေနၿပီး လႊတ္ေတာ္ကလည္း ရည္ရြယ္ခ်က္ရွိရွိနဲ႔ မ်ိဳးေစာင့္ဥပေဒျပဌာန္းတာေတြ လုပ္ေနေၾကာင္းကိုလည္း အဲ့ဒီမြတ္စလင္ ၁၉ ဖြဲ႔ရဲ႕ ေၾကညာခ်က္မွာ ေရးသားထားပါတယ္။

RFA Burmese
http://www.rfa.org/burmese
............................................

ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ် ကိုတွေ့ရစဉ် ။ Photo: RFA
 မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ တရားစွဲဆိုချက်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ ဖက်ဒရယ်တရားရုံးတစ်ခုက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အတူ ပြည်ထောင်စု ဝန်ကြီးတချို့ကို ဆင့်ခေါ်ထားတာနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က တုံ့ပြန်မှာမဟုတ်သလို သွားရောက်ဖြေရှင်းမှာလည်း မဟုတ်ဘူးလို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြောပါတယ်။

ဒါ့အပြင်လည်း လူမျိူးတုံးသတ်ဖြတ်မှုလို့ သုံးနှုန်းထားတာဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဖြစ်ပြီး အစိုးရအနေနဲ့ ဒီအသုံးအနှုန်းကို လက်မခံပဲ ပယ်ချကြောင်းကိုလည်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

"မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေက အမေရိကန်နိုင်ငံရဲ့လက်အောက်မဟုတ်မဟုတ်ဘူးဗျာ၊ ဒါကြောင့်မို့လို့ ဖက်ဒရယ်တရားရုံးရဲ့ ဖိတ်ခေါ်ချက်က ကျနော်တို့ ဘာမှတုန့်ပြန်စရာမလိုဘူး၊ မနှစ်က ရခိုင်ပြည်နယ်မှာဖြစ်နေ တဲ့ လူမျိုးစုနှစ်စုကြားက ပြဿနာအားလုံးကို ကျနော်တို့က ဥပဒေနဲ့အညီဖြေရှင်းတယ်၊ ဥပဒေချိုးဖောက်လို့ရှိရင် တစ်ဖွဲ့လုံးကလူတွေကို အပြစ်ပေးတယ်၊ အခုလို လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတဲ့ကိစ္စကိုလည်း ကျနော်တို့ပယ်ချ ပါတယ်၊ ဒီကနေ့ ကျနော်တို့ အစိုးရသစ်လက်ထက်အောက်မှာက ရခိုင်ပြည်နယ်မှာ နိုင်ငံတကာအဖွဲ့ အစည်းပေါင်းစုံ လွတ်လွတ်လပ်လပ် ကူညီဆောင်ရွက်နေတယ်၊ သူတို့ပြောသလို လူမျိုးတုံး သတ်ဖြတ်မှုဆိုတာ ရှိတယ်ဆိုလို့ရှိရင် အဲ့ဒီမှာအထောက်အထားတွေတွေ့မှာပေါ့၊ အဲ့ဒီတော့ မခိုင်မာတဲ့ အထောက်အထားတစ်ခုကို ဘာမှန်းမသိတဲ့ အဖွဲ့အစည်းတစ်ခုခုကနေတင်တာကို လက်ခံတာကိုတော့ ကျနော်တို့လည်း အံ့သြတာပေါ့၊ ဒါပေမယ့်လည်း အမေရိကန်တရားရေးစနစ်ဆိုတော့ ကျနော်တို့လည်း ဘာမှတော့မပြောလိုဘူး"

ဒီစွပ်စွဲချက်နဲ့ တရားစွဲဆိုချက်တွေဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနီးလာချိန် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိနဲ့ ထိုးနှက်ချက်တွေ ဖြစ်တယ်လို့လည်း ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ရိုဟင်ဂျာ (ဘင်္ဂါလီ)တွေကို ပစ်မှတ်ထားကာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး မွတ်စလင်အဖွဲ့အစည်း ၁၉ ဖွဲ့ ပူးပေါင်းထားသည့် Burma Task Force USA (BTF) က တရားစွဲဆိုထားကြောင်း အဲ့ဒီအဖွဲ့က အောက်တိုဘာ လ (၁) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံရပ်ခြားသားများ အကျိုးထိခိုက်မှုအခွင့်အရေးဆိုင်ရာ အက်ဥပဒေ (ATCA) နဲ့ ညှဉ်းပမ်းနှိပ်စက်ခံရသူများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (TVPA) တို့အရ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း အဲ့ဒီထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်လည်း လူဦးရေ တစ်သန်းနီးပါးရှိတဲ့ ရိုဟင်ဂျာတွေဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့်ဆုံးရှုံးနေပြီး လွှတ်တော်ကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ မျိုးစောင့်ဥပဒေပြဌာန်းတာတွေ လုပ်နေကြောင်းကိုလည်း အဲ့ဒီမွတ်စလင် ၁၉ ဖွဲ့ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment