Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 2, 2015

မဲစာရင္းစစ္ဖို႔ စည္း႐ံုးတဲ့ ျဖဴျဖဴေက်ာ္သိန္း ထမင္းေကာင္းေကာင္း မစားခ်င္ဘူးလားလို႔ ၿခိမ္းေျခာက္ခံေနရ

မဇၩိမ

ရန္ကုန္၊ ေအာက္တိုဘာ ၂။        ။ မဲစာရင္းမွားယြင္းမႈမ်ား မ်ားစြာျဖစ္ေပၚလာ ၿပီးေနာက္ မဲစာရင္းသြားေရာက္ စစ္ေဆးၾကရန္ႏွင့္ မဲေပးၾကရန္ တိုက္တြန္းေနၾကသည့္ အႏုပညာရွင္မ်ားအနက္ အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္းမွာ မဲစာရင္းစစ္ေဆးရန္ စည္း႐ံုးလႈံ႔ေဆာ္ၿပီးေနာက္ ၿခိမ္းေျခာက္ခံေနရေၾကာင္း မဇၩိမႏွင့္ အေသးစိတ္ အင္တာဗ်ဴးတြင္ ထုတ္ေဖၚေျပာဆိုလုိက္သည္။

"ရသင့္ရထိုက္တဲ့ အခြင့္အေရးဆိုတာ အတြက္ကို မဲစရင္း ၾကည့္ပါလို႔ေျပာတာ ေျပာတာမွာတင္ကို သီခ်င္းေအးေအး မဆုိခ်င္ဘူးလာ။ ထမင္းေကာင္းေကာင္း မစားခ်င္ဘူးလာ။ မင္းနဲ႔ဘဆိုင္လဲ ၿပီးတဲ့အခါက်ရင္ ဘာသာေရး လူမ်ဳိးေရးကစေပါ့ေနာ္ အဲလိုမ်ဳိးေလးေတြ ပုတ္ခတ္ ေစာ္ကားတိုက္ခိုက္ ေလာင္ေျပာင္တာမ်ဳိးေလးေတြ ရွိလာတယ္" ဟု ျဖဴျဖဴေက်ာ္သိန္းက မဇၩိမကို ေျပာသည္။

ၿခိမ္းေျခာက္သည့္သူမ်ားသည္ ျဖဴျဖဴေက်ာ္သိန္း၏ လူမႈကြန္ယက္ ေဖ့ဘုတ္စ္မွတစ္ဆင့္ ၿခိမ္းေျခာက္ျခင္းဟုဆိုၿပီး အဖြဲ႔အစည္း တစ္ခုတြင္ ရာထူးႀကီးႀကီးမားမား ယူထားသည့္သူမ်ားပါ ပါဝင္သည္ဟုလည္း ျဖဴျဖဴေက်ာ္သိန္းက ေျပာသည္။

"တစ္ခ်ဳိ႕ေသာ အဖြဲ႔အစည္းေတြရဲ့ အေရးႀကီးတဲ့ ေနရာက႑မွာ ပါ၀င္ပတ္သက္ေနတဲ့ သူေတြရဲ့ အေကာင့္ေတြကေတာင္ လာၿပီးေတာ့ လုပ္ၾကသူက ရွိတယ္။ အေကာင့္ပံုးေတြ အေကာင့္တုေတြအားလံုး လာတာေပ့ါေနာ္"  ဟု ျဖဴျဖဴေက်ာ္သိန္းက ဆိုသည္။ အဆိုပါ ၿခိမ္းေျခာက္မႈမ်ားအတြက္ မွတ္တမ္းမ်ား ရယူထားၿပီး ဥပေဒအတုိင္ပင္ခံမ်ားႏွင့္လည္း ဆက္သြယ္ ေျပာဆုိထားသည္ဟုလည္း ေျပာသည္။

မဇၩိမႏွင့္ ျဖဴျဖဴေက်ာ္သိန္းတို႔ အေသးစိတ္ေတြ႔ဆံုေမးျမန္းမႈတြင္ မဲေပးၾကရန္ ျဖဴျဖဴေက်ာ္သိန္းက ထပ္မံတုိက္တြန္းသြားၿပီး "တိုက္႐ိုက္ သုိ႔မဟုတ္ သြယ္ဝိုက္ေပ့ါ။ ၿခိမ္းေျခာက္ေႏွာက္ယွက္ ဖ်က္ဆီးတာမ်ဳိး၊ အႏၱရာယ္ျပဳတာမ်ဳိး ရွိလို႔ရွိရင္ ဘားမွေၾကာက္စရာမလိုပါဘူး" ဟုလည္း ေျပာဆိုသြားခဲ့သည္။



မွတ္ခ်က္ -  မဇၩိမႏွင့္ ေတြ႔ဆံုေမးျမန္းမႈတြင္ မဲေပးၾကရန္ အႏုပညာရွင္မ်ားက မည္သည့္အတြက္ေၾကာင့္ ေစ့ေဆာ္တိုက္တြန္းရသည္၊ မဲစာရင္း မွားယြင္းမႈမ်ားအတြက္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္သို႔ ျဖဴျဖဴေက်ာ္သိန္း၏ တုန္႔ျပန္ခ်က္၊ ျဖဴျဖဴေက်ာ္သိန္း ျဖစ္လိုသည့္ ၂၀၁၅ အလြန္ ျမန္မာႏုိင္ငံတို႔ကို ျပည့္ျပည့္စံုစံု ေျဖၾကားခဲ့သည္။ အဆိုပါ အေသးစိတ္ ေမးျမန္းမႈကို စက္တင္ဘာလ ၃ ရက္တြင္ မဇၩိမ ဒစ္ဂ်စ္တယ္ သတင္းစာ၊ မဇၩိမ အင္တာနက္ စာမ်က္ႏွာမ်ားတြင္ ေဖၚျပေပးပါမည္။

- See more at: http://mizzimaburmese.com/article/5507#sthash.d6YoSO7m.dpuf
......................................
မဲစာရင်းစစ်ဖို့ စည်းရုံးတဲ့ ဖြူဖြူကျော်သိန်း ထမင်းကောင်းကောင်း မစားချင်ဘူးလားလို့ ခြိမ်းခြောက်ခံနေရ
မဇ္ဈိမ

ရန်ကုန်၊ အောက်တိုဘာ ၂။        ။ မဲစာရင်းမှားယွင်းမှုများ များစွာဖြစ်ပေါ်လာ ပြီးနောက် မဲစာရင်းသွားရောက် စစ်ဆေးကြရန်နှင့် မဲပေးကြရန် တိုက်တွန်းနေကြသည့် အနုပညာရှင်များအနက် အဆိုတော် ဖြူဖြူကျော်သိန်းမှာ မဲစာရင်းစစ်ဆေးရန် စည်းရုံးလှုံ့ဆော်ပြီးနောက် ခြိမ်းခြောက်ခံနေရကြောင်း မဇ္ဈိမနှင့် အသေးစိတ် အင်တာဗျူးတွင် ထုတ်ဖေါ်ပြောဆိုလိုက်သည်။

"ရသင့်ရထိုက်တဲ့ အခွင့်အရေးဆိုတာ အတွက်ကို မဲစရင်း ကြည့်ပါလို့ပြောတာ ပြောတာမှာတင်ကို သီချင်းအေးအေး မဆိုချင်ဘူးလာ။ ထမင်းကောင်းကောင်း မစားချင်ဘူးလာ။ မင်းနဲ့ဘဆိုင်လဲ ပြီးတဲ့အခါကျရင် ဘာသာရေး လူမျိုးရေးကစပေါ့နော် အဲလိုမျိုးလေးတွေ ပုတ်ခတ် စော်ကားတိုက်ခိုက် လောင်ပြောင်တာမျိုးလေးတွေ ရှိလာတယ်" ဟု ဖြူဖြူကျော်သိန်းက မဇ္ဈိမကို ပြောသည်။

ခြိမ်းခြောက်သည့်သူများသည် ဖြူဖြူကျော်သိန်း၏ လူမှုကွန်ယက် ဖေ့ဘုတ်စ်မှတစ်ဆင့် ခြိမ်းခြောက်ခြင်းဟုဆိုပြီး အဖွဲ့အစည်း တစ်ခုတွင် ရာထူးကြီးကြီးမားမား ယူထားသည့်သူများပါ ပါဝင်သည်ဟုလည်း ဖြူဖြူကျော်သိန်းက ပြောသည်။

"တစ်ချို့သော အဖွဲ့အစည်းတွေရဲ့ အရေးကြီးတဲ့ နေရာကဏ္ဍမှာ ပါ၀င်ပတ်သက်နေတဲ့ သူတွေရဲ့ အကောင့်တွေကတောင် လာပြီးတော့ လုပ်ကြသူက ရှိတယ်။ အကောင့်ပုံးတွေ အကောင့်တုတွေအားလုံး လာတာပေ့ါနော်"  ဟု ဖြူဖြူကျော်သိန်းက ဆိုသည်။ အဆိုပါ ခြိမ်းခြောက်မှုများအတွက် မှတ်တမ်းများ ရယူထားပြီး ဥပဒေအတိုင်ပင်ခံများနှင့်လည်း ဆက်သွယ် ပြောဆိုထားသည်ဟုလည်း ပြောသည်။

မဇ္ဈိမနှင့် ဖြူဖြူကျော်သိန်းတို့ အသေးစိတ်တွေ့ဆုံမေးမြန်းမှုတွင် မဲပေးကြရန် ဖြူဖြူကျော်သိန်းက ထပ်မံတိုက်တွန်းသွားပြီး "တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပေ့ါ။ ခြိမ်းခြောက်နှောက်ယှက် ဖျက်ဆီးတာမျိုး၊ အန္တရာယ်ပြုတာမျိုး ရှိလို့ရှိရင် ဘားမှကြောက်စရာမလိုပါဘူး" ဟုလည်း ပြောဆိုသွားခဲ့သည်။



မှတ်ချက် -  မဇ္ဈိမနှင့် တွေ့ဆုံမေးမြန်းမှုတွင် မဲပေးကြရန် အနုပညာရှင်များက မည်သည့်အတွက်ကြောင့် စေ့ဆော်တိုက်တွန်းရသည်၊ မဲစာရင်း မှားယွင်းမှုများအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဖြူဖြူကျော်သိန်း၏ တုန့်ပြန်ချက်၊ ဖြူဖြူကျော်သိန်း ဖြစ်လိုသည့် ၂၀၁၅ အလွန် မြန်မာနိုင်ငံတို့ကို ပြည့်ပြည့်စုံစုံ ဖြေကြားခဲ့သည်။ အဆိုပါ အသေးစိတ် မေးမြန်းမှုကို စက်တင်ဘာလ ၃ ရက်တွင် မဇ္ဈိမ ဒစ်ဂျစ်တယ် သတင်းစာ၊ မဇ္ဈိမ အင်တာနက် စာမျက်နှာများတွင် ဖေါ်ပြပေးပါမည်။

- See more at: http://mizzimaburmese.com/article/5507#sthash.d6YoSO7m.dpuf

No comments:

Post a Comment