Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 13, 2015

ေရႊေတာင္ၾကားေန ကုမၸဏီပိုင္ရွင္ အမ်ဳိးသားကို ဇနီးက တစ္လင္တစ္မယား ဥပေဒျဖင့္ အမႈဖြင့္

အင္းယားၿမိဳင္လမ္း၊ ေရႊေတာင္ၾကားတြင္ ေနထိုင္ေသာ အသက္ (၅၈) ႏွစ္အရြယ္ ကုမၸဏီပိုင္ရွင္ အမ်ဳိးသားကို ဇနီးျဖစ္သူက တစ္လင္တစ္မယားစနစ္က်င့္သံုး ျခင္းဆိုင္ရာဥပေဒျဖင့္ ကမာရြတ္ရဲစခန္း၌ ေအာက္တိုဘာ ၁၁ ရက္က အမႈဖြင့္တိုင္ၾကားလိုက္သည္။ ကုမၸဏီပိုင္ရွင္ အမ်ဳိးသားႏွင့္ အသက္ (၄၅)ႏွစ္အရြယ္ အမ်ဳိးသမီးတို႔သည္ သားသမီး သံုးဦးရခ်ိန္အထိ ေပါင္းသင္းခဲ့ၿပီးေနာက္ အမ်ဳိးသားက အျခားအမ်ဳိးသမီးတစ္ဦးႏွင့္ ေပါင္းသင္းေနထိုင္သည့္အတြက္ အမႈဖြင့္တိုင္ၾကားျခင္းျဖစ္ေၾကာင္း ကမာရြတ္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘အမႈလာဖြင့္တာေတာ့ အခု အမ်ဳိးသားရဲ႕ တရား၀င္ယူထားတဲ့ အမ်ဳိးသမီးကိုယ္တိုင္လာဖြင့္တာ ပါ။ သူ႕ေယာက်္ားေနာက္ထပ္ အမ်ဳိးသမီးတစ္ဦးနဲ႔အတူေနတာ သိေတာ့ ကြာရွင္းခြင့္ေတာင္း တယ္။ ဒါေပမဲ့ အမ်ဳိးသားက မကြာေပးသလို ေနာက္အမ်ဳိးသမီးနဲ႔ ထပ္ေနလို႔ အမႈလာဖြင့္တာပါ’’ဟု ၎က ေျပာသည္။

အမႈလာဖြင့္သည့္အမ်ဳိးသမီးသည္ ၂၀၀၈ တြင္ သားသမီးမ်ား ႏိုင္ငံျခားသို႔ ပညာသင္သြားေရာက္စဥ္ လိုက္ပါသြားခဲ့၍ ခင္ပြန္းျဖစ္သူမွာ ျမန္မာႏိုင္ငံတြင္ က်န္ရစ္ခဲ့ၿပီး ကမာရြတ္ၿမိဳ႕နယ္ သံလြင္လမ္း (၁၀) ရပ္ကြက္၌ ေနထိုင္သည့္ အျခားအမ်ဳိးသမီးႏွင့္အတူေပါင္းသင္းေနထိုင္ေန၍ အမႈဖြင့္တိုင္ၾကားခဲ့ျခင္းျဖစ္သည္။

‘‘အခုခ်ိန္ထိေတာ့ အတုိင္ခံရ တဲ့ အမ်ဳိးသားအပါအ၀င္ အမ်ဳိး သမီးကိုပါ လိုက္ဖမ္းေနတုန္းပါ။ အခုခ်ိန္ထိေတာ့ မမိေသးပါဘူး။ အမႈကိုလည္း ေအာက္တိုဘာ ၁၁ ရက္ေန႔ညေနပိုင္းမွ လာဖြင့္သြားတာပါ။ ျပစ္မႈက်ဴးလြန္သူေတြကို ဖမ္းဆီးႏိုင္ဖို႔အတြက္ လည္း လုပ္ေနပါတယ္’’ဟု ကမာ ရြတ္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ ဦးက ေျပာသည္။


ရန္ကုန္ၿမိဳ႕အတြင္း တစ္ လင္တစ္မယားစနစ္က်င့္သံုးျခင္း ဆိုင္ရာ ဥပေဒပုဒ္မ- ၁၃ ျဖင့္ အမႈဖြင့္အေရးယူခဲ့သည့္ ၿမိဳ႕နယ္မ်ား မွာ ဒဂံုဆိပ္ကမ္း၊ လိႈင္သာယာႏွင့္ကမာရြတ္ၿမိဳ႕နယ္တို႔ျဖစ္ေၾကာင္း သိရသည္။
7day daily
.....................................
ရွှေတောင်ကြားနေ ကုမ္ပဏီပိုင်ရှင် အမျိုးသားကို ဇနီးက တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့်

အင်းယားမြိုင်လမ်း၊ ရွှေတောင်ကြားတွင် နေထိုင်သော အသက် (၅၈) နှစ်အရွယ် ကုမ္ပဏီပိုင်ရှင် အမျိုးသားကို ဇနီးဖြစ်သူက တစ်လင်တစ်မယားစနစ်ကျင့်သုံး ခြင်းဆိုင်ရာဥပဒေဖြင့် ကမာရွတ်ရဲစခန်း၌ အောက်တိုဘာ ၁၁ ရက်က အမှုဖွင့်တိုင်ကြားလိုက်သည်။ ကုမ္ပဏီပိုင်ရှင် အမျိုးသားနှင့် အသက် (၄၅)နှစ်အရွယ် အမျိုးသမီးတို့သည် သားသမီး သုံးဦးရချိန်အထိ ပေါင်းသင်းခဲ့ပြီးနောက် အမျိုးသားက အခြားအမျိုးသမီးတစ်ဦးနှင့် ပေါင်းသင်းနေထိုင်သည့်အတွက် အမှုဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘အမှုလာဖွင့်တာတော့ အခု အမျိုးသားရဲ့ တရားဝင်ယူထားတဲ့ အမျိုးသမီးကိုယ်တိုင်လာဖွင့်တာ ပါ။ သူ့ယောကျ်ားနောက်ထပ် အမျိုးသမီးတစ်ဦးနဲ့အတူနေတာ သိတော့ ကွာရှင်းခွင့်တောင်း တယ်။ ဒါပေမဲ့ အမျိုးသားက မကွာပေးသလို နောက်အမျိုးသမီးနဲ့ ထပ်နေလို့ အမှုလာဖွင့်တာပါ’’ဟု ၎င်းက ပြောသည်။

အမှုလာဖွင့်သည့်အမျိုးသမီးသည် ၂၀၀၈ တွင် သားသမီးများ နိုင်ငံခြားသို့ ပညာသင်သွားရောက်စဉ် လိုက်ပါသွားခဲ့၍ ခင်ပွန်းဖြစ်သူမှာ မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့ပြီး ကမာရွတ်မြို့နယ် သံလွင်လမ်း (၁၀) ရပ်ကွက်၌ နေထိုင်သည့် အခြားအမျိုးသမီးနှင့်အတူပေါင်းသင်းနေထိုင်နေ၍ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

‘‘အခုချိန်ထိတော့ အတိုင်ခံရ တဲ့ အမျိုးသားအပါအဝင် အမျိုး သမီးကိုပါ လိုက်ဖမ်းနေတုန်းပါ။ အခုချိန်ထိတော့ မမိသေးပါဘူး။ အမှုကိုလည်း အောက်တိုဘာ ၁၁ ရက်နေ့ညနေပိုင်းမှ လာဖွင့်သွားတာပါ။ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ဖို့အတွက် လည်း လုပ်နေပါတယ်’’ဟု ကမာ ရွတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးက ပြောသည်။


ရန်ကုန်မြို့အတွင်း တစ် လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေပုဒ်မ- ၁၃ ဖြင့် အမှုဖွင့်အရေးယူခဲ့သည့် မြို့နယ်များ မှာ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာနှင့်ကမာရွတ်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။
7day daily

No comments:

Post a Comment