Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 5, 2015

ႏိုဘဲလ္ေဆးပညာဆု အုိင္ယာလန္၊ ဂ်ပန္နဲ႔ တ႐ုတ္ ပူးတဲြရရွိ

ႏိုဘဲလ္ေဆးပညာဆု ေကာ္မဝင္ဝင္မ်ား သတင္းစာရွင္းလင္းပဲြ။ (ေအာက္တိုဘာ ၅၊ ၂၀၁၅)
 ဒီႏွစ္တြက္ ပထမဆံုး ႏိုဘဲလ္ဆုကို ဒီကေန႔ စတင္ ေၾကညာလိုက္ပါၿပီ။ ဆီြဒင္ႏိုင္ငံ စေတာ့ဟုမ္းၿမိဳ႕မွာရွိတဲ့ ႏိုဘဲလ္ေကာ္မတီကေန ေဆးဘက္ဆိုင္ရာ ႏိုဘဲလ္ဆုကို အိုင္ယာလန္၊ ဂ်ပန္နဲ႔ တ႐ုတ္ႏုိင္ငံ တို႔က သိပၸံပညာရွင္ေတြကို ေပးအပ္လိုက္တာပါ။

ကပ္ပါးသန္ေကာင္ေၾကာင့္ျဖစ္တဲ့ ေရာဂါပိုးကို ကုသႏုိင္တဲ့ ကုထံုးတခုကို ရွာေဖြေတြ႔ရွိခဲ့တဲ့အတြက္ အိုင္ယာလန္ႏိုင္ငံက William Campbell၊ ဂ်ပန္ႏုိင္ငံက Satoshi Omura တို႔ကို ေပးအပ္တာျဖစ္ၿပီး တ႐ုတ္ႏုိင္ငံက Tu Youyou ကိုေတာ့ ငွက္ဖ်ားေရာဂါ ေဝဒနာသည္ေတြၾကား ေသဆံုးမႈႏႈန္း သိသိသာသာ ေလ်ာ့က်ေစတဲ့ ေဆးတမ်ိဳး ရွာေဖြေတြ႔ရွိမႈနဲ႔ ေပးအပ္တာပါ။ သူတို႔သံုးဦးက ဒီႏွစ္ ေဆးဘက္ဆိုင္ရာႏိုဘဲလ္ဆုကို ပူးတြဲ ရရွိၾကတာျဖစ္ပါတယ္။ ဒီလူသံုးဦးရဲ႕ ေဆးဘက္ဆုိင္ရာ ရွာေဖြေတြ႔ရွိခ်က္ေတြဟာႏွစ္စဥ္ လူ သန္းေပါင္း ရာနဲ႔ခ်ီ ခံစားေနရတဲ့ ေရာဂါေတြကို တိုက္ဖ်က္ႏုိင္ေအာင္ လူသားေတြအတြက္ အစြမ္းထက္တဲ့ နည္းလမ္းေတြ ရွာေဖြေပးလုိက္ႏိုင္တာျဖစ္တယ္လုိ႔ ႏိုဘဲလ္ေကာ္မတီက ေျပာပါတယ္။ ဒီရွာေဖြေတြ႔ရွိခ်က္ေတြေၾကာင့္ လူေတြရဲ႕ က်န္းမာေရးကို တိုး တက္ေကာင္းမြန္လာေစၿပီး ေရာဂါဒဏ္ခံစားရမႈကို အႀကီးအက်ယ္ ေလွ်ာ့ခ်ေပးႏိုင္တယ္လုိ႔လည္း ေကာ္မတီက ေျပာပါတယ္။

Campbell ဟာ လတ္တေလာ အေမရိကန္ အေရွ႕ဘက္ျခမ္း New Jersey ျပည္နယ္ Madison ၿမိဳ႕မွာရွိတဲ့ Drew တကၠသိုလ္က ဂုဏ္ထူးေဆာင္ သုေတသီတဦး ျဖစ္ပါတယ္။ Omura ကေတာ့ ေဆး၀ါးသိပၸံ နဲ႔ ဓာတုေဗဒပညာရပ္ေတြနဲ႔ ပါရဂူဘြဲ ႏွစ္ခု ရထားတဲ့ ဂ်ပန္ Kitasato တကၠသိုလ္က အၿငိမ္းစား ပါေမာကၡတဦး ျဖစ္ပါတယ္။ Tu Youyou ကေတာ့ တ႐ုတ္ႏိုင္ငံ တိုင္းရင္းေဆးတကၠသိုလ္က အႀကီးအကဲ ပါေမာကၡတဦးျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာဌာန)
http://burmese.voanews.com
.........................

နိုဘဲလ်ဆေးပညာဆု ကော်မဝင်ဝင်များ သတင်းစာရှင်းလင်းပွဲ။ (အောက်တိုဘာ ၅၊ ၂၀၁၅)
 ဒီနှစ်တွက် ပထမဆုံး နိုဘဲလ်ဆုကို ဒီကနေ့ စတင် ကြေညာလိုက်ပါပြီ။ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာရှိတဲ့ နိုဘဲလ်ကော်မတီကနေ ဆေးဘက်ဆိုင်ရာ နိုဘဲလ်ဆုကို အိုင်ယာလန်၊ ဂျပန်နဲ့ တရုတ်နိုင်ငံ တို့က သိပ္ပံပညာရှင်တွေကို ပေးအပ်လိုက်တာပါ။

ကပ်ပါးသန်ကောင်ကြောင့်ဖြစ်တဲ့ ရောဂါပိုးကို ကုသနိုင်တဲ့ ကုထုံးတခုကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် အိုင်ယာလန်နိုင်ငံက William Campbell၊ ဂျပန်နိုင်ငံက Satoshi Omura တို့ကို ပေးအပ်တာဖြစ်ပြီး တရုတ်နိုင်ငံက Tu Youyou ကိုတော့ ငှက်ဖျားရောဂါ ဝေဒနာသည်တွေကြား သေဆုံးမှုနှုန်း သိသိသာသာ လျော့ကျစေတဲ့ ဆေးတမျိုး ရှာဖွေတွေ့ရှိမှုနဲ့ ပေးအပ်တာပါ။ သူတို့သုံးဦးက ဒီနှစ် ဆေးဘက်ဆိုင်ရာနိုဘဲလ်ဆုကို ပူးတွဲ ရရှိကြတာဖြစ်ပါတယ်။ ဒီလူသုံးဦးရဲ့ ဆေးဘက်ဆိုင်ရာ ရှာဖွေတွေ့ရှိချက်တွေဟာနှစ်စဉ် လူ သန်းပေါင်း ရာနဲ့ချီ ခံစားနေရတဲ့ ရောဂါတွေကို တိုက်ဖျက်နိုင်အောင် လူသားတွေအတွက် အစွမ်းထက်တဲ့ နည်းလမ်းတွေ ရှာဖွေပေးလိုက်နိုင်တာဖြစ်တယ်လို့ နိုဘဲလ်ကော်မတီက ပြောပါတယ်။ ဒီရှာဖွေတွေ့ရှိချက်တွေကြောင့် လူတွေရဲ့ ကျန်းမာရေးကို တိုး တက်ကောင်းမွန်လာစေပြီး ရောဂါဒဏ်ခံစားရမှုကို အကြီးအကျယ် လျှော့ချပေးနိုင်တယ်လို့လည်း ကော်မတီက ပြောပါတယ်။

Campbell ဟာ လတ်တလော အမေရိကန် အရှေ့ဘက်ခြမ်း New Jersey ပြည်နယ် Madison မြို့မှာရှိတဲ့ Drew တက္ကသိုလ်က ဂုဏ်ထူးဆောင် သုတေသီတဦး ဖြစ်ပါတယ်။ Omura ကတော့ ဆေးဝါးသိပ္ပံ နဲ့ ဓာတုဗေဒပညာရပ်တွေနဲ့ ပါရဂူဘွဲ နှစ်ခု ရထားတဲ့ ဂျပန် Kitasato တက္ကသိုလ်က အငြိမ်းစား ပါမောက္ခတဦး ဖြစ်ပါတယ်။ Tu Youyou ကတော့ တရုတ်နိုင်ငံ တိုင်းရင်းဆေးတက္ကသိုလ်က အကြီးအကဲ ပါမောက္ခတဦးဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

No comments:

Post a Comment