CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, October 2, 2015
မဲမထည့်ဖို့ ပြောဆိုမှုတွေဟာ မဘသအဖွဲ့ ညွှန်ကြားချက်မဟုတ်
"မဘသဘက်က သူ့ရဲ့ပုဂ္ဂိုလ်ရေးအရလုပ်ရင်လည်း ဘုန်းဘုန်းတို့က ဒါမျိုးတွေမလုပ်ဖို့ တစ်ဘက်မှာလည်းပဲ အလွန်အကျွံမပြောဖို့ဆိုတာ ဘုန်းဘုန်းတို့က အခုလို အခွင့်အခါသင့်တိုင်း နေ့တိုင်း မေတ္တာရပ်ခံပါတယ်၊ ပြောလည်းပြောဆိုချင်ပါတယ်၊ ပုဂ္ဂိုလ်ရေးရာနဲ့ အဖွဲ့အစည်းရဲ့ကိုယ်စား အဲ့နှစ်ခုတော့ သဲသဲကွဲကွဲနားလည်စေချင်ပါတယ်၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ သူပြောချင်တဲ့စကားကိုပြောတိုင်း ဘုန်းဘုန်းတို့က ဆန်စင်ရာ ကျည်ပွေ့လိုက်နေရရင် ဘုန်ဘုန်းတို့လိုချင်တဲ့ ငြိမ်းချမ်းရေးက ဘယ်တော့မှရမှာမဟုတ်ပါဘူး"
RFA Burmese
.........................................
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမထည့်ဖို့ ပြောဆိုမှုတွေဟာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးရဲ့ ညွှန်ကြားမှုမဟုတ်ဘူးလို့ ဦးဆောင်ဆရာတော်တွေက မိန့်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ မျိုးစောင့်ဥပဒေ ပြဌာန်းနိုင်တဲ့ အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်ဆရာတော် အရှင်ဓမ္မပီယက အခုလို မိန့်ကြားပါတယ်။
"မဘသဘက်က သူ့ရဲ့ပုဂို္ဂလ်ရေးအရလုပ်ရင်လည်း ဘုန်းဘုန်းတို့က ဒါမျိုးတွေမလုပ်ဖို့ တစ်ဘက်မှာလည်းပဲ အလွန်အကျွံမပြောဖို့ဆိုတာ ဘုန်းဘုန်းတို့က အခုလို အခွင့်အခါသင့်တိုင်း နေ့တိုင်း မေတ္တာရပ်ခံပါတယ်၊ ပြောလည်းပြောဆိုချင်ပါတယ်၊ ပုဂို္ဂလ်ရေးရာနဲ့ အဖွဲ့အစည်းရဲ့ကိုယ်စား အဲ့နှစ်ခုတော့ သဲသဲကွဲကွဲနားလည်စေချင်ပါတယ်၊ ပုဂို္ဂလ်တစ်ဦးတစ်ယောက်ရဲ့ သူပြောချင်တဲ့စကားကိုပြောတိုင်း ဘုန်းဘုန်းတို့က ဆန်စင်ရာ ကျည်ပွေ့လိုက်နေရရင် ဘုန်ဘုန်းတို့လိုချင်တဲ့ ငြိမ်းချမ်းရေးက ဘယ်တော့မှရမှာမဟုတ်ပါဘူး"
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင်တွေဟာ သံဃာအပါအဝင် ဦးရေ ငါးသောင်းကျော်ရှိနေတဲ့အတွက် သံဃာတိုင်းရဲ့ လုပ်ဆောင်ချက်တွေအားလုံးကို မသိရှိနိုင်ဘူးလို့လည်း ဆရာတော်က မိန့်ကြားပါတယ်။
မဘသအဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို သွားနေတဲ့လမ်းကြောင်းမှာ ဘာသာ သာသနာငြိမ်းချမ်းရေးကိုသာ ဦးတည်နေတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ မိန့်ကြားခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/RFA-Burmese-39218993127/timeline/
မဲမထည့်ဖို့ ပြောဆိုမှုတွေဟာ မဘသအဖွဲ့ ညွှန်ကြားချက်မဟုတ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 02, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 02, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment