Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 22, 2015

စိမ္းလဲ့ကန္သာ ၅ ေလာင္းျပိဳင္လူသတ္မႈမွာ ေသဆံုးခဲ့ရသူေတြရဲ႕ ၀ိညာဥ္ေတြ အိမ္ၾကီးမွာ ရွိေနေသးသလား


“ကြ်န္ေတာ္ ညအိပ္ေနတာ သူတို႔ ပစ္သတ္ခံခဲ့ရတဲ့အခန္းမွာပါ။ ဒီအိမ္ၾကီးမွာ သူတို႔ေတြရွိေနေသးတယ္လို႔ ကြ်န္ေတာ္ ယံုၾကည္တယ္ . . .”

၂၀၀၈ ခုႏွစ္က နိုင္ငံေက်ာ္ ၅ ေလာင္းျပိဳင္လူသတ္မႈျဖစ္ပြားခဲ့ေသာ စိမ္းလဲ့ကန္သာလမ္း ျခံအမွတ္ ၁၂၆ ၌ အဆင့္ျမင့္ စားေသာက္ဆိုင္ၾကီးတခုဖြင့္လွစ္ရန္ စီစဥ္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

အဆိုပါ ေနအိမ္တြင္ ၂၀၀၈ မတ္ ၃ ရက္ေန႔က မိုးကုတ္သူေဌးၾကီး ဦးျမေမာင္၏ သမီး ေဒၚစန္းစန္းျမင့္ (အသက္ ၅၈ ႏွစ္) ၊ သားမက္ ေစာ္ဘြားႏြယ္၀င္ ဦးစ၀္ၾကည္ဖ (၆၀ ႏွစ္) ၊ ေျမးႏွစ္ဦး ေဒၚျမစႏၵာ (၃၆ ႏွစ္) ၊ မႏွင္းပြင့္ေအး (၂၇ ႏွစ္) ႏွင့္ အိမ္အကူ မအယ္ေဖာ (၁၅ ႏွစ္) စုစုေပါင္း ၅ ဦးတို႔ ပစ္ခတ္လုပ္ၾကံသတ္ျဖတ္ျခင္း ခံခဲ့ရျပီး တရားခံမ်ားကို ယေန႔ထက္ထိ မေဖာ္ထုတ္နိုင္ေသးေၾကာင္း သိရသည္။ အမႈကို စံုစမ္းစစ္ေဆးခဲ့စဥ္ကာလအတြင္း အစိုးရက ယာယီခ်ိတ္ပိတ္ထားခဲ့ေသာ အဆိုပါ ေနအိမ္ၾကီးတြင္ ယခုကဲ့သို႔ Royal Legacy အမည္ျဖင့္ နိုင္ငံတကာအဆင့္မီ အေနာက္တိုင္းႏွင့္ အိႏၵိယအစားအေသာက္ဆိုင္ ဖြင့္လွစ္မည္ဆိုေသာ သတင္းထြက္ေပၚလာရာ အမ်ားျပည္သူက အထူး စိတ္၀င္စားလ်က္ရွိသည္။

ယင္းႏွင့္ပတ္သက္၍ “အဲဒီအမႈက အမႈႀကီးျဖစ္ေနတယ္။ ၿပီးေတာ့ ဒါက ႏိုင္ငံတကာကလည္း စိတ္၀င္စားတယ္။ ကြ်န္ေတာ္တို႔ ရန္ကုန္တိုင္းရဲတပ္ဖြဲ႔က စီအိုင္ဒီကို လႊဲလိုက္ၿပီ။ သမာရိုးက်ဆိုရင္ေတာ့ အမႈရင္ဆုိင္ဆဲျဖစ္တဲ့ အိမ္ျခံေျမေပၚမွာ ဒီလိုလုပ္လို႔ မရနိုင္ဘူးေလ။ ဒါေပမယ့္ တရားခံကို ရွာတာက ရွာတာပဲ၊ ဒါက တက႑၊ ပိုင္ဆုိင္မႈရွိတာက တက႑။ ကြ်န္ေတာ့္အျမင္ ေျပာတာပါ”ဟု ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးရံုးမွ ဒုတိုင္းရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ၀င္းဗိုလ္ က News Watch သို႔ ေျပာသည္။

စီအိုင္ဒီမွ တာ၀န္ရွိသူတဦးက ၎ေနအိမ္ကို တရားရုံးမွ ပိုင္ရွင္ထံ ျပန္လည္လႊဲေျပာင္းေပးခဲ့ျပီးျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားေသာ္လည္း မည္သည့္အခ်ိန္က မည္သူ႔ထံလႊဲေျပာင္းေပးခဲ့သနည္းဆိုသည္ကို မေျဖၾကားခဲ့ေခ်။

“အဲဒါက အခင္းျဖစ္ၿပီးလို႔ ဒုိ႔က ပိုင္ရွင္ေတြကို ျပန္လႊဲေပးၿပီးျပီ။ ျပန္လႊဲေပးၿပီဆိုေတာ့ ပိုင္ရွင္ေတြက သူတို႕မွာသူတို႕ ႀကိဳက္တာလုပ္လို႕ရၿပီေလ။ ဒို႕က လႊဲတာေတာ့မဟုတ္ဘူး။ တရားရံုးကေနၿပီးေတာ့ ပိုင္ဆိုင္ခြင့္ရွိတဲ့ ဘယ္သူေတြပိုင္ဆုိင္ခြင့္ရွိလဲ ဘာညာဆိုတာကို သူတို႕မွာ သူတို႔ အေမြဆုိင္ေပါ့ကြယ္။ လႊဲၿပီးသြားေတာ့ သူတို႔ပုိင္ပစၥည္းျဖစ္တဲ့အတြက္ သူတို႔စိတ္ႀကိဳက္လုပ္ပိုင္ခြင့္ရွိတယ္။ တဖက္က အမႈေၾကာင္းအရေတာ့ တရားခံေတြကို ဖမ္းမိဖို႔က်ေတာ့ လက္ရွိအထိ စံုစမ္းဆဲပါပဲ။ ပိုင္ရွင္ကို လႊဲလိုက္တဲ့ ႏွစ္ကိုေတာ့ကိုယ္တုိ႔ မမွတ္မိေတာ့ဘူး။ ညီေလး သိခ်င္ရင္ေတာ့ ပိုင္ရွင္ကို ေမးၾကည့္မွရမယ္”ဟု စီအိုင္ဒီမွ တာ၀န္ရွိသူက News Watch သို႔ ေျပာၾကားခဲ့သည္။

မိုးကုတ္ဦးျမေမာင္ မိသားစုတြင္ အနီးစပ္ဆံုး ေဆြမ်ဳိးအျဖစ္ ေသဆံုးသူ ေဒၚျမစႏၵာ၏ ခင္ပြန္း ဦးသုေဇာ္ဆိုသူ က်န္ရစ္ေၾကာင္း သိရသည္။ အခင္းျဖစ္ပြားျပီး ေနာက္ပိုင္း ဦးသုေဇာ္သည္လည္း ေခၚယူစစ္ေဆးမႈ ခံခဲ့ရေသးသည္။

အဆိုပါ ျခံႏွင့္အိမ္တြင္ စားေသာက္ဆိုင္ဖြင့္ခြင့္ မည္သို႔မည္ပံု ရရွိခဲ့ျခင္းႏွင့္ပတ္သက္၍ Royal Legacy မွ တာ၀န္ရွိသူမ်ားထံ ေမးျမန္းေသာ္လည္း ဆိုင္ရွင္၏သားျဖစ္သူ ရွီဗာပင္ရန္ႏူးက အေသးစိတ္ထုတ္ေဖာ္ ေျပာဆိုရန္ ျငင္းဆန္ခဲ့သည္။

“ပိုင္ရွင္က ကြ်န္ေတာ့္အေဖပါ။ နာမည္က မစၥတာ JD။ ခင္ဗ်ား ေမးတဲ့ ဥပေဒေၾကာင္းဆိုင္ရာ ကိစၥရပ္ေတြကို မေျဖေပးနိုင္တာ စိတ္မေကာင္းပါဘူး”ဟု ၎က ေျပာသည္။

“ဒီအမႈကို ကြ်န္ေတာ္လည္း သိပါတယ္။ သူတို႔ ဘယ္သူေတြဆိုတာ မသိေပမယ့္ တကယ့္ကို စိတ္မေကာင္းစရာပါ။ ဒါေပမယ့္ ကြ်န္ေတာ္ ေသခ်ာေပါက္ေျပာနိုင္တာကေတာ့ ေသဆံုးသြားသူေတြက သူတို႔အိမ္ကို အခုလို အမ်ားအတြက္ အသံုးက်ေအာင္ အသံုးခ်လိုက္တာကို ေပ်ာ္ရႊင္ေနၾကတယ္။ ကြ်န္ေတာ္တို႔ကလည္း သူတို႔အတြက္ ေန႔တိုင္းဆုေတာင္းေပးတယ္။ ျခံေထာင့္မွာ သူတို႔အတြက္ နတ္ကြန္းထားေပးထားပါတယ္။ ကြ်န္ေတာ္ ညအိပ္ေနတာ သူတို႔ ပစ္သတ္ခံခဲ့ရတဲ့အခန္းမွာပါ။ ဒီအိမ္ၾကီးမွာ သူတို႔ေတြရွိေနေသးတယ္လို႔ ကြ်န္ေတာ္ ယံုၾကည္တယ္။ သူတို႔က ကြ်န္ေတာ္တို႔ကို အကာအကြယ္ ေပးထားတယ္။ တရားခံေတြ မမိေသးတာကေတာ့ ကြ်န္ေတာ္ထင္တယ္ (ျမန္မာနိုင္ငံ) ရဲတပ္ဖြဲ႔က သူတို႔ဘာလုပ္ရမယ္ဆိုတာ သူတို႔ သိပါတယ္။ သူတို႔မွာ အဲဒီလိုလုပ္ေဆာင္နိုင္စြမ္းလည္း အျပည့္ရွိပါတယ္”ဟု Royal Legacy မွ တာ၀န္ရွိသူ ဟိႏၵဴဘာသာ၀င္ မစၥတာ မာႏူး စီရုိဟီ က ေျပာၾကားခဲ့သည္။

Royal Legacy စားေသာက္ဆိုင္ကို နို၀င္ဘာလ အေစာပိုင္းတြင္ ဖြင့္လွစ္ရန္ စီစဥ္ထားျပီး လက္ရွိတြင္ ျခံအ၀င္၀၌ “126” ေကာ္ဖီဆိုင္ကို ဖြင့္လွစ္ထားသည္။ စားေသာက္ဆိုင္ဖြင့္လွစ္ရန္အတြက္ ေနအိမ္ၾကီးကို ျပဳျပင္မြမ္းမံထားျပီး ေနအိမ္၏အဓိက၀င္ေပါက္တံခါးကို အိႏၵိယနိုင္ငံမွ တင္သြင္းလာေသာ ႏွစ္ ၃၀၀ ေက်ာ္ သက္တမ္းရွိ အိႏိၵယဟန္ တံခါးမၾကီးတပ္ဆင္ထားရာ ၎တံခါးမၾကီးမွာ ခန္႔မွန္းေျခ အေမရိကန္ေဒၚလာ ၁ သန္းေက်ာ္ တန္ေၾကးရွိသည္ဟု မစၥတာ ရွီဗာ က ေျပာၾကားသည္။

လင္းလင္းေအာင္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.........................



“ကျွန်တော် ညအိပ်နေတာ သူတို့ ပစ်သတ်ခံခဲ့ရတဲ့အခန်းမှာပါ။ ဒီအိမ်ကြီးမှာ သူတို့တွေရှိနေသေးတယ်လို့ ကျွန်တော် ယုံကြည်တယ် . . .”

၂၀၀၈ ခုနှစ်က နိုင်ငံကျော် ၅ လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့သော စိမ်းလဲ့ကန်သာလမ်း ခြံအမှတ် ၁၂၆ ၌ အဆင့်မြင့် စားသောက်ဆိုင်ကြီးတခုဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ နေအိမ်တွင် ၂၀၀၈ မတ် ၃ ရက်နေ့က မိုးကုတ်သူဌေးကြီး ဦးမြမောင်၏ သမီး ဒေါ်စန်းစန်းမြင့် (အသက် ၅၈ နှစ်) ၊ သားမက် စော်ဘွားနွယ်ဝင် ဦးစဝ်ကြည်ဖ (၆၀ နှစ်) ၊ မြေးနှစ်ဦး ဒေါ်မြစန္ဒာ (၃၆ နှစ်) ၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်အကူ မအယ်ဖော (၁၅ နှစ်) စုစုပေါင်း ၅ ဦးတို့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပြီး တရားခံများကို ယနေ့ထက်ထိ မဖော်ထုတ်နိုင်သေးကြောင်း သိရသည်။ အမှုကို စုံစမ်းစစ်ဆေးခဲ့စဉ်ကာလအတွင်း အစိုးရက ယာယီချိတ်ပိတ်ထားခဲ့သော အဆိုပါ နေအိမ်ကြီးတွင် ယခုကဲ့သို့ Royal Legacy အမည်ဖြင့် နိုင်ငံတကာအဆင့်မီ အနောက်တိုင်းနှင့် အိန္ဒိယအစားအသောက်ဆိုင် ဖွင့်လှစ်မည်ဆိုသော သတင်းထွက်ပေါ်လာရာ အများပြည်သူက အထူး စိတ်ဝင်စားလျက်ရှိသည်။

ယင်းနှင့်ပတ်သက်၍ “အဲဒီအမှုက အမှုကြီးဖြစ်နေတယ်။ ပြီးတော့ ဒါက နိုင်ငံတကာကလည်း စိတ်ဝင်စားတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က စီအိုင်ဒီကို လွှဲလိုက်ပြီ။ သမာရိုးကျဆိုရင်တော့ အမှုရင်ဆိုင်ဆဲဖြစ်တဲ့ အိမ်ခြံမြေပေါ်မှာ ဒီလိုလုပ်လို့ မရနိုင်ဘူးလေ။ ဒါပေမယ့် တရားခံကို ရှာတာက ရှာတာပဲ၊ ဒါက တကဏ္ဍ၊ ပိုင်ဆိုင်မှုရှိတာက တကဏ္ဍ။ ကျွန်တော့်အမြင် ပြောတာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းဗိုလ် က News Watch သို့ ပြောသည်။

စီအိုင်ဒီမှ တာဝန်ရှိသူတဦးက ၎င်းနေအိမ်ကို တရားရုံးမှ ပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း အတည်ပြုပြောကြားသော်လည်း မည်သည့်အချိန်က မည်သူ့ထံလွှဲပြောင်းပေးခဲ့သနည်းဆိုသည်ကို မဖြေကြားခဲ့ချေ။

“အဲဒါက အခင်းဖြစ်ပြီးလို့ ဒို့က ပိုင်ရှင်တွေကို ပြန်လွှဲပေးပြီးပြီ။ ပြန်လွှဲပေးပြီဆိုတော့ ပိုင်ရှင်တွေက သူတို့မှာသူတို့ ကြိုက်တာလုပ်လို့ရပြီလေ။ ဒို့က လွှဲတာတော့မဟုတ်ဘူး။ တရားရုံးကနေပြီးတော့ ပိုင်ဆိုင်ခွင့်ရှိတဲ့ ဘယ်သူတွေပိုင်ဆိုင်ခွင့်ရှိလဲ ဘာညာဆိုတာကို သူတို့မှာ သူတို့ အမွေဆိုင်ပေါ့ကွယ်။ လွှဲပြီးသွားတော့ သူတို့ပိုင်ပစ္စည်းဖြစ်တဲ့အတွက် သူတို့စိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိတယ်။ တဖက်က အမှုကြောင်းအရတော့ တရားခံတွေကို ဖမ်းမိဖို့ကျတော့ လက်ရှိအထိ စုံစမ်းဆဲပါပဲ။ ပိုင်ရှင်ကို လွှဲလိုက်တဲ့ နှစ်ကိုတော့ကိုယ်တို့ မမှတ်မိတော့ဘူး။ ညီလေး သိချင်ရင်တော့ ပိုင်ရှင်ကို မေးကြည့်မှရမယ်”ဟု စီအိုင်ဒီမှ တာဝန်ရှိသူက News Watch သို့ ပြောကြားခဲ့သည်။

မိုးကုတ်ဦးမြမောင် မိသားစုတွင် အနီးစပ်ဆုံး ဆွေမျိုးအဖြစ် သေဆုံးသူ ဒေါ်မြစန္ဒာ၏ ခင်ပွန်း ဦးသုဇော်ဆိုသူ ကျန်ရစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားပြီး နောက်ပိုင်း ဦးသုဇော်သည်လည်း ခေါ်ယူစစ်ဆေးမှု ခံခဲ့ရသေးသည်။

အဆိုပါ ခြံနှင့်အိမ်တွင် စားသောက်ဆိုင်ဖွင့်ခွင့် မည်သို့မည်ပုံ ရရှိခဲ့ခြင်းနှင့်ပတ်သက်၍ Royal Legacy မှ တာဝန်ရှိသူများထံ မေးမြန်းသော်လည်း ဆိုင်ရှင်၏သားဖြစ်သူ ရှီဗာပင်ရန်နူးက အသေးစိတ်ထုတ်ဖော် ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

“ပိုင်ရှင်က ကျွန်တော့်အဖေပါ။ နာမည်က မစ္စတာ JD။ ခင်ဗျား မေးတဲ့ ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်တွေကို မဖြေပေးနိုင်တာ စိတ်မကောင်းပါဘူး”ဟု ၎င်းက ပြောသည်။

“ဒီအမှုကို ကျွန်တော်လည်း သိပါတယ်။ သူတို့ ဘယ်သူတွေဆိုတာ မသိပေမယ့် တကယ့်ကို စိတ်မကောင်းစရာပါ။ ဒါပေမယ့် ကျွန်တော် သေချာပေါက်ပြောနိုင်တာကတော့ သေဆုံးသွားသူတွေက သူတို့အိမ်ကို အခုလို အများအတွက် အသုံးကျအောင် အသုံးချလိုက်တာကို ပျော်ရွှင်နေကြတယ်။ ကျွန်တော်တို့ကလည်း သူတို့အတွက် နေ့တိုင်းဆုတောင်းပေးတယ်။ ခြံထောင့်မှာ သူတို့အတွက် နတ်ကွန်းထားပေးထားပါတယ်။ ကျွန်တော် ညအိပ်နေတာ သူတို့ ပစ်သတ်ခံခဲ့ရတဲ့အခန်းမှာပါ။ ဒီအိမ်ကြီးမှာ သူတို့တွေရှိနေသေးတယ်လို့ ကျွန်တော် ယုံကြည်တယ်။ သူတို့က ကျွန်တော်တို့ကို အကာအကွယ် ပေးထားတယ်။ တရားခံတွေ မမိသေးတာကတော့ ကျွန်တော်ထင်တယ် (မြန်မာနိုင်ငံ) ရဲတပ်ဖွဲ့က သူတို့ဘာလုပ်ရမယ်ဆိုတာ သူတို့ သိပါတယ်။ သူတို့မှာ အဲဒီလိုလုပ်ဆောင်နိုင်စွမ်းလည်း အပြည့်ရှိပါတယ်”ဟု Royal Legacy မှ တာဝန်ရှိသူ ဟိန္ဒူဘာသာဝင် မစ္စတာ မာနူး စီရိုဟီ က ပြောကြားခဲ့သည်။

Royal Legacy စားသောက်ဆိုင်ကို နိုဝင်ဘာလ အစောပိုင်းတွင် ဖွင့်လှစ်ရန် စီစဉ်ထားပြီး လက်ရှိတွင် ခြံအဝင်ဝ၌ “126” ကော်ဖီဆိုင်ကို ဖွင့်လှစ်ထားသည်။ စားသောက်ဆိုင်ဖွင့်လှစ်ရန်အတွက် နေအိမ်ကြီးကို ပြုပြင်မွမ်းမံထားပြီး နေအိမ်၏အဓိကဝင်ပေါက်တံခါးကို အိန္ဒိယနိုင်ငံမှ တင်သွင်းလာသော နှစ် ၃၀၀ ကျော် သက်တမ်းရှိ အိန္ဒိယဟန် တံခါးမကြီးတပ်ဆင်ထားရာ ၎င်းတံခါးမကြီးမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ သန်းကျော် တန်ကြေးရှိသည်ဟု မစ္စတာ ရှီဗာ က ပြောကြားသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment