Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 22, 2015






BBC Burmese

...............................................................

က​လပ်​တွေ​ထဲ ​ဝင်​ရောက်​မှု ​တ​ရုတ် ​ကွန်​မြူ​နစ်​ပါ​တီ ​တား​မြစ်


​တ​ရုတ်​ပြည်​မှာ ​ဂေါက်​က​လပ်​တွေ​ဟာ ​အ​ရာ​ရှိ​တွေ ​မ​သ​မာ​တဲ့ ​ညှိ​နှိုင်း​မှု​တွေ ​လုပ်​ရာ ​နေ​ရာ​အ​ဖြစ် ​ရှု​မြင်​ကြ။
 ​တ​ရုတ် ​ကွန်​မြူ​နစ် ​ပါ​တီ​က ​နောက်​ဆုံး ​ထုတ်​ပြန်​တဲ့ ​ပါ​တီ ​စည်း​ကမ်း​ချက်​တွေ ​အ​ရ ​သူ့​ရဲ့ ၈၈ ​သန်း​ရှိ​တဲ့ ​ကွန်​မြူ​နစ် ​ပါ​တီ​ဝင်​တွေ​ကို ​ဂေါက်​က​လပ်​နဲ့ ​တ​ခြား ​က​လပ်​တွေ​ထဲ ​ဝင်​ရောက်​ခွင့်​ကို ​တား​မြစ် ​ပိတ်​ပင် ​လိုက်​ပါ​တယ်။

​အ​သုံး​အ​ဖြုန်း ​ကြီး​တဲ့ ​သောက်​စား​မှု​တွေ​နဲ့ ​အာ​ဏာ ​အ​လွဲ​သုံး​မှု​တွေ ​ကို​လည်း ​ထုံး​စံ​အ​တိုင်း ​ပိတ်​ပင် ​ထား​တယ်​လို့ ​ဆင်​ဟွာ ​သ​တင်း​ဌာ​န​က ​ကြေ​ညာ ​ခဲ့​ပါ​တယ်။

​တ​ရုတ် ​ကွန်​မြူ​နစ် ​ပါ​တီ​ဟာ ​အ​ရင်​က ​သူ့​အ​ရာ​ရှိ​တွေ​ကို ​သုံး​ဖြုန်း ​သောက်​စား​မှု​တွေ၊ ​ပြည်​သူ​ပိုင်​ငွေ​နဲ့ ​လ​မုန့် ​ဝယ်​တာ​တွေ ​အ​တွက် ​သ​တိ​ပေး​ချက် ​ထုတ်​ခဲ့​ဖူး​ပါ​တယ်။

၂၀၁၂ ​ခု​နှစ်​က ​စ​ပြီး ​တ​ရုတ် ​အ​စိုး​ရ​က ​အ​ကျင့်​ပျက် ​ခြ​စား​မှု​တွေ​ကို ​တင်း​တင်း​ကျပ်​ကျပ် ​ကိုင်​တွယ် ​လာ​ခဲ့​တာ​ပါ။

​အ​ခု ​အ​သစ်​ထုတ်​လိုက်​တဲ့ ​စည်း​ကမ်း​ချက်​တွေ ​အ​ရ ​ကွန်​မြူ​နစ် ​ပါ​တီ​ဝင်​တွေ ​အ​နေ​နဲ့ ​ဂေါက်​က​လပ်​တွေ၊ ​အား​က​စား​ရုံ ​က​လပ်​တွေ၊ ​တ​ခြား ​က​လပ် ​အ​မျိုး​မျိုး​နဲ့ ​ပု​ဂ္ဂ​လိ​က​ပိုင် ​က​လပ်​တွေ​ရဲ့ ​အ​ဖွဲ့​ဝင် ​အ​ဖြစ် ​ဝင်​ရောက်​မှု၊ ​ဒါ​မှ​မ​ဟုတ် ​အ​ဖွဲ့​ဝင် ​ကတ်​ပြား ​ကိုင်​ဆောင် ​သုံး​စွဲ​မှု ​စ​တာ​တွေ​ကို ​တား​မြစ် ​လိုက်​တာ ​ဖြစ်​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment