Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 7, 2015

Steve Jobs ဟာ နည်းပညာအကြောင်းမသိခဲ့ဘူးလို့ Apple ပူးတွဲတည်ထောင်သူ ပြောကြား

Apple ပူးတွဲတည်ထောင်သူ Steve Wozniak ဟာ အင်တာဗျူးတွေမှာ ပွင့်ပွင့်လင်းလင်း ပြောလေ့
မရှိပေမယ့် ဒီတစ်ခါမှာတော့ သူရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။

Youtube channel တစ်ခုဖြစ်တဲ့ Reach A Student ကို ပြောပြခဲ့ရာမှာ၊ Steve Wozniak ဟာ Apple
ကုမ္ပဏီရဲ့ အစောပိုင်းနေ့ ရက်တွေအကြောင်း ဖွင့်ဟခဲ့ပြီး သူ့ ရဲ့ စီးပွားရေးလက်တွဲဘက် Steve Jobs ဟာ နည်းပညာအကြောင်း မသိဘူးလို့ ပြောလိုက်ပါတယ်။

အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Wozniak က Apple I နဲ့ Apple II ကွန်ပြူတာတွေရဲ့ ဒီဇိုင်းမှာ Jobs ရဲ့ အခန်းကဏ္ဍမပါဝင်ခဲ့ဘဲ Jobs ဟာ အရေးပါတဲ့လူတစ်ယောက်သာ ဖြစ်ချင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အင်တာဗျူးကို Youtube ချယ်နယ်တစ်ခု လွှင့်တင်ထားတဲ့ အသက် ၁၄ နှစ်အရွယ် စွန့် ဦးတီထွင်
လုပ်ငန်းရှင် Sarina Khemchandani က မေးမြန်းခဲ့တာဖြစ်ပါတယ်။

“ Apple ရဲ့ အစောပိုင်းကွန်ပြူတာတွေဖန်တီးရာမှာတွေ့ ရတဲ့ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲပြဿနာ အများအပြားကို
ရှင်က အောင်အောင်မြင်မြင်ဖြေရှင်းနိုင်ခဲ့တယ်လို့ ကျွန်မ နားစွန်နားဖျားကြားမိတယ်။ ဒါနဲ့ ဒီအချိန်တုန်းက Steve Jobs က ဘယ်အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာများလဲ” လို့ သူမက မေးမြန်းခဲ့ရာ

Wozniak က “ Apple I နဲ့ Apple II ကွန်ပြူတာ ၊ printer interface ၊ serial interface ၊ floppy disk
 ပြားတွေနဲ့ ကွန်ပြူတာရဲ့ စွမ်းဆောင်ရည်ကို ပိုကောင်းအောင် ကျွန်တော်ပြုလုပ်ခဲ့တဲ့ ပစ္စည်းဒီဇိုင်းတွေ အားလုံးမှာ Steve Jobs ရဲ့ အခန်းကဏ္ဍလုံးဝ မရှိခဲ့ပါဘူး။ သူက နည်းပညာအကြောင်း မသိပါဘူး။ အရေးပါတဲ့သူတစ်ယောက်ဖြစ်ချင်ခဲ့တာ။ အရေးပါတဲ့လူတွေဆိုတာ စီးပွားရေးသမားတွေပေါ့။ သူလုပ်ချင်ခဲ့တာ
ကလည်း စီးပွားရေးသမားပါပဲ။” လို့ ပြန်ဖြေခဲ့ပါတယ်။

ပထမဦးဆုံးအိမ်သုံးကွန်ပြုတာဖြစ်တဲ့ Apple I ကွန်ပြူတာကို ၁၉၇၆ ခုနှစ်မှာ Wozniak က ကားဂိုထောင်
တစ်ခုထဲမှာ လက်နဲ့ ပဲ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကွန်ပြူတာကို ဒေါ်လာ ၆၆၆.၆၆ နဲ့ ရောင်းချခဲ့ပြီး အလုံးရေ ၂၀၀ ပြုလုပ်ခဲ့ပါတယ်။

( Ye Wint )

No comments:

Post a Comment