Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 15, 2015

Lindsay Lohan ရဲ့ ရည်းစားဟောင်းနဲ့ တွဲနေတဲ့ Britney Spears



ပေါ့ပ် အဆိုတော် Britney Spears တစ်ယောက် ရည်းစား အသစ် ရ နေပြန်ပါပြီ။ ဒီတစ်ခေါက်တော့ သူမတွဲနေတဲ့ အမျိုးသား ဟာ ကျော်ကြားသူ ကြယ်ပွင့်တွေနဲ့ ဇာတ်လမ်းတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

သတင်းဖော်ပြချက်တွေအရ ပေါ့ပ်စတား ဘရစ်တနေ ဟာ ကယ်လီဖိုးနီးယား ပြည်နယ် က Studio City မြို့မှာ ရှိတဲ့ Iroha ဆူရှီ ဆိုင်မှာ Harry Morton ဆိုတဲ့ အမျိုးသား နဲ့ ပထမဆုံး အကြိမ် Date လုပ်ခဲ့တယ်လို့ သိရပါတယ်။

Harry Morton ရဲ့ နာမည်ဟာ အားလုံးနဲ့ ရင်းနှီးနေမှာပါ။ ဘာကြောင့်လဲဆိုတော့ Morton ဟာ အရင်တုန်းကလည်း နာမည်ကျော်တွေဖြစ်ကြတဲ့ Lindsay Lohan နဲ့ Demi Moore တို့ကို တွဲခဲ့ဖူးပါတယ်။

ရည်းစားဟောင်း Charlie Ebersol နဲ့ ၈လ ခန့်တွဲပြီး ဒီနှစ် ဇွန်လ မှာ လမ်းခွဲခဲ့တဲ့ Britney Spears ဟာ Harry နဲ့အတူ ကဗျာဆန်လှတဲ့ ချိန်းတွေ့မှု တစ်ခု ကို ရခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

Harry ဟာ Morton Steakhouse ဆိုတဲ့ စားသောက်ဆိုင်ပိုင်ရှင် Annie Morton ရဲ့ မြေးတော်စပ်သူဖြစ်ပြီး Harry ဟာ Lindsay Lohan နဲ့ လမ်းခွဲခဲ့တုန်းက တော့ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ခဲ့ပြီး သူပိုင်ဆိုင်တဲ့ ဟောလီးဝုဒ် က ကွန်ဒို ကို Lindsay Lohan က ကလဲ့စားချေတဲ့ အနေနဲ့ ဖျက်ဆီးခဲ့သေးတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

Harry ဟာလက်ရှိမှာ Morton Steakhouse စားသောက်ဆိုင်ရဲ့ CEO ဖြစ်ပြီး သူ့ရဲ့ စားသောက်ဆိုင်ဟာ Las Vegas က နာမည်ကျော် Hard Rock ဟိုတယ်မှာ တည်ရှိတာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment