Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 28, 2015

'Facebook သူငယ်ချင်းဆိုသူတွေရဲ့ ပြန်ပေးဆွဲခံရတဲ့ ညီအစ်မနှစ်ဦး'




အေမီနဲ့ နစ်ကိုးလ်တို့ဟာ ချောမောလှပတဲ့ ဆယ်ကျော်သက် ညီအစ်မနှစ်ဦးဖြစ်ပြီး အိုင်ယာလန်မှာ နေထိုင်ကြပါတယ်။ သူမတို့နှစ်ဦးဟာ ယနေ့ခေတ် ဆယ်ကျော်သက်တွေလိုပဲ Facebook ကို စွဲစွဲမြဲမြဲ သုံးလေ့ရှိပါတယ်။ ဒီလိုနဲ့ ညီအစ်မနှစ်ဦးဟာ Facebook မှာ အမျိုးသားနှစ်ဦးနဲ့ ခင်မင်ရင်းနှီးခဲ့ကြပါတယ်။ နောက်တော့ သူတို့ညီအစ်မက Facebook မှာ ခင်မင်ရင်းနှီးနေတဲ့ အသက် ၂၅ နှစ်နဲ့ အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးနဲ့ အပြင်မှာ ချိန်းဆိုတွေ့ဆုံဖို့ သဘောတူ လက်ခံခဲ့ကြပါတယ်။ ညီအစ်မနှစ်ဦးဟာ Facebook Friend အမျိုးသားနှစ်ဦးနဲ့ တွေ့ဆုံဖို့ နယူးဘရစ်ခ်ျမှာရှိတဲ့ တိုက်ခန်းအိမ်ယာတစ်ခုမှာ ချိန်းဆိုခဲ့ကြပါတယ်။

ချိန်းဆိုတဲ့ တိုက်ခန်းကိုရောက်ပြီး မကြာမီမှာပဲ Facebook Friend အမျိုးသားနှစ်ဦးရဲ့ ပြောဆိုဆက်ဆံပုံတွေက မူမမှန်ပဲ ရန်ပြုမဲ့ အနေအထားဖြစ်လာတာကို ညီအစ်မနှစ်ဦးက ရိပ်စားမိခဲ့ပါတယ်။ အဲဒီနောက် ညီအစ်မနှစ်ဦးအနက် နစ်ကိုးလ်က ဒီနေရာကနေ ပြန်ဖို့အတွက် စတင်ပြင်ဆင်လိုက်ပါတယ်။ ဒါပေမယ့် သူမတို့နှစ်ဦး နောက်ကျသွားပါပြီ။ သူမတို့နှစ်ဦးနဲ့ တွေ့ဆုံဖို့ ချိန်းဆိုခဲ့တဲ့ Facebook Friend အမျိုးသားနှစ်ဦးထဲက တစ်ဦးက နစ်ကိုးလ်ရဲ့ ဆံပင်ကို ဆောင့်ဆွဲကာ တွန်းထိုးကန်ကျောက် တိုက်ခိုက်ပါတော့တယ်။ ဒါကိုမြင်တဲ့ အေမီက နစ်ကိုးလ်ထံကို အကူအညီပေးဖို့ သွားတဲ့အခါ သူမကိုလည်း အခြား အမျိုးသားတစ်ဦးက ရိုက်နှက်ထိုးကြိတ်ခဲ့ပါတယ်။
အဲဒီနောက် အမျိုးသားနှစ်ဦးက သူမတို့ရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ပြီး ပြန်ပေးငွေ လာရောက်ပေးဖို့ ပြောဆိုရန် စေခိုင်းပါတော့တယ်။ အေမီနဲ့ နစ်ကိုးလ် ညီအစ်မနှစ်ဦးဟာ သူတို့ ပြန်ပေးဆွဲ ဖမ်းဆီးခံရပြီဆိုတာ အသေအချာ သိသွားခဲ့ပါပြီ။ ညီအစ်မနှစ်ဦးက သူမတို့ မိသားစုမှာ ချမ်းသာကြွယ်ဝခြင်း မရှိကြောင်း၊ ပိုက်ဆံမရှိကြောင်း ရှင်းပြတဲ့အခါ အမျိုးသားနှစ်ဦးက ထပ်မံ ထိုးကြိတ်ရိုက်နှက်ပြန်ပါတယ်။ အဲဒီလို ဖြစ်နေချိန်မှာ နစ်ကိုးလ်က ရုတ်တရက် အခန်းကနေထွက်ပြီး လှေခါးအတိုင်း တစ်ဟုန်ထိုး ထွက်ပြေးပါတယ်။ ဒါပေမယ့် ကံဆိုးစွာပဲ လှေခါးပေါ်ကနေ ခြေချော်လိမ့်ကျပြီး ကြမ်းပြင်နဲ့ ဦးခေါင်း ဆောင့်မိသွားပါတယ်။
ဒီအဖြစ်အပျက်ကို အစအဆုံး မြင်တွေ့ခဲ့ရတဲ့ အေမီ ပြန်ပြောပြတာအရ နစ်ကိုးလ် လှေခါးပေါ်က လိမ့်ကျပြီး ဦးခေါင်းကို ထိခိုက်ကာ မလှုပ်နိုင်တော့တာကို တွေ့တဲ့အခါ အမျိုးသားနှစ်ဦးက နစ်ကိုးလ်သေပြီလို့ ထင်ခဲ့ကြပါတယ်။ အဲဒီနောက် အမျိုးသားနှစ်ဦးဟာ သူတို့အပေါင်းအဖော်တွေထံ ဖုန်းဆက်ပြီး အဖြစ်အပျက်ကို ပြောပြပါတယ်။ နစ်ကိုးလ် လိမ့်ကျသွားတဲ့ အဖြစ်အပျက်ကို မြင်တွေ့ပြီး အဲဒီ အမျိုးသားနှစ်ဦးဟာ အတန်ငယ် စိတ်လှုပ်ရှား ထိတ်လန့်သွားပုံလည်းရတယ်လို့ အေမီက ဆိုပါတယ်။ နောက်ဆုံးမှာတော့ အမျိုးသားနှစ်ဦးဟာ အေမီနဲ့ နစ်ကိုးလ် ညီအစ်မနှစ်ဦးကို ထားခဲ့ပြီး ထွက်သွားပါတယ်။ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောဖို့၊ ရဲမတိုင်ဖို့နဲ့ အဲဒီလို မဟုတ်ပါက သူမတို့နှစ်ဦးကိုဖြစ်စေ၊ မိသားစုဝင်တွေကိုဖြစ်စေ သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း အေမီက ပြန်ပြောပါတယ်။
ညီအစ်မနှစ်ဦးဟာ ဖြစ်စဉ် အစအဆုံး နာရီပေါင်း ၂၀ ကြာအောင် ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့နဲ့ အဆက်အသွယ်ရပြီးနောက် သူမတို့နှစ်ဦးကို ဆေးရုံကို အမြန် ပို့ဆောင်ခဲ့ရပါတယ်။ အေမီက မေးရိုးကျိုးသွားပါတယ်။ နစ်ကိုးလ်က နှာခေါင်းမှာ ဒဏ်ရာရခဲ့တဲ့အပြင် ဦးခေါင်းမှာလည်း ဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။ ပြန်ပေးဆွဲသမားနှစ်ဦးက ခြိမ်းခြောက်ခဲ့ပေမယ့် အေမီနဲ့ နစ်ကိုးလ် ညီအစ်မနှစ်ဦးက သူမတို့ရဲ့ အတွေ့အကြုံ အဖြစ်အပျက်ကို Facebook မှာ ပြန်လည်မျှဝေရင်း မိန်းကလေးတွေ အနေနဲ့ Facebook ပေါ်မှာ သူစိမ်းတွေနဲ့ သတိထားဆက်ဆံဖို့၊ ရှင်းရှင်းလင်းလင်း နေကြဖို့နဲ့ အယုံမလွယ်ကြဖို့ သတိပေးခဲ့ပါတယ်။
[ပရိသတ်များမှာလည်း ဆယ်ကျော်သက်အရွယ် မိတ်ဆွေသူငယ်ချင်းတွေ ရှိတယ်ဆိုရင် ဒီအဖြစ်အပျက်က သတိထား ဆင်ခြင်ဖွယ်ရာ သိထားသင့်တဲ့ အဖြစ်အပျက်ပါ။ ဒါကြောင့် မိတ်ဆွေသူငယ်ချင်းတွေကို Share လုပ်ပြီး ပြောပြလိုက်ပါအုံး]

‪#‎OddForYou‬
.........................................................................................................

'Facebook သူငယ္ခ်င်းဆိုသူတြေရျဲ့ပန်ပေးဆြဲခံရတဲ့ ညီအစ္မနွစ်ဦး'

အေမီနဲ့ နစ္ကိုးလ္တို့ဟာ ခော်မောလွပတဲ့ ဆယ်ကော််သက် ညီအစ္မနွစ်ဦျးဖစ်ပြီး အိုင်ယာလန္မွာ နေထိုင်ကြပါတယ်။ သူမတို့နွစ်ဦးဟာ ယေန့ခေတ် ဆယ်ကော််သက်တြေလိုပဲ Facebook ကို စြဲစြဲမြဲမြဲ သုံးလေ့ရွိပါတယ်။ ဒီလိုနဲ့ ညီအစ္မနွစ်ဦးဟာ Facebook မွာ အမိုးသားနွစ်ဦးနဲ့ ခင္မင်ရင်းနွီးခဲ့ကြပါတယ်။ နောက်တော့ သူတို့ညီအစ္မက Facebook မွာ ခင္မင်ရင်းနွီးနေတဲ့ အသက် ၂၅ နွစ္နဲ့ အသက် ၃၀ အရယြ် အမိုးသားနွစ်ဦးနဲ့ အျပင္မွာ ခိန်းဆိုတြေ့ဆုံဖို့ သေဘာတူ လက္ခံခဲ့ကြပါတယ်။ ညီအစ္မနွစ်ဦးဟာ Facebook Friend အမိုးသားနွစ်ဦးနဲ့ တြေ့ဆုံဖို့ နယူးဘရစ္ခ်္မွာရွိတဲ့ တိုက္ခန်းအိမ်ယာတစ္ခုမွာ ခိန်းဆိုခဲ့ကြပါတယ်။

ခိန်းဆိုတဲ့ တိုက္ခန်းကိုရောက်ပြီး မကြာမီမွာပဲ Facebook Friend အမိုးသားနွစ်ဦးရဲ့ျေပာဆိုဆက္ဆံပုံတြေက မူမမွန္ပဲ ရန်ျပုမဲ့ အေနအထာျးဖစ္လာတာကို ညီအစ္မနွစ်ဦးက ရိပ္စားမိခဲ့ပါတယ်။ အဲဒီနောက် ညီအစ္မနွစ်ဦးအနက် နစ္ကိုးလ္က ဒီနေရာကေနျပန္ဖို့အတြက် စတင်ျပင္ဆင္လိုက္ပါတယ်။ ဒါပေမယ့် သူမတို့နွစ်ဦး နောက္က်သြားပါပြီ။ သူမတို့နွစ်ဦးနဲ့ တြေ့ဆုံဖို့ ခိန်းဆိုခဲ့တဲ့ Facebook Friend အမိုးသားနွစ်ဦးထဲက တစ်ဦးက နစ္ကိုးလ်ရဲ့ ဆံပင္ကို ဆောင့်ဆြဲကာ တြန်းထိုးကန်ကော်က် တိုက္ခိုက္ပါတော့တယ်။ ဒါကျိုမင္တဲ့ အေမီက နစ္ကိုးလ္ထံကို အကူအညီပေးဖို့ သြားတဲ့အခါ သူမကိုလည်း အျခား အမိုးသားတစ်ဦးက ရိုက်နွက္ထိုးကြိတ္ခဲ့ပါတယ်။

အဲဒီနောက် အမိုးသားနွစ်ဦးက သူမတို့ရဲ့ မိသားစုဝင်တြေကို ဆက်ြသယ်ပြီျးပန်ပေးငြေ လာရောက်ပေးဖို့ျေပာဆိုရန် စေခိုင်းပါတော့တယ်။ အေမီနဲ့ နစ္ကိုးလ် ညီအစ္မနွစ်ဦးဟာ သူတိျု့ပန်ပေးဆြဲ ဖမ်းဆီးခံရပြီဆိုတာ အေသအခ်ာ သိသြားခဲ့ပါပြီ။ ညီအစ္မနွစ်ဦးက သူမတို့ မိသားစုမွာ ခ်မ်းသာကြယ်ဝျခင်း မရွိကြောင်း၊ ပိုက္ဆံမရွိကြောင်း ရွင်ျးပတဲ့အခါ အမိုးသားနွစ်ဦးက ထပ္မံ ထိုးကြိတ်ရိုက်နွက်ျပန္ပါတယ်။ အဲဒီလျိုဖစ်နေခိန္မွာ နစ္ကိုးလ္က ရုတ္တရက် အခန်းကေနထြက်ပြီး လွေခါးအတိုင်း တစ်ဟုန္ထိုး ထြက်ျေပးပါတယ်။ ဒါပေမယ့် ကံဆိုးစြာပဲ လွေခါးပေါ်ကေနျေခေခ်္လာိမ့်က်ပြီး ကြမ်ျးပင္နဲ့ ဦးခေါင်း ဆောင့်မိသြားပါတယ်။

ဒီအျဖစ်အပ်က္ကို အစအဆုံျးမင်တြေ့ခဲ့ရတဲ့ အေမျီပန်ျေပျာပတာအရ နစ္ကိုးလ် လွေခါးပေါ်က လိမ့်က်ပြီး ဦးခေါင်းကို ထိခိုက္ကာ မလှုပ်နိုင်တော့တာကို တြေ့တဲ့အခါ အမိုးသားနွစ်ဦးက နစ္ကိုးလ်သေပြီလို့ ထင္ခဲ့ကြပါတယ်။ အဲဒီနောက် အမိုးသားနွစ်ဦးဟာ သူတို့အေပါင်းအေဖ်ာတြေထံ ဖုန်းဆက်ပြီး အျဖစ်အပ်က္ကိုျေပျာပပါတယ်။ နစ္ကိုးလ် လိမ့်က်သြားတဲ့ အျဖစ်အပ်က္ကျိုမင်တြေ့ပြီး အဲဒီ အမိုးသားနွစ်ဦးဟာ အတန်ငယ် စိတ္လှုပ်ရွား ထိတ္လန့်သြားပုံလည်းရတယ္လို့ အေမီက ဆိုပါတယ်။ နောက္ဆုံးမွာတော့ အမိုးသားနွစ်ဦးဟာ အေမီနဲ့ နစ္ကိုးလ် ညီအစ္မနွစ်ဦးကို ထားခဲ့ပြီး ထြက်ြသားပါတယ်။ ဒီကိစ္စကို ဘယ်သူ့ကိုမွ မျေပာဖို့၊ ရဲမတိုင္ဖို့နဲ့ အဲဒီလို မဟုတ္ပါက သူမတို့နွစ်ဦးကျိုဖစ်စေ၊ မိသားစုဝင်တြေကျိုဖစ်စေ သတ်ျဖတ္မယ္လို့ ခြိမ်ျးေခာက္ခဲ့ကြောင်း အေမီကျပန်ျေပာပါတယ်။

ညီအစ္မနွစ်ဦးဟျာဖစ္စဉ် အစအဆုံး နာရီပေါင်း ၂၀ ကြာအောင်ျပန်ပေးဆြဲ ဖမ်းဆီးခံခဲ့ရတျာဖစ္ပါတယ်။ ရဲတပ္ဖြဲ့နဲ့ အဆက်အသြယ်ရပြီးနောက် သူမတို့နွစ်ဦးကို ဆေးရုံကို အျမန် ပို့ဆောင္ခဲ့ရပါတယ်။ အေမီက မေးရိုးကိုးသြားပါတယ်။ နစ္ကိုးလ္က နွာခေါင်းမွာ ဒဏ်ရာရခဲ့တဲ့အျပင် ဦးခေါင်းမွာလည်း ဒဏ်ရျာပင်းထန္စြာရခဲ့ပါတယ်။ျပန်ပေးဆြဲသမားနွစ်ဦးက ခြိမ်ျးေခာက္ခဲ့ပေမယ့် အေမီနဲ့ နစ္ကိုးလ် ညီအစ္မနွစ်ဦးက သူမတို့ရဲ့ အေတြ့အကြုံ အျဖစ်အပ်က္ကို Facebook မျွာပန္လည္မ်ွဝေရင်း မိန်းကေလးတြေ အေနနဲ့ Facebook ပေါ်မွာ သူစိမ်းတြေနဲ့ သတိထားဆက္ဆံဖို့၊ ရွင်းရွင်းလင်းလင်း နေကြဖို့နဲ့ အယုံမလြယ်ကြဖို့ သတိပေးခဲ့ပါတယ်။

[ပရိသတ္မ်ားမွာလည်း ဆယ်ကော််သက်အရယြ် မိတ်ဆြေသူငယ္ခ်င်းတြေ ရွိတယ္ဆိုရင် ဒီအျဖစ်အပ်က္က သတိထား ဆင်ျခင္ဖြယ်ရာ သိထားသင့္တဲ့ အျဖစ်အပ်က္ပါ။ ဒါကြောင့် မိတ်ဆြေသူငယ္ခ်င်းတြေကို Share လုပ်ပြီး ေ်ပာ်ပလုိကၸါအုံး]

‪#‎OddForYou‬

No comments:

Post a Comment