Credit : Ayesay.com
.............................
မရေးနိုင်မဖတ်နိုင်ပေမယ့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းမှာအောင်မြင် နေတဲ့ Down Syndrome ကောင်မလေး
Jo Lynam ဟာ သူ့ရဲ့သမီး Emma ရဲ့အနာဂါတ်အတွက် အမြဲစိုးရိမ်နေပါတယ်။ Emma ဟာ ဦးနှောက်ဖွင့်ဖြိုးမှုနည်းပြီး အကြားအာရုံ အချို့ဆုံးရှုံးနေတဲ့ Down Syndrome ရောဂါသည်လေး ဖြစ်နေလို့ပါပဲ။
၂၁ နှစ်ရှိပြီ ဖြစ်တဲ့ ဒီကောင်မလေးဟာ မရေးနိုင် မဖတ်နိုင်ပါဘူး။ ဒါပေမယ့် စာမရေးနိုင်မဖတ်နိုင်တဲ့ ဒီအချက်ဟာပဲ သူ့ရဲ့စီးပွားရေးအောင်မြင်စေမှုရဲ့ လျို့ဝှက်ချက် ဖြစ်နေခဲ့တယ် ဆိုရင် သင်အံသြ သွားနိုင်ပါတယ်။
Emma ဟာ Master Shredder ဆိုတဲ့မိတ္တူ ဆိုင်လေး တစ်ဆိုင်ဖွင့်ပြီး တက်ကြွစွာအလုပ်လုပ်နေပါတယ်။ သူ့ရဲ့လုပ်ငန်းဟာလည်း အောင်မြင်နေပါတယ်။ သူ့ဆိုင်ရဲ့အဓိက ဖောက်သည်တွေကတော့ ရှေ့နေတွေ နဲ့ အကြွေးကဒ်အဖွဲ့တွေပဲ ဖြစ်ပါတယ်။ သူတို့ Emma ရဲ့ဆိုင်ကို အားပေးရခြင်းအကြောင်းကတော့ သူတို့ရဲ့လျို့ဝှက်ချက် စာရွက်စာတမ်းတွေ၊ အရေးကြီးတဲ့ လူသိမခံလိုတဲ့ စာချုပ်တွေ ကြောင့်ပဲဖြစ်ပါတယ်။ Emmaဟာ စာမဖတ်တတ်၊ မရေးတတ်တဲ့အတွက် သူတို့စာရွက်စာတမ်းတွေ အတွက် အလွန်စိတ်ချရတယ် လို့ဆိုပါတယ်။
ကျွန်တော်တို့ဆီမှာ ဒေါင်းဆင်တုန်းလို့ အလွယ်တကူခေါ်လေ့ရှိတဲ့ ဒေါင်းဆင်ဒရုမ်း( Down’s Syndrome )ရောဂါဟာ မျိုးရိုးဗီဇနဲ့ ပက်သက် တဲ့ရောဂါတစ်ခုဖြစ်ပြီး ၊ သာမန်လူတွေလို ဦးနှောက် ခန္ဓာကိုယ်ဖွံဖြိုး မှုနှေးကွေးတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တစ်ယောက် တည်းဘဝကိုရပ်တည်ဖို့ မဖြစ်နိုင်လောက်ပေမယ့် အနည်းစုကတော့ အားမလျော့ပဲ ကြိုးစားမှုကြောင့် သရုပ်ဆောင်၊ မော်ဒယ်တွေ အဖြစ်တောင်အောင်မြင်မှု ရနေကြပါတယ်။
Credit : Ayesay.com
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, September 24, 2015
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 24, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 24, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment