Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 24, 2015

မႏၱေလးၿမိဳ.က ယာဥ္ထိန္းရဲ ဓားထုိးခံရသျဖင့္ ေသဆုံး

ယာဥ္/လမ္းစည္းကမ္း စစ္ေဆးျခင္း ေဆာင္ရြက္ေနသည့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္ကို ဓားျဖင့္ထိုးသူအား ဖမ္းဆီးအေရးယူထား
ေနျပည္ေတာ္၊ စက္တင္ဘာ ၂၄

၂၀၁၅ ခုႏွစ္၊ စက္တင္ဘာလ ၂၄ ရက္ေန႔ နံနက္ ၉ နာရီအခ်ိန္ မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၁၉×၆၆ လမ္းဆုံတြင္ အမွတ္(၈၅)ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမွတပ္ဖြဲ႕ဝင္မ်ားႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ယာဥ္/လမ္း စည္းကမ္းစစ္ေဆးျခင္းမ်ားေဆာင္ရြက္ေနစဥ္ မတၱရာၿမိဳန႔ယ္၊ ေက်ာက္တံတားရြာေန လွမ်ိဳးထြန္း(၂၀)ႏွစ္ စီးနင္းလာေသာ KENBO-125 CZI ျဖဴ/နက္ၾကားေရာင္ဆိုင္ကယ္အား ရပ္တန႔္စစ္ေဆးရာ ယာဥ္လိုင္စင္မပါသျဖင့္ ပူးေပါင္းအဖြဲ႕မွ ရဲတပ္သား ေက်ာ္ဇင္ဦး က ယာဥ္ေမာင္းလိုင္စင္အား သိမ္းယူၿပီး ဖမ္းဆီးေျပစာယူရန္ ေျပာဆိုေနစဥ္ လွမ်ိဳးထြန္းမွ ဖမ္းဆီးေျပစာမယူဘဲ ဆိုင္ကယ္အား ေမာင္းႏွင္ထြက္ခြာသြားခဲ့သည္။

 ထို႔ေနာက္ နံနက္ ၁၀ နာရီအခ်ိန္ခန႔္တြင္ လွမ်ိဳးထြန္းႏွင့္ ၎၏အစ္ကိုျဖစ္သူ မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာၿမိဳင္အပိုင္း(က)ေန လွစိုးထြန္း(၃၀)ႏွစ္တို႔ ျပန္လည္ေရာက္ရွိလာရာ ရဲတပ္သား ေက်ာ္ဇင္ဦးမွ ဖမ္းဆီးေျပစာယူရန္ေျပာဆိုေနစဥ္ လွစိုးထြန္းမွ လက္သီးႏွင့္ထိုး၍ ရဲတပ္သား ေက်ာ္ဇင္ဦးမွ ေရွာင္လိုက္စဥ္ ေခ်ာ္လဲက်သြားခိုက္ ခါးၾကားတြင္ ဝွက္ယူလာသည့္ အရိုးအသြား(၁၁)လက္မခန႔္ရွိ ဓားျဖင့္ထပ္ထိုးသျဖင့္ အနီးရွိ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူမ်ားမွ ဝိုင္းဝန္းဖမ္းဆီးထိန္းသိမ္းခဲ့ရာ လွစိုးထြန္း၌ ဦးေခါင္းေပါက္ျပဲဒဏ္ရာ(မစိုးရိမ္ရ) ရရွိခဲ့သည္။

 လွစိုးထြန္း၏ ဓားျဖင့္ထိုးမႈေၾကာင့္ ရဲတပ္သား ေက်ာ္ဇင္ဦးတြင္ ဒဏ္ရာမ်ားရရွိခဲ့၍ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ တင္ပို႔ကုသခဲ့ရာ ရရွိေသာဒဏ္ရာမ်ားျဖင့္ ယင္းေန႔ နံနက္ ၁၀ နာရီ ၂၀ မိနစ္အခ်ိန္ ေသဆုံးသြားခဲ့သျဖင့္ လွမ်ိဳးထြန္းႏွင့္ လွစိုးထြန္းတို႔ ၂ ဦးအား အမွတ္(၁)နယ္ေၿမ ရဲစခန္း(ပ)၂၇၂/၂၀၁၅၊ ျပစ္မႈပုဒ္မ ၃၀၂/၁၁၄ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။

ရဲဇာနည္
https://www.facebook.com/yezarnimedia


လိုင္စင္မပါ၍ ခ်လန္ျဖတ္သိမ္း အေရးယူမႈကို မေက်နပ္သျဖင့္ စစ္ေဆးသူ ယာဥ္ထိန္းရဲကို ဓားျဖင့္ထိုးမႈ မႏၱေလးတြင္ ျဖစ္ပြားခဲ့ (ရုပ္သံ)
မႏၱေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ နန္းၿမိဳ႕ရိုး က်ဳံးအေရွ႕ဘက္ ၆၆ လမ္းနဲ႔ ၁၉ လမ္းေထာင့္မွာ စက္တင္ဘာလ ၂၄ ရက္ေန႔ နံနက္ပိုင္းက ျဖစ္ပြားခဲ့တာပါ။ ရတနာပံု တကၠသိုလ္က တတိယႏွစ္ စီးပြားေရး ေက်ာင္းသားလွမ်ဳိးထြန္းကို ယာဥ္စည္းကမ္း စစ္ေဆးတဲ့ ယာဥ္ထိန္းရဲတပ္သား ေက်ာ္ဇင္ဦးက စစ္ေဆးတဲ့အခါ ယာဥ္လိုင္စင္မပါလို႕ ခ်လန္ျဖတ္ၿပီး ယာဥ္ေမာင္းလိုင္စင္ကို သိမ္းခဲ့ပါတယ္။ အဲ့ဒီမွာ လွမ်ဳိးထြန္းက ခ်လန္မျဖတ္ဘဲ ထြက္သြားၿပီး အစ္ကိုျဖစ္သူ ဆရာ၀န္လွစိုးထြန္းကို သြားေရာက္ ေခၚေဆာင္ခဲ့ျပီးေနာက္ အစ္ကိုျဖစ္သူက ရဲတပ္သား ေက်ာ္ဇင္ဦးနဲ႕ စကားမ်ားကာ ယာဥ္ထိန္းရဲ တပ္သားကို လက္သီးနဲ႕ထိုးလိုက္လို႕ ေခ်ာ္လဲသြားစဥ္ ခါးမွ၀ွက္ၿပီး ယူလာတဲ့ဓားနဲ႕ အစ္ကိုျဖစ္သူ လွစိုးထြန္းက ထိုးခဲ့တာျဖစ္တယ္လို႕ မႏၱေလးခရိုင္ ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီးစိန္ထြန္းက ေျပာပါတယ္။
................................
 ယာဉ်/လမ်းစည်းကမ်း စစ်ဆေးခြင်း ဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကို ဓားဖြင့်ထိုးသူအား ဖမ်းဆီးအရေးယူထား
နေပြည်တော်၊ စက်တင်ဘာ ၂၄

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၁၉×၆၆ လမ်းဆုံတွင် အမှတ်(၈၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ယာဉ်/လမ်း စည်းကမ်းစစ်ဆေးခြင်းများဆောင်ရွက်နေစဉ် မတ္တရာမြိုန့ယ်၊ ကျောက်တံတားရွာနေ လှမျိုးထွန်း(၂၀)နှစ် စီးနင်းလာသော KENBO-125 CZI ဖြူ/နက်ကြားရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်လိုင်စင်မပါသဖြင့် ပူးပေါင်းအဖွဲ့မှ ရဲတပ်သား ကျော်ဇင်ဦး က ယာဉ်မောင်းလိုင်စင်အား သိမ်းယူပြီး ဖမ်းဆီးပြေစာယူရန် ပြောဆိုနေစဉ် လှမျိုးထွန်းမှ ဖမ်းဆီးပြေစာမယူဘဲ ဆိုင်ကယ်အား မောင်းနှင်ထွက်ခွာသွားခဲ့သည်။

 ထို့နောက် နံနက် ၁၀ နာရီအချိန်ခန့်တွင် လှမျိုးထွန်းနှင့် ၎င်း၏အစ်ကိုဖြစ်သူ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်အပိုင်း(က)နေ လှစိုးထွန်း(၃၀)နှစ်တို့ ပြန်လည်ရောက်ရှိလာရာ ရဲတပ်သား ကျော်ဇင်ဦးမှ ဖမ်းဆီးပြေစာယူရန်ပြောဆိုနေစဉ် လှစိုးထွန်းမှ လက်သီးနှင့်ထိုး၍ ရဲတပ်သား ကျော်ဇင်ဦးမှ ရှောင်လိုက်စဉ် ချော်လဲကျသွားခိုက် ခါးကြားတွင် ဝှက်ယူလာသည့် အရိုးအသွား(၁၁)လက်မခန့်ရှိ ဓားဖြင့်ထပ်ထိုးသဖြင့် အနီးရှိ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးထိန်းသိမ်းခဲ့ရာ လှစိုးထွန်း၌ ဦးခေါင်းပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်။

 လှစိုးထွန်း၏ ဓားဖြင့်ထိုးမှုကြောင့် ရဲတပ်သား ကျော်ဇင်ဦးတွင် ဒဏ်ရာများရရှိခဲ့၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရာ ရရှိသောဒဏ်ရာများဖြင့် ယင်းနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် သေဆုံးသွားခဲ့သဖြင့် လှမျိုးထွန်းနှင့် လှစိုးထွန်းတို့ ၂ ဦးအား အမှတ်(၁)နယ်မြေ ရဲစခန်း(ပ)၂၇၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment