Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 15, 2015

မင်္ဂဆောင်အခမ်းအနားကို စီစဉ်ဖို့အတွက် အချိန်မရှိဘူး လို့ဆိုတဲ့ Demi Lovato




Demi Lovato ဟာ သူမရဲ့ ချစ်သူ Wilmer Valderrama နဲ့ မင်္ဂဆောင်အခမ်းအနားကို စီစဉ်ဖို့အတွက် အချိန်မရှိဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Capital FM သတင်းဌာန နဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ အလှပဂေးလေး Demi Lovato က သူမဟာ Valderrama နဲ့ စတွေ့ကတည်းက ချစ်ကျွမ်းဝင်နေခဲ့ပေမယ့် သူတို့ ၂ ယောက်ရဲ့ အသက်အရွယ် ကွာဟ မှုကြောင့် ချီတုံချတုံ ဖြစ်နေခဲ့တဲ့ အကြောင်းကို ပြောထားပါတယ်။

"ကျွန်မဟာ အမြဲတမ်း စေ့စပ် မယ်ဆိုရင် အချိန်ယူပြီး စီစဉ်ချင်တဲ့ ခံစားချက်ရှိတယ်။ ကျွန်မနောက်ထပ် ထွက်မယ့် အပန်းဖြေ ခရီး က ဘယ်ကိုလည်း မသိသေးသလိုပဲ တစ်စုံတစ်ယောက်က သူတို့ရဲ့ မင်္ဂလာဆောင်ကို ဘယ်လို စီစဉ်မယ်ဆိုတာ ကျွန်မ မသိနိုင်ပါဘူး" လို့ သူမရဲ့ စေ့စပ်လိုက်ပြီ ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီးတော့လည်း Demi Lovato က ဖြေထားပါသေးတယ်၊

Demi Lovato နဲ့ Valderrama တို့ဟာ တွဲလာခဲ့တာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ။ ဒါပေမယ့်လည်း အချစ်ရေး တစ်ခုရဲ့ ပျော်ရွှင်မှု ဆီ လျှောက်လှမ်းကြမယ်ဆိုရင်တော့ ၂ ယောက်လုံးအတွက် သာယာ ချောမွေ့နေဖို့ မလွယ်ကူပါဘူး။

"ကျွန်မ အသက် ၁၈ နှစ် စပြည့် ကတည်းက သူနဲ့ တွဲလာခဲ့တာပါ။ လူတွေက သူ့ကိုပြောကြပါတယ်။ ကျွန်မက ထူးဆန်းတယ်။ ကျွန်မ ကိုထားခဲ့သင့်တယ် စသဖြင့်ပေါ့။ ဒါပေမယ့်လည်း Valderrama က အမြဲပြန်ပြောတယ် သူ မထားခဲ့နိုင်ဘူး။ ကျွန်မ က သူ ဂရုစိုက်ရတဲ့ လူဖြစ်တယ်" လို့ Lovato က ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment