Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 10, 2015

Cristiano ကို ကြိုက်တဲ့လူ အားလုံးအတွက် ပထမဦးဆုံး ရေမွှေးကို ထုတ်လုပ်လိုက်ကြောင်း ဖွင့်ဟလိုက်တဲ့ Cristiano Ronaldo




Cristiano Ronaldo က “ သူ့ ဘ၀ရဲ့အဓိကအရာက ဘောလုံးတစ်ခုတည်း မဟုတ်ပါဘူး” လို့ ရေမွှေးအသစ် မိတ်ဆက်ပွဲမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Real Madrid တိုက်စစ်မှူးဟာ ကြာသပတေးနေ့ မနက်မှာ ကလပ်အသင်းနဲ့ အတူ လေ့ကျင့်ခန်းဆင်း ပြီးပြီးချင်းပဲ သူ့ ရဲ့ ရေမွှေးအသစ် ‘Legacy’ ကို စတင်မိတ်ဆက်ခဲ့တာဖြစ်ပါယ်။ Ronado က အခုရေမွှေးအသစ်အကြောင်းကို အခုလို မိတ်ဆက်ပြောကြားခဲ့ပါတယ်။
“ ဒါက ကျွန်တော်ကလေးဘ၀တည်းက လုပ်ချင်ခဲ့တဲ့အရာတစ်ခုပါ။ ကျွန်တော့်နာမည်နဲ့ ရေမွှေး တစ်ခု ပိုင်ဆိုင်ဖို့ ဆိုတာ အရမ်းမိုက်တဲ့စိတ်ကူးတစ်ခုဖြစ်ပြီး ကျွန်တော့်ကို ဒီရေမွှေးထုတ်လုပ်မယ့်အကြောင်း ပြောပြတုန်းကဆို ကျွန်တော်အရမ်းပျော်နေမိပါတယ်။" ရေမွှေးရဲ့ ရနံ့ ဟာ ယောင်္ကျားဆန်ဆန်ဖြစ်ပြီး တခြားရေမွှေးတွေနဲ့ ကွဲပြားခြားနားကာ ထူးခြား ဆန်းကြယ်မှုကို ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
“ ဒီရေမွှေး က Cristiano ကို ကြိုက်တဲ့လူ အားလုံးအတွက်ပါ။ ကျွန်တော်နဲ့ အနီးစပ်ဆုံးတူတဲ့ အရာတစ်ခုကို သူတို့ ပိုင်ဆိုင်ရမှာဖြစ်ပါတယ်” လို့ ဒိုလေးက ပြောကြားခဲ့ပါတယ်။ Real Madrid အသင်းဟာ Cristiano Ronaldo ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ PSG အသင်းအနေနဲ့  သူ့ ကိုဝယ်ချင်ရင် ထွက်ခွာကြေး ပေါင် ၁ ဘီလီယံပေးပြီး ၀ယ်နိုင်တယ်လို့ မကြာသေးမီက ပြောဆိုခဲ့ပါတယ်။
Ref: Mirror 
http://www.trend.com.mm/2015/09/11/news-7631

No comments:

Post a Comment