Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, September 27, 2015

အသည္းေျခာက္ေရာဂါ (Cirrhosis Of Liver - COL)


အသည္းေျခာက္ ေရာဂါဟာ အမ်ဳိးမ်ဳိးေသာ အေၾကာင္း မ်ားေၾကာင့္ အသည္း ဆဲလ္မ်ား ပ်က္စီးကာ ၎ေနရာ မ်ားတြင္ အနာ႐ြတ္ တစ္႐ွဴး (Scar Tissue) မ်ားက ေနရာယူ အစားထိုး ၀င္ေရာက္ လာျခင္း (Fibrosis) ေၾကာင့္ အသည္းရဲ႕ ပံုသဏၭာန္၊ လုပ္ငန္း ေဆာင္တာမ်ား ပ်က္စီး ယိုယြင္း လာျခင္း ျဖစ္ပါတယ္...
အသည္းေျခာက္ ေရာဂါ ေၾကာင့္ ေသဆံုး ရျခင္းဟာ ေရာဂါ မ်ဳိးစံုေၾကာင့္ ေသဆံုး သူမ်ား (Death by Disease) ရဲ႕ စာရင္းမွာ ၁၂ ခုေျမာက္ မွာ ႐ွိပါတယ္..
US မွာေတာ့ အရက္ အလြန္ အကၽြံ တာ႐ွည္ သံုးစဲြျခင္းနဲ႔ အသည္းေရာင္ စီေရာဂါ ေၾကာင့္ အဓိက ျဖစ္ပြား ၾကပါတယ္..
အသည္းဟာ ခႏၶာကိုယ္ ရဲ႕ အေရးၾကီး လုပ္ငန္းမ်ား ကို အဓိက လုပ္ေဆာင္ ေပးရာ အစိတ္ အပိုင္း တစ္ခု ျဖစ္ျပီး ၀မ္းဗိုက္ အေပၚ ယာဖက္ပိုင္း မွာ တည္႐ွိ ပါတယ္.. အဓိက လုပ္ငန္းၾကီး (၂) မ်ဳိးအနက္ တစ္မ်ဳိးမွာ ခႏၶာကိုယ္ တြင္း လိုအပ္ တဲ့ ဓါတ္ပစၥည္း မ်ား (ဥပမာ - ေသြးခဲ ေစေသာ ပစၥည္း - Clotting Proteins) ထုတ္လုပ္ ေပးျခင္းနဲ႔ ေနာက္တစ္မ်ဳိး မွာ ခႏၶာကိုယ္ မွ မလိုအပ္ ေတာ့တဲ့ စြန္႔ပစ္ ပစၥည္း မ်ားကို ေခ်ဖ်က္ စြန္႔ထုတ္ ေပးျခင္း တို႔ ျဖစ္ပါတယ္..
ဒါ့ျပင္ ခႏၶာကိုယ္ အတြက္ လိုအပ္တဲ့ စြမ္းအင္ အျဖစ္ ဂလူးကို႔စ္ (Glucose) နဲ႔ လစ္ပစ္ အဆီဓါတ္ (Lipids) မ်ားကို ထိန္းခ်ဳပ္ လည္ပတ္ ေစပါတယ္.. အျခား ကိုယ္တြင္း အဂၤါမ်ား နဲ႔ မတူတဲ့ အခ်က္မွာ အသည္း အတြက္ အဓိက ေသြးေထာက္ပံ့ ေနျခင္းမွာ ေသြးလႊတ္ ေၾကာမွ အနည္း အက်ဥ္း သာျဖစ္ျပီး အူသိမ္ အူမၾကီး မွ လာေသာ ေပၚတယ္ ေသြးျပန္ေၾကာ (Portal Veins) မွသာ အမ်ား ဆံုး ေသြးေထာက္ ပံ့ေနျခင္း ျဖစ္ပါတယ္.. ေပၚတယ္ ေသြးျပန္ေၾကာ ဟာ အသည္း တြင္းသို႔ ေသြးေၾကာ ငယ္မ်ား (Sinusoids) အျဖစ္ ျဖာထြက္ ခြဲ၀င္ျပီး အသည္း ဆဲလ္ မ်ားနဲ႔ အနီးဆံုး အေန အထား ျဖတ္သန္း ပါတယ္..
၎ကဲ့သို႔ အသည္း ဆဲလ္မ်ားနဲ႔ ေသြးေၾကာ ငယ္မ်ား (Sinusoids) ပူးတြဲ တည္႐ွိ မႈေၾကာင့္ ေပၚတယ္ ေသြးျပန္ ေၾကာမွ အာဟာရ နဲ႔ ဓါတ္ပစၥည္း မ်ားကို အသည္း ဆဲလ္မ်ား တြင္းသို႔ ပို႔ေဆာင္ျပီး အသည္း ဆဲလ္မ်ား မွ ဓါတ္ပစၥည္း မ်ားကို ေသြးေၾကာ တြင္းသို႔ ပို႔ေဆာင္ ေပးပါတယ္.. ထိုမွ တစ္ဆင့္ ေသြးေၾကာ ငယ္မ်ား စုစည္း ျပီး အသည္း ေသြးျပန္ေၾကာ (Hepatic Vein) အျဖစ္ ႏွလံုး သို႔ပို႔ေဆာင္ ေပးပါတယ္..
အသည္းေျခာက္ ေရာဂါ ျဖစ္ျပီ ဆိုရင္ အသည္း ဆဲလ္အမ်ားစု ပ်က္စီး ျပီး အနာ ႐ြတ္ တစ္႐ွဴး မ်ား အစားထိုး လာမႈ ေၾကာင့္ အသည္း ပံုသဏၭာန္ ပ်က္စီးကာ ေပၚတယ္ ေသြးျပန္ ေၾကာငယ္ မ်ားကို လည္း က်ဥ္းေျမာင္း ပိတ္ဆို႔ မႈျဖစ္ ေပၚေစ ပါတယ္..
၎ကဲ့သို႔ ပိတ္ဆို႔ မႈေၾကာင့္ ေပၚတယ္ ေသြးဖိအား ျမင့္တက္ျခင္း (Portal Hypertension) ျဖစ္ေပၚကာ အသည္း ေျခာက္ ေရာဂါ လကၡဏာ မ်ား ေပၚေပါက္ လာပါတယ္.. ပံုမွန္ အသည္း ဆဲလ္မ်ား ေလ်ာ့နည္း လာ၍ အသည္း လုပ္ငန္း မ်ား တျဖည္းျဖည္း က်ဆင္း လာျပီး ေသြးခဲ ပစၥည္း မထုတ္ လုပ္ႏိုင္ မႈေၾကာင့္ ေသြးယိုစီး လြယ္ျခင္း၊ ခုခံမႈ စနစ္ က်ဆင္း ျခင္းေၾကာင့္ ပိုး၀င္ လြယ္ျခင္းနဲ႔ အတူ အျခား လကၡဏာ မ်ားလည္း ထပ္မံ ေပၚေပါက္ လာ ပါတယ္..
ေနာက္ထပ္ ထိခိုက္ တဲ့ လုပ္ငန္း တစ္ခု ကေတာ့ သည္းေျခ ရည္ (Bile) စြန္႔ထုတ္မႈ ပ်က္ျပား ျခင္းပဲ ျဖစ္ပါတယ္.. သည္းေျခရည္ ထုတ္လုပ္ ျခင္းဟာ အသည္း ဆဲလ္ မ်ားရဲ႕ လုပ္ငန္း မ်ားအနက္ တစ္ခု အပါ အ၀င္ ျဖစ္ပါတယ္.. သည္းေျခရည္ (Bile) ဟု ေခၚဆို ေသာ္လည္း စင္စစ္ သည္းေျခ မွ ထုတ္လုပ္ ျခင္း မဟုတ္ပဲ အသည္း ဆဲလ္ မ်ားမွ ထုတ္လုပ္ကာ သည္းေျခ အိတ္တြင္ ခဏ သိုေလွာင္ ထားျပီး သည္းေျခ ျပြန္ (Common Bile Duct) မွ တဆင့္ အူသိမ္ တြင္းသို႔ စီး၀င္ ပါတယ္..
သည္းေျခရည္ ၏ အဓိက လုပ္ငန္း ႏွစ္ရပ္မွာ အစာ ေျခဖ်က္ ျခင္းနဲ႔ ခႏၶာကိုယ္ မွ မလိုအပ္တဲ့ စြန္႔ပစ္ ပစၥည္း၊ အဆိပ္ အေတာက္ ပစၥည္း မ်ားကို အူသိမ္ အူမၾကီး မွတဆင့္ က်င္ၾကီး အျဖစ္ စြန္႔ထုတ္ ျခင္းပင္ ျဖစ္ပါတယ္.. အသည္း ေျခာက္ ေရာဂါ ျဖစ္ပြား ျပီဆိုလွ်င္ သည္းေျခ ျပြန္ လမ္းေၾကာင္း ေလးမ်ား ပိတ္ဆို႔ မႈေၾကာင့္ အစာ ေျခဖ်က္အား နည္းလာျခင္း၊ သည္းေျခ ရည္မွ တဆင့္ ဘီလီ ႐ူဘင္ (Bilirubin) အ၀ါ ေရာင္ဓါတ္ မ်ား မစြန္႔ထုတ္ ႏိုင္မႈ ေၾကာင့္ အသား ၀ါျခင္း ျဖစ္ေပၚ လာပါတယ္..
အသည္း ေျခာက္ျခင္း ျဖစ္ပြား ေစေသာ အေၾကာင္းမ်ားမွာ
အရက္ကို အလြန္အကၽြံႏွင့္ တာ႐ွည္ ေသာက္သံုးျခင္း
(Long-term heavy drinking of alcohol)
အရက္ကို အလြန္ အကၽြံ (၁၀) ႏွစ္ ခန္႔ ေသာက္ျခင္းဟာ အသည္းေျခာက္ ေရာဂါ ျဖစ္ပြား ႏိုင္ေၾကာင္း ေတြ႔႐ွိရ ပါတယ္..
အသည္းေရာင္ ဘီႏွင့္ စီေရာဂါ ႐ွိသူမ်ား
အသည္းေရာင္ ဘီႏွင့္စီ ေရာဂါပိုး ႐ွိသူ ေတြမွာ အခ်ိန္နဲ႔ အမွ် အသည္းဆဲလ္ မ်ားကို ပ်က္စီး ေစတဲ့ အတြက္ အသည္း ေျခာက္ျခင္းကို ဆယ္စုႏွစ္ ေက်ာ္ၾကာ လာပါက ျဖစ္ပြား တတ္ပါတယ္..
အရက္ေၾကာင့္ မဟုတ္ေသာ အသည္း အဆီဖုံး ေရာဂါ (Non-Alcoholic fatty Liver Disease)
အသည္း႐ွိ အဆီမ်ား ဟာေနာက္ဆံုး အနာ႐ြတ္ တစ္ရွဴးမ်ား အျဖစ္ ေျပာင္းလဲ တည္ေဆာက္ တတ္ျပီး အသည္းေျခာက္ျခင္း ျဖစ္ေပၚ လာေစ ပါတယ္..
အ၀လြန္ျခင္း၊ ဆီးခ်ဳိ ေသြခ်ဳိ ေရာဂါ၊ ႏွလံုး ေသြးေၾကာ ဆိုင္ရာ ေရာဂါ မ်ားနဲ႔ ဆက္စပ္မႈ ႐ွိပါတယ္..
သံဓါတ္စုပ္ယူမႈမ်ားေသာေရာဂါ (Hemochromatosis)
မ်ဳိး႐ိုး လုိက္တတ္တဲ့ ေရာဂါ တစ္မ်ဳိး ျဖစ္ျပီး အူမွ သံဓါတ္ စုပ္ယူမႈ မ်ားကာ ခႏၶာ ကိုယ္တြင္း သံဓါတ္မ်ား စုပံု လာျခင္းေၾကာင့္ အသည္းေျခာက္ ျခင္း၊ ဆီးခ်ဳိ ေသြးခ်ဳိ ေရာဂါ၊ ေဂါက္ ကဲ့သို႔ ေရာဂါ တစ္မ်ဳိး၊ ႏွလံုး ၾကြက္သား ေရာင္ရမ္းျခင္း တို႔ ျဖစ္ေပၚ တတ္ပါတယ္.. Wilson's disease, Cystic Fibrosis, alpha-1 antitrypsin deficiency, galactosemia, glycogen storage disease စတဲ့ မ်ဳိး႐ိုး လိုက္ေသာ ေရာဂါ မ်ားေၾကာင့္လည္း အသည္း ေျခာက္ျခင္း ျဖစ္ေပၚ ေစပါတယ္..
မိမိ ခႏၶာကိုယ္ ခုခံမႈစနစ္မွ အသည္းဆဲလ္မ်ားအား မွားယြင္းတိုက္ခိုက္ျခင္း (Autoimmune hepatitis)
အခ်ဳိ႕ေသာ မ်ဳိး႐ိုး ဗီဇ တစ္မ်ဳိး ႐ွိတဲ့ သူမ်ားမွာ ခႏၶာကိုယ္ ခုခံမႈ စနစ္မွ အသည္းဆဲလ္ မ်ားအား မွားယြင္း တိုက္ခိုက္ မႈေၾကာင့္ အသည္း ဆဲလ္မ်ား ေရာင္ရမ္း ပ်က္စီးျပီး ေနာက္ဆံုး အသည္း ေျခာက္ျခင္း ျဖစ္ေပၚ ေစပါတယ္.. ဒီလို ျဖစ္ပြား သူေတြရဲ႕ ၇၀% ဟာ အမ်ဳိး သမီးမ်ား ျဖစ္ၾက ပါတယ္..
သည္းေျခ လမ္းေၾကာင္း ေၾကာင့္ ျဖစ္ေသာ အသည္းေျခာက္ျခင္း
Primary Biliary Cirrhosis, Primary Sclerosing Cholangitis, Blockage of Bile Duct (သည္းေျခ ျပြန္ပိတ္ ဆို႔ျခင္း) စတဲ့ ေရာဂါ မ်ားေၾကာင့္ လည္း အသည္း ေျခာက္ျခင္း ျဖစ္ေပၚ ေစပါတယ္..
အဆိပ္အေတာက္ ပစၥည္းမ်ားႏွင့္ ေဆး၀ါးမ်ားေၾကာင့္ အသည္းေျခာက္ျခင္း (Toxic Hepatitis)
အသည္းကို အဆိပ္အေတာက္ ျဖစ္ေစတဲ့ ေဆး၀ါးမ်ား (Hepatotoxic Drugs)၊ ဓါတု ပစၥည္းမ်ား (Chemicals)၊ အသည္းတြင္း ကပ္ပါး ေကာင္ ပိုးစဲြ နာမ်ား (Parasitic Infection)၊ ႏွလံုး ယာဖက္ျခမ္း ေရာင္ရမ္း ညွစ္အားနည္း မႈေၾကာင့္ အသည္းတြင္ ေသြးစုပံု ခံရျခင္း ေရာဂါ (Cardiac Cirrhosis) တို႔ေၾကာင့္ အသည္း ေျခာက္ျခင္း လည္း ျဖစ္ေပၚ ေစတတ္ ပါတယ္..
အသည္းေျခာက္ျခင္း ရဲ႕ ကနဦး လကၡဏာမ်ားမွာ သိသာ ထင္႐ွားစြာ မျပသ ေသာ္လည္း တျဖည္းျဖည္း ေရာဂါ တိုးတက္ လာပါက ႏံုးေခြ အားေလ်ာ့လာျခင္း၊ အစား အေသာက္ ပ်က္လာျခင္း၊ ပ်ဳိ႕အန္ ခ်င္စိတ္ ျဖစ္ေပၚ လာျခင္း၊ ကိုယ္ အေလးခ်ိန္ ေလ်ာ့လာျခင္း၊ ဗိုက္နာ ဗိုက္ကယ္ ျဖစ္လာ တတ္ျခင္း၊ တစ္ကိုယ္လံုး ယားယံ လာတတ္ ျခင္း၊ ပင့္ကူ ကဲ့သို႔ ျဖာထြက္ ေနေသာ အနီေရာင္ အကြက္ မ်ား (Spider Naevi) ျဖစ္ေပၚ လာတတ္ျခင္း တုိ႔ ျဖစ္ ပါတယ္..
ေရာဂါ တျဖည္း ျဖည္း တိုးတက္ လာျပီး ေနာက္ပိုင္း လကၡဏာ မ်ားနဲ႔ ေနာက္ဆက္တြဲ ဆိုးက်ဳိး (Complications) မ်ားမွာ...
ေရဖ်ဥ္းစြဲလာျခင္း (Ascites)
ေရာဂါ တုိးတက္ လာျခင္းနဲ႔ အတူ ၀မ္းဗိုက္ အတြင္း ေရမ်ား စုလာမႈ ေၾကာင့္ ေရဖ်ဥ္း ျဖစ္ေပၚ လာျပီး၊ ေျခေထာက္ တစ္႐ွဴးမ်ားတြင္း ေရစု လာပါက ေျခေထာက္ ေဖာေရာင္ ျခင္းမ်ား ျဖစ္ေပၚ လာပါတယ္..
မ ေဟာ္မုန္း အီစထ႐ိုဂ်င္ဓါတ္ မ်ားလာျခင္းေၾကာင့္ ျဖစ္ေပၚလာေသာ လကၡဏာမ်ား
အသည္း ဆဲလ္မ်ားမွ အီစထ႐ို ဂ်င္ဓါတ္ ကို မေခ်ဖ်က္ မစြန္႔ထုတ္ ႏိုင္ေတာ့ ၍ ေသြးတြင္း စုပံု လာျပီး အမ်ဳိးသားမ်ား ရင္သား ၾကီးထြား လာျခင္း (Gynaecomastia)၊ ကာမဂုဏ္စိတ္ နည္းလာျခင္း(Loss of sexual drive)၊ ျမံဳတတ္ျခင္း (Infertility)၊ ပန္းေသ တတ္ျခင္း (Impotence)၊ ေ၀ွးေစ့ မ်ားက်ဳံလွီ လာျခင္း (Testicular atrophy) တို႔ ျဖစ္ေပၚ တတ္ပါတယ္..
ေသြးထြက္/ ေသြးေျခဥ လြယ္လာျခင္း (Bruising and Bleeding)
အသည္းဆဲလ္ မ်ားမွ ေသြးခဲ ေစတဲ့ ပရိုတိန္း ဓါတ္မ်ား မထုတ္လုပ္ ႏိုင္မႈ ေၾကာင့္ ေသြးထြက္ လြယ္ျခင္း၊ ေသြးေျခဥ လြယ္ျခင္း ျဖစ္ေပၚ လာပါတယ္..
ေပၚတယ္ ေသြးဖိအား ျမင့္တက္ျခင္း (Portal Hypertension)
ဒီလို ေသြးဖိအား ျမင့္တက္ ျခင္းအားျဖင့္ အစာမ်ဳိ (Esophagus) ႐ွိ ေသြးေၾကာ မ်ား ေဖာင္းလာျပီး ေပါက္ထြက္ ကာ ေသြးအန္ ျခင္း ျဖစ္ေပၚ လာႏိုင္ ပါတယ္.. အဲဒီလို ေသြးေၾကာ ေပါက္ ေသြးအန္ ျခင္းဟာ အေရးေပၚ အေျခ အေန ျဖစ္လို႔ အလွ်င္ အျမန္ ေဆးကု သမႈ ခံယူ ရပါမယ္.. ေပၚတယ္ ေသြးဖိအား ျမင့္တက္ ျခင္းေၾကာင့္ ေဘလံုးလည္း တျဖည္းျဖည္း ၾကီးလာကာ (Splenomegaly) ေသြးျဖဴဥ (White Blood Cells)၊ ေသြးမႊားဥ (Platelets) အေရ အတြက္ က်ဆင္း လာပါတယ္.. ခ်က္တစ္၀ိုက္မွ ေသြးေၾကာမ်ား ေဖာင္းလာျခင္း (Caput Medusa) လည္း ျဖစ္ေပၚ တတ္ပါတယ္..
အသား၀ါလာျခင္း (Jaundice)
အသည္း ေျခာက္ျခင္း ျဖစ္ေပၚ လာလွ်င္ သည္းေျခ လမ္းေၾကာင္း ေလးမ်ား ပိတ္ဆို႔ မႈျဖစ္ပြား ျပီး အ၀ါဓါတ္ (Bilirubin) မ်ား မစြန္႔ ထုတ္ႏိုင္ သျဖင့္ အသား၀ါျခင္း ျဖစ္ေပၚ လာပါတယ္..
အသည္းေၾကာင့္ ဦးေႏွာက္အဆိပ္သင့္ျခင္း (Hepatic Encephalopathy)
အဆိပ္ အေတာက္ ဓါတ္မ်ား အသည္း ေျခာက္ျခင္း ျဖစ္သျဖင့္ မစြန္႔ ထုတ္ႏိုင္တဲ့ အခါ ၎ဓါတ္ မ်ားဟာ ဦးေႏွာက္ တြင္စုပံု ျခင္းေၾကာင့္ စိတ္႐ႈပ္ ေထြးတတ္ျခင္း၊ ဂေယာင္ ေခ်ာက္ခ်ား ျဖစ္ျခင္း၊ မွတ္ဥာဏ္ ေပ်ာက္ဆံုးျခင္း၊ အာ႐ံု စုစည္းမႈ မ႐ွိ ေတာ့ျခင္း၊ သာမန္ အလုပ္ ကိုပင္ မလုပ္ ႏိုင္ေတာ့ျခင္း၊ အိပ္ခ်ိန္ မမွန္ ေတာ့ျခင္း အစ ႐ွိတဲ့ လကၡဏာမ်ား ျဖစ္ေပၚ တတ္ပါတယ္..
ေက်ာက္ကပ္လုပ္ငန္းက်ဆင္းလာျခင္း (Hepatorenal Syndrome)
အသည္းေျခာက္ ျခင္းေၾကာင့္ ေက်ာက္ကပ္ သို႔ ေသြးပို႔ လႊတ္မႈ နည္းသြားျပီး ႐ုတ္တရက္ ေက်ာက္ကပ္ လုပ္ငန္း က်ဆင္းျခင္း (Acute Renal Failure) ျဖစ္ေပၚ ေစပါတယ္..
အသည္းကင္ဆာျဖစ္တတ္ျခင္း (Hepatocellular Carcinoma)
အသည္း ေျခာက္သူမ်ား ဟာ အသည္းကင္္ဆာ အျဖစ္ ေျပာင္းလဲ တတ္ပါတယ္..
အသည္းေျခာက္ျခင္းကို သိေစႏိုင္တဲ့ စစ္ေဆး စမ္းသပ္ နည္းမ်ားမွာ လူနာ ၏ အရက္ ေသာက္ခဲ့ ဖူးေသာ ရာဇ၀င္ ႐ွိမ႐ွိ ေမးျမန္း ျခင္း၊ လူနာ အား အသည္းေျခာက္ ေရာဂါ လကၡဏာ မ်ား စမ္းသပ္ ႐ွာေဖြ ျခင္း၊ ဓါတ္ခြဲ ခန္းစစ္ ေဆးနည္း မ်ား၊ တီဗြီ ဓါတ္မွန္ (Ultrasound)၊ Computerized Tomography (CT Scan)၊ Magnetic Resonance Imaging (MRI Scan)၊ ေနာက္ဆံုး အဆင့္ အသည္း အသားစ နမူနာ ယူ၍ စမ္းသပ္ ျခင္း (Liver Biopsy) စသည့္ နည္းမ်ား ျဖင့္ သိ႐ွိ ႏိုင္ပါတယ္.. စမ္းသပ္ နည္းမ်ား ကို အေသးစိတ္ မေဖာ္ ျပေတာ့ပါ..
ကုသနည္းမ်ား မွာ အဓိက ရည္႐ြယ္ခ်က္ (၄) ခ်က္ျဖင့္ ထား႐ွိ ကုသ ဖို႔လိုအပ္ ပါတယ္..
အသည္းကို ထပ္မံ ထိခိုက္မႈ မ႐ွိေအာင္ ေနထိုင္ ျပဳမူ ရပါမယ္..
ေနာက္ဆက္တြဲ ဆိုးက်ဳိး လကၡဏာမ်ား (Complications)႐ွိပါက ကုသ မႈေပးရ ပါမယ္..
အသည္း ကင္ဆာ မျဖစ္ေစရန္ စစ္ေဆး တားဆီး ကုသ ေပးရ ပါမယ္..
ေနာက္ဆံုး အဆင့္ အသည္း လဲလွယ္ အစားထိုး ကုသ ေပးေရး ပင္ ျဖစ္ပါတယ္..
အသည္း ေျခာက္ျခင္း ျဖစ္ေစေသာ မူလ အေၾကာင္းရင္း၊ အသည္း ေျခာက္ျခင္း အနည္း/ အမ်ား အဆင့္ အေျခ အေန၊ ေနာက္ဆက္ တြဲဆိုးက်ဳိး လကၡဏာ မ်ား ႐ွိမ႐ွိ ေပၚတြင္ မူတည္ ျပီး ကုသမႈ ေပးရ ပါတယ္.. အသည္း ေျခာက္သူ အဖို႔ အာဟာရ ျပည့္၀ ေသာ အစာ ကို စားသံုးရန္ လိုအပ္ ျပီး ဗီတာမင္ စံု အားေဆး (Multivitami) တစ္ေန႔ တစ္ၾကီမ္ ေသာက္ေပး သင့္ ပါတယ္.. အသည္း ေျခာက္ျခင္း တုိးတက္ လာတာ နဲ႔အမွ် ဆိုဒီယမ္ (ဆား) ပါ၀င္တဲ့ အစာမ်ားကုိ ေ႐ွာင္ၾကဥ္ ရပါမယ္.. အရက္ နဲ႔ အျခား ဘီယာ၊ ၀ိုင္၊ အလားတူ အသံုး အေဆာင္ မ်ားကို လံုး၀ ေ႐ွာင္ၾကဥ္ ရပါမယ္.. အကိုက္ အခဲ ေပ်ာက္ေဆး (NSAIDs) မ်ားဟာ လည္း အသည္း ေျခာက္ျခင္း ကိုပိုမို ဆိုး႐ြား ေစတဲ့ အတြက္ ေ႐ွာင္ၾကဥ္ ရပါမယ္..
အသည္းေရာင္ ဘီနဲ႔စီ ေရာဂါ ႐ွိသူမ်ား အဖို႔ ၎နဲ႔ သင့္ေတာ္တဲ့ ေဆး၀ါး ကုသ မႈခံယူ သင့္ပါတယ္.. ေရဖ်ဥ္း စဲြျခင္း၊ေျခေထာက္ ေဖာေရာင္ ျခင္း ႐ွိသူမ်ား အဖို႔ သင့္ေတာ္တဲ့ ဆီးေဆး ကို ေပးျခင္း ျဖင့္ ကုသ ရပါမယ္.. ေပၚတယ္ ေသြးဖိအား ျမင့္တက္ ေနျခင္း ႐ွိလွ်င္ Beta-blockers (esp;- propranolol), Nitrates (Isosorbide dinitrate) ေပးျခင္း ျဖင့္ ဖိအား ခ်ေပး ရပါမယ္.. Octreotide ကို ေပးျခင္း ျဖင့္လည္း ဖိအားကို ခ်ေပး ႏိုင္ပါတယ္..
အစာမ်ဳိ ေသြးေၾကာ ေပါက္ျပီး ေသြးအန္ ျခင္း (Esophageal Varices) ျဖစ္ပါက သားေရပင္ ပစ္စည္းျခင္း (Band Ligation)၊ အယ္လ္ကိုေဟာ အျပင္း ထိုးေပးျခင္း (Sclerotherapy) ျဖင့္ ေသြးမထြက္ ေအာင္ ကုသ ရပါမယ္.. ေဆးျဖင့္ ေပၚတယ္ ဖိအား ျမင့္တက္ ျခင္းကို မထိန္းႏိုင္ ေတာ့လွ်င္ ေပၚတယ္ ေသြးျပန္ ေၾကာႏွင့္ ပင္မ ေသြးျပန္ ေၾကာကို လမ္းလႊဲ တည္ေဆာက္ ခြဲစိတ္ ကုသ ေပးျခင္း (Transjugular Intrahepatic Portosystemic Shunt - TIPS), (Distal SplenoRenal Shunt - DSRS) တို႔ ျဖင့္ ကုသ ေပးႏိုင္ ပါတယ္..
အသည္းေၾကာင့္ ဦးေႏွာက္ အဆိပ္ သင့္ျခင္း (Hepatic Encephalopathy) ျဖစ္ပြား ပါက Lactulose ၀မ္းႏႈတ္ေဆး ကို ေပးျခင္းျဖင့္ အူမၾကီးမွ အဆိပ္ အေတာက္ ဓါတ္မ်ား စုပ္ယူမႈ ကို ေလွ်ာခ် ျခင္းျဖင့္ သက္သာ ေစႏိုင္ ပါတယ္..
အကယ္၍ Lactulose တစ္မ်ဳိး တည္းျဖင့္ မလံု ေလာက္ပါက Neomycin, Metronidazole ကဲ့သို႔ ပဋိဇီ၀ ေသာက္ေဆး မ်ားကို ပူးတြဲ ေပးႏိုင္ ပါတယ္.. ေဆးကုသ မႈျဖင့္ ေနာက္ဆက္ တြဲဆိုးက်ဳိး မ်ား (Complications) မသက္သာ ပါက ေနာက္ဆံုး အသည္း အစားထိုး လဲလွယ္ ျခင္း (Liver Transplant) ဟာ အႏၲိမ ကုထံုး ပဲ ျဖစ္ပါ ေတာ့တယ္..
အားလံုး အသည္း ေရာဂါ အေပါင္းမွ ကင္းေ၀း ႏိုင္ပါေစ....။
References:
http://www.medicinenet.com/cirrhosis/article.htm
 

http://en.wikipedia.org/wiki/Cirrhosis
 

http://digestive.niddk.nih.gov/ddiseases/pubs/cirrhosis/
 

http://www.mydr.com.au/gastrointestinal-hea…/liver-cirrhosis
 

ေဒါက္တာ၀င္းသိန္း
Dr. Win Thein
က်န္းမာေရးသတင္းမ်ား
အသည်းခြောက်ရောဂါ (Cirrhosis Of Liver - COL)

အသည်းခြောက် ရောဂါဟာ အမျိုးမျိုးသော အကြောင်း များကြောင့် အသည်း ဆဲလ်များ ပျက်စီးကာ ၎င်းနေရာ များတွင် အနာရွတ် တစ်ရှူး (Scar Tissue) များက နေရာယူ အစားထိုး ၀င်ရောက် လာခြင်း (Fibrosis) ကြောင့် အသည်းရဲ့ ပုံသဏ္ဌာန်၊ လုပ်ငန်း ဆောင်တာများ ပျက်စီး ယိုယွင်း လာခြင်း ဖြစ်ပါတယ်...

အသည်းခြောက် ရောဂါ ကြောင့် သေဆုံး ရခြင်းဟာ ရောဂါ မျိုးစုံကြောင့် သေဆုံး သူများ (Death by Disease) ရဲ့ စာရင်းမှာ ၁၂ ခုမြောက် မှာ ရှိပါတယ်..
US မှာတော့ အရက် အလွန် အကျွံ တာရှည် သုံးစွဲခြင်းနဲ့ အသည်းရောင် စီရောဂါ ကြောင့် အဓိက ဖြစ်ပွား ကြပါတယ်..

အသည်းဟာ ခန္ဓာကိုယ် ရဲ့ အရေးကြီး လုပ်ငန်းများ ကို အဓိက လုပ်ဆောင် ပေးရာ အစိတ် အပိုင်း တစ်ခု ဖြစ်ပြီး ၀မ်းဗိုက် အပေါ် ယာဖက်ပိုင်း မှာ တည်ရှိ ပါတယ်.. အဓိက လုပ်ငန်းကြီး (၂) မျိုးအနက် တစ်မျိုးမှာ ခန္ဓာကိုယ် တွင်း လိုအပ် တဲ့ ဓါတ်ပစ္စည်း များ (ဥပမာ - သွေးခဲ စေသော ပစ္စည်း - Clotting Proteins) ထုတ်လုပ် ပေးခြင်းနဲ့ နောက်တစ်မျိုး မှာ ခန္ဓာကိုယ် မှ မလိုအပ် တော့တဲ့ စွန့်ပစ် ပစ္စည်း များကို ချေဖျက် စွန့်ထုတ် ပေးခြင်း တို့ ဖြစ်ပါတယ်..

ဒါ့ပြင် ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ စွမ်းအင် အဖြစ် ဂလူးကို့စ် (Glucose) နဲ့ လစ်ပစ် အဆီဓါတ် (Lipids) များကို ထိန်းချုပ် လည်ပတ် စေပါတယ်.. အခြား ကိုယ်တွင်း အင်္ဂါများ နဲ့ မတူတဲ့ အချက်မှာ အသည်း အတွက် အဓိက သွေးထောက်ပံ့ နေခြင်းမှာ သွေးလွှတ် ကြောမှ အနည်း အကျဉ်း သာဖြစ်ပြီး အူသိမ် အူမကြီး မှ လာသော ပေါ်တယ် သွေးပြန်ကြော (Portal Veins) မှသာ အများ ဆုံး သွေးထောက် ပံ့နေခြင်း ဖြစ်ပါတယ်.. ပေါ်တယ် သွေးပြန်ကြော ဟာ အသည်း တွင်းသို့ သွေးကြော ငယ်များ (Sinusoids) အဖြစ် ဖြာထွက် ခွဲဝင်ပြီး အသည်း ဆဲလ် များနဲ့ အနီးဆုံး အနေ အထား ဖြတ်သန်း ပါတယ်..

၎င်းကဲ့သို့ အသည်း ဆဲလ်များနဲ့ သွေးကြော ငယ်များ (Sinusoids) ပူးတွဲ တည်ရှိ မှုကြောင့် ပေါ်တယ် သွေးပြန် ကြောမှ အာဟာရ နဲ့ ဓါတ်ပစ္စည်း များကို အသည်း ဆဲလ်များ တွင်းသို့ ပို့ဆောင်ပြီး အသည်း ဆဲလ်များ မှ ဓါတ်ပစ္စည်း များကို သွေးကြော တွင်းသို့ ပို့ဆောင် ပေးပါတယ်.. ထိုမှ တစ်ဆင့် သွေးကြော ငယ်များ စုစည်း ပြီး အသည်း သွေးပြန်ကြော (Hepatic Vein) အဖြစ် နှလုံး သို့ပို့ဆောင် ပေးပါတယ်..

အသည်းခြောက် ရောဂါ ဖြစ်ပြီ ဆိုရင် အသည်း ဆဲလ်အများစု ပျက်စီး ပြီး အနာ ရွတ် တစ်ရှူး များ အစားထိုး လာမှု ကြောင့် အသည်း ပုံသဏ္ဌာန် ပျက်စီးကာ ပေါ်တယ် သွေးပြန် ကြောငယ် များကို လည်း ကျဉ်းမြောင်း ပိတ်ဆို့ မှုဖြစ် ပေါ်စေ ပါတယ်..

၎င်းကဲ့သို့ ပိတ်ဆို့ မှုကြောင့် ပေါ်တယ် သွေးဖိအား မြင့်တက်ခြင်း (Portal Hypertension) ဖြစ်ပေါ်ကာ အသည်း ခြောက် ရောဂါ လက္ခဏာ များ ပေါ်ပေါက် လာပါတယ်.. ပုံမှန် အသည်း ဆဲလ်များ လျော့နည်း လာ၍ အသည်း လုပ်ငန်း များ တဖြည်းဖြည်း ကျဆင်း လာပြီး သွေးခဲ ပစ္စည်း မထုတ် လုပ်နိုင် မှုကြောင့် သွေးယိုစီး လွယ်ခြင်း၊ ခုခံမှု စနစ် ကျဆင်း ခြင်းကြောင့် ပိုးဝင် လွယ်ခြင်းနဲ့ အတူ အခြား လက္ခဏာ များလည်း ထပ်မံ ပေါ်ပေါက် လာ ပါတယ်..

နောက်ထပ် ထိခိုက် တဲ့ လုပ်ငန်း တစ်ခု ကတော့ သည်းခြေ ရည် (Bile) စွန့်ထုတ်မှု ပျက်ပြား ခြင်းပဲ ဖြစ်ပါတယ်.. သည်းခြေရည် ထုတ်လုပ် ခြင်းဟာ အသည်း ဆဲလ် များရဲ့ လုပ်ငန်း များအနက် တစ်ခု အပါ အဝင် ဖြစ်ပါတယ်.. သည်းခြေရည် (Bile) ဟု ခေါ်ဆို သော်လည်း စင်စစ် သည်းခြေ မှ ထုတ်လုပ် ခြင်း မဟုတ်ပဲ အသည်း ဆဲလ် များမှ ထုတ်လုပ်ကာ သည်းခြေ အိတ်တွင် ခဏ သိုလှောင် ထားပြီး သည်းခြေ ပြွန် (Common Bile Duct) မှ တဆင့် အူသိမ် တွင်းသို့ စီးဝင် ပါတယ်..

သည်းခြေရည် ၏ အဓိက လုပ်ငန်း နှစ်ရပ်မှာ အစာ ခြေဖျက် ခြင်းနဲ့ ခန္ဓာကိုယ် မှ မလိုအပ်တဲ့ စွန့်ပစ် ပစ္စည်း၊ အဆိပ် အတောက် ပစ္စည်း များကို အူသိမ် အူမကြီး မှတဆင့် ကျင်ကြီး အဖြစ် စွန့်ထုတ် ခြင်းပင် ဖြစ်ပါတယ်.. အသည်း ခြောက် ရောဂါ ဖြစ်ပွား ပြီဆိုလျှင် သည်းခြေ ပြွန် လမ်းကြောင်း လေးများ ပိတ်ဆို့ မှုကြောင့် အစာ ခြေဖျက်အား နည်းလာခြင်း၊ သည်းခြေ ရည်မှ တဆင့် ဘီလီ ရူဘင် (Bilirubin) အဝါ ရောင်ဓါတ် များ မစွန့်ထုတ် နိုင်မှု ကြောင့် အသား ၀ါခြင်း ဖြစ်ပေါ် လာပါတယ်..

အသည်း ခြောက်ခြင်း ဖြစ်ပွား စေသော အကြောင်းများမှာ

အရက်ကို အလွန်အကျွံနှင့် တာရှည် သောက်သုံးခြင်း
(Long-term heavy drinking of alcohol)

အရက်ကို အလွန် အကျွံ (၁၀) နှစ် ခန့် သောက်ခြင်းဟာ အသည်းခြောက် ရောဂါ ဖြစ်ပွား နိုင်ကြောင်း တွေ့ရှိရ ပါတယ်..
အသည်းရောင် ဘီနှင့် စီရောဂါ ရှိသူများ
အသည်းရောင် ဘီနှင့်စီ ရောဂါပိုး ရှိသူ တွေမှာ အချိန်နဲ့ အမျှ အသည်းဆဲလ် များကို ပျက်စီး စေတဲ့ အတွက် အသည်း ခြောက်ခြင်းကို ဆယ်စုနှစ် ကျော်ကြာ လာပါက ဖြစ်ပွား တတ်ပါတယ်..
အရက်ကြောင့် မဟုတ်သော အသည်း အဆီဖုံး ရောဂါ (Non-Alcoholic fatty Liver Disease)
အသည်းရှိ အဆီများ ဟာနောက်ဆုံး အနာရွတ် တစ်ရှူးများ အဖြစ် ပြောင်းလဲ တည်ဆောက် တတ်ပြီး အသည်းခြောက်ခြင်း ဖြစ်ပေါ် လာစေ ပါတယ်..

အဝလွန်ခြင်း၊ ဆီးချို သွေချို ရောဂါ၊ နှလုံး သွေးကြော ဆိုင်ရာ ရောဂါ များနဲ့ ဆက်စပ်မှု ရှိပါတယ်..

သံဓါတ်စုပ်ယူမှုများသောရောဂါ (Hemochromatosis)
မျိုးရိုး လိုက်တတ်တဲ့ ရောဂါ တစ်မျိုး ဖြစ်ပြီး အူမှ သံဓါတ် စုပ်ယူမှု များကာ ခန္ဓာ ကိုယ်တွင်း သံဓါတ်များ စုပုံ လာခြင်းကြောင့် အသည်းခြောက် ခြင်း၊ ဆီးချို သွေးချို ရောဂါ၊ ဂေါက် ကဲ့သို့ ရောဂါ တစ်မျိုး၊ နှလုံး ကြွက်သား ရောင်ရမ်းခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်.. Wilson's disease, Cystic Fibrosis, alpha-1 antitrypsin deficiency, galactosemia, glycogen storage disease စတဲ့ မျိုးရိုး လိုက်သော ရောဂါ များကြောင့်လည်း အသည်း ခြောက်ခြင်း ဖြစ်ပေါ် စေပါတယ်..

မိမိ ခန္ဓာကိုယ် ခုခံမှုစနစ်မှ အသည်းဆဲလ်များအား မှားယွင်းတိုက်ခိုက်ခြင်း (Autoimmune hepatitis)
အချို့သော မျိုးရိုး ဗီဇ တစ်မျိုး ရှိတဲ့ သူများမှာ ခန္ဓာကိုယ် ခုခံမှု စနစ်မှ အသည်းဆဲလ် များအား မှားယွင်း တိုက်ခိုက် မှုကြောင့် အသည်း ဆဲလ်များ ရောင်ရမ်း ပျက်စီးပြီး နောက်ဆုံး အသည်း ခြောက်ခြင်း ဖြစ်ပေါ် စေပါတယ်.. ဒီလို ဖြစ်ပွား သူတွေရဲ့ ရ၀% ဟာ အမျိုး သမီးများ ဖြစ်ကြ ပါတယ်..

သည်းခြေ လမ်းကြောင်း ကြောင့် ဖြစ်သော အသည်းခြောက်ခြင်း
Primary Biliary Cirrhosis, Primary Sclerosing Cholangitis, Blockage of Bile Duct (သည်းခြေ ပြွန်ပိတ် ဆို့ခြင်း) စတဲ့ ရောဂါ များကြောင့် လည်း အသည်း ခြောက်ခြင်း ဖြစ်ပေါ် စေပါတယ်..
အဆိပ်အတောက် ပစ္စည်းများနှင့် ဆေးဝါးများကြောင့် အသည်းခြောက်ခြင်း (Toxic Hepatitis)
အသည်းကို အဆိပ်အတောက် ဖြစ်စေတဲ့ ဆေးဝါးများ (Hepatotoxic Drugs)၊ ဓါတု ပစ္စည်းများ (Chemicals)၊ အသည်းတွင်း ကပ်ပါး ကောင် ပိုးစွဲ နာများ (Parasitic Infection)၊ နှလုံး ယာဖက်ခြမ်း ရောင်ရမ်း ညှစ်အားနည်း မှုကြောင့် အသည်းတွင် သွေးစုပုံ ခံရခြင်း ရောဂါ (Cardiac Cirrhosis) တို့ကြောင့် အသည်း ခြောက်ခြင်း လည်း ဖြစ်ပေါ် စေတတ် ပါတယ်..

အသည်းခြောက်ခြင်း ရဲ့ ကနဦး လက္ခဏာများမှာ သိသာ ထင်ရှားစွာ မပြသ သော်လည်း တဖြည်းဖြည်း ရောဂါ တိုးတက် လာပါက နုံးခွေ အားလျော့လာခြင်း၊ အစား အသောက် ပျက်လာခြင်း၊ ပျို့အန် ချင်စိတ် ဖြစ်ပေါ် လာခြင်း၊ ကိုယ် အလေးချိန် လျော့လာခြင်း၊ ဗိုက်နာ ဗိုက်ကယ် ဖြစ်လာ တတ်ခြင်း၊ တစ်ကိုယ်လုံး ယားယံ လာတတ် ခြင်း၊ ပင့်ကူ ကဲ့သို့ ဖြာထွက် နေသော အနီရောင် အကွက် များ (Spider Naevi) ဖြစ်ပေါ် လာတတ်ခြင်း တို့ ဖြစ် ပါတယ်..

ရောဂါ တဖြည်း ဖြည်း တိုးတက် လာပြီး နောက်ပိုင်း လက္ခဏာ များနဲ့ နောက်ဆက်တွဲ ဆိုးကျိုး (Complications) များမှာ...

ရေဖျဉ်းစွဲလာခြင်း (Ascites)

ရောဂါ တိုးတက် လာခြင်းနဲ့ အတူ ၀မ်းဗိုက် အတွင်း ရေများ စုလာမှု ကြောင့် ရေဖျဉ်း ဖြစ်ပေါ် လာပြီး၊ ခြေထောက် တစ်ရှူးများတွင်း ရေစု လာပါက ခြေထောက် ဖောရောင် ခြင်းများ ဖြစ်ပေါ် လာပါတယ်..

မ ဟော်မုန်း အီစထရိုဂျင်ဓါတ် များလာခြင်းကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများ

အသည်း ဆဲလ်များမှ အီစထရို ဂျင်ဓါတ် ကို မချေဖျက် မစွန့်ထုတ် နိုင်တော့ ၍ သွေးတွင်း စုပုံ လာပြီး အမျိုးသားများ ရင်သား ကြီးထွား လာခြင်း (Gynaecomastia)၊ ကာမဂုဏ်စိတ် နည်းလာခြင်း(Loss of sexual drive)၊ မြုံတတ်ခြင်း (Infertility)၊ ပန်းသေ တတ်ခြင်း (Impotence)၊ ဝှေးစေ့ များကျုံလှီ လာခြင်း (Testicular atrophy) တို့ ဖြစ်ပေါ် တတ်ပါတယ်..
သွေးထွက်/ သွေးခြေဥ လွယ်လာခြင်း (Bruising and Bleeding)
အသည်းဆဲလ် များမှ သွေးခဲ စေတဲ့ ပရိုတိန်း ဓါတ်များ မထုတ်လုပ် နိုင်မှု ကြောင့် သွေးထွက် လွယ်ခြင်း၊ သွေးခြေဥ လွယ်ခြင်း ဖြစ်ပေါ် လာပါတယ်..

ပေါ်တယ် သွေးဖိအား မြင့်တက်ခြင်း (Portal Hypertension)
ဒီလို သွေးဖိအား မြင့်တက် ခြင်းအားဖြင့် အစာမျို (Esophagus) ရှိ သွေးကြော များ ဖောင်းလာပြီး ပေါက်ထွက် ကာ သွေးအန် ခြင်း ဖြစ်ပေါ် လာနိုင် ပါတယ်.. အဲဒီလို သွေးကြော ပေါက် သွေးအန် ခြင်းဟာ အရေးပေါ် အခြေ အနေ ဖြစ်လို့ အလျှင် အမြန် ဆေးကု သမှု ခံယူ ရပါမယ်.. ပေါ်တယ် သွေးဖိအား မြင့်တက် ခြင်းကြောင့် ဘေလုံးလည်း တဖြည်းဖြည်း ကြီးလာကာ (Splenomegaly) သွေးဖြူဥ (White Blood Cells)၊ သွေးမွှားဥ (Platelets) အရေ အတွက် ကျဆင်း လာပါတယ်.. ချက်တစ်ဝိုက်မှ သွေးကြောများ ဖောင်းလာခြင်း (Caput Medusa) လည်း ဖြစ်ပေါ် တတ်ပါတယ်..

အသားဝါလာခြင်း (Jaundice)

အသည်း ခြောက်ခြင်း ဖြစ်ပေါ် လာလျှင် သည်းခြေ လမ်းကြောင်း လေးများ ပိတ်ဆို့ မှုဖြစ်ပွား ပြီး အဝါဓါတ် (Bilirubin) များ မစွန့် ထုတ်နိုင် သဖြင့် အသားဝါခြင်း ဖြစ်ပေါ် လာပါတယ်..

အသည်းကြောင့် ဦးနှောက်အဆိပ်သင့်ခြင်း (Hepatic Encephalopathy)

အဆိပ် အတောက် ဓါတ်များ အသည်း ခြောက်ခြင်း ဖြစ်သဖြင့် မစွန့် ထုတ်နိုင်တဲ့ အခါ ၎င်းဓါတ် များဟာ ဦးနှောက် တွင်စုပုံ ခြင်းကြောင့် စိတ်ရှုပ် ထွေးတတ်ခြင်း၊ ဂယောင် ချောက်ချား ဖြစ်ခြင်း၊ မှတ်ဉာဏ် ပျောက်ဆုံးခြင်း၊ အာရုံ စုစည်းမှု မရှိ တော့ခြင်း၊ သာမန် အလုပ် ကိုပင် မလုပ် နိုင်တော့ခြင်း၊ အိပ်ချိန် မမှန် တော့ခြင်း အစ ရှိတဲ့ လက္ခဏာများ ဖြစ်ပေါ် တတ်ပါတယ်..

ကျောက်ကပ်လုပ်ငန်းကျဆင်းလာခြင်း (Hepatorenal Syndrome)

အသည်းခြောက် ခြင်းကြောင့် ကျောက်ကပ် သို့ သွေးပို့ လွှတ်မှု နည်းသွားပြီး ရုတ်တရက် ကျောက်ကပ် လုပ်ငန်း ကျဆင်းခြင်း (Acute Renal Failure) ဖြစ်ပေါ် စေပါတယ်..

အသည်းကင်ဆာဖြစ်တတ်ခြင်း (Hepatocellular Carcinoma)

အသည်း ခြောက်သူများ ဟာ အသည်းကင််ဆာ အဖြစ် ပြောင်းလဲ တတ်ပါတယ်..
အသည်းခြောက်ခြင်းကို သိစေနိုင်တဲ့ စစ်ဆေး စမ်းသပ် နည်းများမှာ လူနာ ၏ အရက် သောက်ခဲ့ ဖူးသော ရာဇဝင် ရှိမရှိ မေးမြန်း ခြင်း၊ လူနာ အား အသည်းခြောက် ရောဂါ လက္ခဏာ များ စမ်းသပ် ရှာဖွေ ခြင်း၊ ဓါတ်ခွဲ ခန်းစစ် ဆေးနည်း များ၊ တီဗွီ ဓါတ်မှန် (Ultrasound)၊ Computerized Tomography (CT Scan)၊ Magnetic Resonance Imaging (MRI Scan)၊ နောက်ဆုံး အဆင့် အသည်း အသားစ နမူနာ ယူ၍ စမ်းသပ် ခြင်း (Liver Biopsy) စသည့် နည်းများ ဖြင့် သိရှိ နိုင်ပါတယ်.. စမ်းသပ် နည်းများ ကို အသေးစိတ် မဖော် ပြတော့ပါ..

ကုသနည်းများ မှာ အဓိက ရည်ရွယ်ချက် (၄) ချက်ဖြင့် ထားရှိ ကုသ ဖို့လိုအပ် ပါတယ်..

အသည်းကို ထပ်မံ ထိခိုက်မှု မရှိအောင် နေထိုင် ပြုမူ ရပါမယ်..
နောက်ဆက်တွဲ ဆိုးကျိုး လက္ခဏာများ (Complications)ရှိပါက ကုသ မှုပေးရ ပါမယ်..

အသည်း ကင်ဆာ မဖြစ်စေရန် စစ်ဆေး တားဆီး ကုသ ပေးရ ပါမယ်..
နောက်ဆုံး အဆင့် အသည်း လဲလှယ် အစားထိုး ကုသ ပေးရေး ပင် ဖြစ်ပါတယ်..
အသည်း ခြောက်ခြင်း ဖြစ်စေသော မူလ အကြောင်းရင်း၊ အသည်း ခြောက်ခြင်း အနည်း/ အများ အဆင့် အခြေ အနေ၊ နောက်ဆက် တွဲဆိုးကျိုး လက္ခဏာ များ ရှိမရှိ ပေါ်တွင် မူတည် ပြီး ကုသမှု ပေးရ ပါတယ်.. အသည်း ခြောက်သူ အဖို့ အာဟာရ ပြည့်ဝ သော အစာ ကို စားသုံးရန် လိုအပ် ပြီး ဗီတာမင် စုံ အားဆေး (Multivitami) တစ်နေ့ တစ်ကြီမ် သောက်ပေး သင့် ပါတယ်.. အသည်း ခြောက်ခြင်း တိုးတက် လာတာ နဲ့အမျှ ဆိုဒီယမ် (ဆား) ပါ၀င်တဲ့ အစာများကို ရှောင်ကြဉ် ရပါမယ်.. အရက် နဲ့ အခြား ဘီယာ၊ ၀ိုင်၊ အလားတူ အသုံး အဆောင် များကို လုံးဝ ရှောင်ကြဉ် ရပါမယ်.. အကိုက် အခဲ ပျောက်ဆေး (NSAIDs) များဟာ လည်း အသည်း ခြောက်ခြင်း ကိုပိုမို ဆိုးရွား စေတဲ့ အတွက် ရှောင်ကြဉ် ရပါမယ်..

အသည်းရောင် ဘီနဲ့စီ ရောဂါ ရှိသူများ အဖို့ ၎င်းနဲ့ သင့်တော်တဲ့ ဆေးဝါး ကုသ မှုခံယူ သင့်ပါတယ်.. ရေဖျဉ်း စွဲခြင်း၊ခြေထောက် ဖောရောင် ခြင်း ရှိသူများ အဖို့ သင့်တော်တဲ့ ဆီးဆေး ကို ပေးခြင်း ဖြင့် ကုသ ရပါမယ်.. ပေါ်တယ် သွေးဖိအား မြင့်တက် နေခြင်း ရှိလျှင် Beta-blockers (esp;- propranolol), Nitrates (Isosorbide dinitrate) ပေးခြင်း ဖြင့် ဖိအား ချပေး ရပါမယ်.. Octreotide ကို ပေးခြင်း ဖြင့်လည်း ဖိအားကို ချပေး နိုင်ပါတယ်..

အစာမျို သွေးကြော ပေါက်ပြီး သွေးအန် ခြင်း (Esophageal Varices) ဖြစ်ပါက သားရေပင် ပစ်စည်းခြင်း (Band Ligation)၊ အယ်လ်ကိုဟော အပြင်း ထိုးပေးခြင်း (Sclerotherapy) ဖြင့် သွေးမထွက် အောင် ကုသ ရပါမယ်.. ဆေးဖြင့် ပေါ်တယ် ဖိအား မြင့်တက် ခြင်းကို မထိန်းနိုင် တော့လျှင် ပေါ်တယ် သွေးပြန် ကြောနှင့် ပင်မ သွေးပြန် ကြောကို လမ်းလွှဲ တည်ဆောက် ခွဲစိတ် ကုသ ပေးခြင်း (Transjugular Intrahepatic Portosystemic Shunt - TIPS), (Distal SplenoRenal Shunt - DSRS) တို့ ဖြင့် ကုသ ပေးနိုင် ပါတယ်..

အသည်းကြောင့် ဦးနှောက် အဆိပ် သင့်ခြင်း (Hepatic Encephalopathy) ဖြစ်ပွား ပါက Lactulose ၀မ်းနှုတ်ဆေး ကို ပေးခြင်းဖြင့် အူမကြီးမှ အဆိပ် အတောက် ဓါတ်များ စုပ်ယူမှု ကို လျှောချ ခြင်းဖြင့် သက်သာ စေနိုင် ပါတယ်..

အကယ်၍ Lactulose တစ်မျိုး တည်းဖြင့် မလုံ လောက်ပါက Neomycin, Metronidazole ကဲ့သို့ ပဋိဇီဝ သောက်ဆေး များကို ပူးတွဲ ပေးနိုင် ပါတယ်.. ဆေးကုသ မှုဖြင့် နောက်ဆက် တွဲဆိုးကျိုး များ (Complications) မသက်သာ ပါက နောက်ဆုံး အသည်း အစားထိုး လဲလှယ် ခြင်း (Liver Transplant) ဟာ အန္တိမ ကုထုံး ပဲ ဖြစ်ပါ တော့တယ်..

အားလုံး အသည်း ရောဂါ အပေါင်းမှ ကင်းဝေး နိုင်ပါစေ....။

References:
http://www.medicinenet.com/cirrhosis/article.htm

http://en.wikipedia.org/wiki/Cirrhosis

http://digestive.niddk.nih.gov/ddiseases/pubs/cirrhosis/

http://www.mydr.com.au/gastrointestinal-hea…/liver-cirrhosis

ဒေါက်တာဝင်းသိန်း
Dr. Win Thein

ကျန်းမာရေးသတင်းများ

No comments:

Post a Comment