ဇော်ခမ်းဟိန်း
ပါတီစုံအထွေထွေရွေးကောက်ပွဲဝင်ပြိုင်ရန် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ်လောင်း ၁၈ ဦး စာရင်းပေးသွင်းထားရာ ၁၇ ဦး ပယ်ချခံခဲ့ရသည်ဟု ပါတီဥက္ကဋ္ဌ ဦးကျော်မင်း (ခ) မိုဟာမက်ရှောင်အနောရူလာဟောက် က မဇ္ဈိမသို့ ပြောသည်။
ပြည်နယ်လွှတ်တော်တွင် ၁၀ ဦး၊ ပြည်သူ့လွှတ်တော်တွင် ၃ ဦး၊ အမျိုးသားလွှတ်တော်တွင် ၅ ဦးတို့က မောင်တောခရိုင်၊ စစ်တွေခရိုင်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားရာ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အတွက် တစ်ဦးသာ ကိုယ်စားလှယ်လောင်း စရင်းပါခဲ့သည်ဟုဆိုသည်။
''ကော်မရှင်က ကိုယ်စားလှယ်လောင်းစာရင်းထွက်ပြီး (၇) ရက်အတွင်း ကျွန်တော်တို့အယူခံ ၀င်ပါတယ်။ ပြည်နယ်ကော်မရှင်က ထပ်ပြီး ပယ်ချလိုက်တာပါ။'' ဟု ဦးကျော်မြင့်က ပြောသည်။
ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ်လောင်း ၁၇ ဦးမှ ၁၁ ဦးသည် မိဘနှစ်ပါး နိုင်ငံသားမဖြစ်သည့် အကြောင်းပြချက်ဖြင့် ပယ်ချခံရခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်လောင်းပယ်ချခံထားသူ ၂၁ ဦး၏ အယူခံအား စက်တင်ဘာ ၉ ရက်နေ့က ကြားနာစစ်ဆေးရာ ထို ၂၁ ဦးလုံးကို ထပ်မံပယ်ချခဲ့သည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးသူရိန်ထွဋ်က ပြောကြားသည်။
ပယ်ချခံရသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှ ၁၁ ဦး၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေးပါတီမှ ၆ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁ ဦးနှင့် တသီးပုဂ္ဂလ ၃ ဦးတို့ ဖြစ်သည်။
- See more at: http://mizzimaburmese.com/article/4477#sthash.URKqsHnI.dpuf
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, September 11, 2015
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ်လောင်း အားလုံးနီးပါး အယူခံ ပယ်ချခံရ
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ်လောင်း အားလုံးနီးပါး အယူခံ ပယ်ချခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 11, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 11, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment