တရုတ်နိုင်ငံက အမျိုးသားတစ်ဦးက သူ့ရဲ့ဖုန်းခေါ်ဆိုမှုကို ပြန်လည် မဖြေကြားခဲ့တဲ့ ဇနီးသည်အပေါ် စိတ်ဆိုးဒေါသတကြီးပေါက်ကွဲခဲ့ တာကြောင့် ဇနီးသည်ရဲ့နှာခေါင်းကို ကိုက်ဖြတ်ပြီးစားခဲ့တယ်လို့ သိ ရပါ
တယ်။
ဖြစ်စဉ်မှာ တရုတ်နိုင်ငံ၊ ဒန်ဇိုးပြည်နယ်မှာ နေထိုင်တဲ့ လင်မယားနှစ် ယောက်မှာ ရန်လို့ အမည်ရတဲ့ ဇနီးသည်ဖြစ်သူက ညဆိုင်းအလုပ် ဆင်းနောက်ကျချိန်အတွင်း အလုပ်ရှုပ်နေခဲ့တာကြောင့် ခင်ပွန်းဖြစ် သူရဲ့
ဖုန်းကိုမကိုင်နိုင်ပဲ ဖြစ်ခဲ့ရာမှ ထိုသို့ ခင်ပွန်းဖြစ်သူရဲ့ ဒေါသတ ကြီးတိုက်ခိုက်ခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။
အမျိုးသမီး ရန် က အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ ခင်ပွန်းဖြစ်သူရဲ့ ရိုက်နှက်ပုတ်သတ်ခြင်းကို ခံရ
တာဖြစ်ပြီး ခင်ပွန်းက သူမရဲ့နှာခေါင်း ကို ကိုက်ဖြတ်ကာ ဝါးစားမျိုချပစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ထိုအ တွက်ကြောင့် အမျိုးသမီးရန်လည်း ခင်ပွန်းဖြစ်သူအပေါ် ကြောက် လန့်တကြားနဲ့ နေအိမ်မှ
ထွက်ပြေးလာခဲ့ပြီး လက်ရှိမှာတော့ သူမရဲ့ ပြတ်သွားတဲ့နှာခေါင်းဒဏ်ရာနဲ့ ဆေးရုံတက် ဆေးကုသမှုခံ
ယူနေ တယ်လို့လည်း သိရပါတယ်။
Credit: Phothutaw
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment