CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, September 18, 2015
ထိုင်းနိုင်ငံ နာရာသီဝပ် ပြည်နယ်တွင် ဗုံးခြောက်လုံး ပေါက်ကွဲမှု ဖြစ်ပွား၊ နှစ်ဦး သေဆုံး ၁၄ ဦး ဒဏ်ရာရ
ဗန်ကောက် စက်တင်ဘာ ၁၇
ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပ်ပြည်နယ် ပရန်းငဲခရိုင်တွင် စက်တင်ဘာ ၁၇ ရက်ညပိုင်းက ဗုံးခြောက်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးနှစ်ဦး သေဆုံးပြီး ၁၄ ဦးဒဏ်ရာ ရရှိခဲ့ ကြောင်း ထိုင်းရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲ ဒုတိယဗိုလ်ချုပ်ကြီး ပရာဝတ်သာဗွန်ဆီရီကပြော ကြားထားသည်။
ပထမဗုံး ပေါက်ကွဲမှုသည် ဝပ်ဆန်ခါဆစ်သီသာရမ် အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တာဝန်ရှိသူများကို အခင်းဖြစ်ပွား ရာ နေရာ သို့ ရောက်ရှိလာစေရန် သွေးဆောင်ခြင်း ဖြစ်ကြောင်းနှင့် တာဝန်ရှိသူများ ရောက်ရှိချိန်တွင် ဒုတိယဆိုင်ကယ်ဗုံးကို ဖောက်ခွဲခဲ့ခြင်း ဖြစ် ကြောင်း သာဗွန်ဆီရီက တွစ်တာစာမျက်နှာမှ တစ်ဆင့် ပြောကြားသည်။
တတိယမြောက် ဗုံးပေါက်ကွဲမှုသည် တန်ယုံမက်စ်သမဝါယမ လုပ်ငန်းရုံး အရှေ့တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး စတုတ္ထမြောက် ဗုံးပေါက်ကွဲမှုသည် TOT အများပိုင် ကုမ္ပဏီရုံးခွဲရှေ့တွင် ဖြစ်ပွား ခဲ့ခြင်ြး
ဖစ်သည်။ အဆိုပါ ဗုံးပေါက်ကွဲမှု အားလုံး သည် တန်ယုံမက်စ်ခရိုင်ခွဲတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒေသစံတော်ချိန် ည ၇ နာရီ မိနစ် ၂ဝ နှင့် ၈ နာရီအကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း နှင့် အခြားဗုံးပေါက်ကွဲမှု နှစ်ခုမှာ ယင်းခရိုင်ခွဲ၌ပင် ည ၉ နာရီ မိနစ် ၂ဝ ၌ ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြ၀တီ
https://www.facebook.com/mwdmedia
ထိုင်းနိုင်ငံ နာရာသီဝပ် ပြည်နယ်တွင် ဗုံးခြောက်လုံး ပေါက်ကွဲမှု ဖြစ်ပွား၊ နှစ်ဦး သေဆုံး ၁၄ ဦး ဒဏ်ရာရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 18, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 18, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment