Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 18, 2015

စစ်ကိုင်းမြို့ ဝါးချပ် နားက ရေလမ်းကနေဘုရားလာဖူးတဲ့မြွေဇတ်လမ်း



စစ်ကိုင်းမြို့ ဝါးချပ် နားက ရေလမ်းကနေဘုရားလာဖူးရင်း ရေစပ်အရောက် တံငါသည်က မျက်လုံးကိုမှိန်းနဲ့ထိုးသတ်လိုက်တဲ့ အသတ်ခံလို...
Posted by The Melting Pot 4 U on Thursday, 17 September 2015
ရှင်ဖြူရှင်နန်းရွာက စပါးကြီးမြွေ ဘုရားမြွေအကြောင်း
' မြွေမောင်နှမပေါ့ဗျာ အရင်ဘဝက ရှမ်းတွေထင်ပါရဲ့ ဝင်ပူးပီး ပြောတဲ့အသံတိုင်းက 
ဝဲ နေတယ်။
သူတို့မောင်နှမ တွေက ရှင်ဖြူရှင်နန်း ရွာနားက ဘုရားလေးကို အမြဲတမ်း လာဖူးနေကြပေါ့ ။ဒီတခေါက်မှာတော့ အကိုဖြစ်သူ မြွေထီးလေးက လမ်းမှာ ခါး ဒဏ်ရာ ရသွားတယ်။ 
ညီမတကောင်တည်း သွားမှာကို စိတ်မချလို့ တားရှာပါတယ်'။ တယောက်တည်း မသွားပါနဲ့ ညီမရယ် အကိုယ့်ဒဏ်ရာပြောက်မှ သွားရအောင်လားတဲ့ ' ။
ဒီတော့ ညီမက ' တယောက်တည်း ရပါတယ် အကို့ရဲ့ ညီမ ဘုရားထိပ်က ခေါင်းလောင်းလေးကို မှတ်ထားပါတယ် ' ဆိုပီး တယောက်တည်း ထွက်ခဲ့တာပေါ့။
ဖြစ်ချင်တော့ အဲဒီဘုရားက ပြင်နေတော့ ခေါင်းလောင်းလေးကို ဂေါပကတွေက ခဏဖြုတ်ထားလိုက်တော့ မြွေမလေးခမျာ ခေါင်းလောင်းမတွေ့တော့ မျက်စိလည်သွားရှာတယ်။
အချိန်ကြာလာတော့ ရေဆာလာတာနဲ့ မြစ်ဆိပ်ကို ဆင်းပီး ရေသောက်နေတဲ့အချိန် တံငါသည်မိသားစုနဲ့ တွေ့ရော ခလေးလေးက အရင်မြင်တာပါ ။အဲဒါနဲ့ အဖေဖြစ်သူက သတ်ဖို့လုပ်တာပေါ့ ။
သတ်မှာပေါ့ စပါးကြီးမြွေသည်းခြေတစ်ခုကို ၃ သိန်းလောက် တန်တာလို့ သူကြားဖူးတော့ ဘေးလူ တွေ ခေါ်ပီး မြွေကို သတ်ဖို့လုပ်ကြတယ်။ ရှင်ဖြူရှင်နန်း ရွာနားမှာပေါ့။ ဖြစ်ချင်တော့ မြွေမလေးရဲ့ ဝိဥာည်က စစ်ကိုင်းတောင်ခြေက ရွာတရွာ(မှတ်ချက် ရွာနာမည် မသိ) က ကောင်မလေးတယောက်ဆီမှာ ဝင်ပူးတယ်။
' ကူညီကြပါဦးတဲ့ ငါ့ကို လူတွေဝိုင်းသတ်နေကြလို့ပါတဲ့ မျက်စိတစ်လုံးကလည်း ကျွတ်ထွက်နေပီတဲ့ ကိုယ်မှာလည်း ဒဏ်ရာတွေနဲ့တဲ့ '။
ရွာကလူတွေက ဘယ်နားမှာလည်း လမ်းပြလို့ပြောပီး သူ့ကို ကားပေါ်တင်းပီ သူလမ်းပြခိုင်းတဲ့နေရာကို မောင်းခဲ့တော့ ရှင်ဖြူရှင်နား ရွာကို ရောက်ခဲ့တယ်။ အဲဒီမှာ မြွေရဲ့ ခန္ဓာကိုယ်ကတော့ အသက်မဲ့နေရှာပီ ပူခံရတဲ့ကောင်မလေးက ပြောတယ်။
ငါ့ခန္ဓာကိုယ် ကို တောင်းထဲမှာတဲ့ ပလပ်စတစ်အိပ်နဲ့ဖုံးပီး ထမိန်နဲ့ အုပ်ထားတာတဲ့ ထမိန်ကလည်း နံစော်နေတာပဲတဲ့ ။တကယ်ရှာကြည့်တော့ တွေ့ပီ ဒီလိုနဲ့ အဲဒီတစ်ရက်ပီးသွားရော။
ဘုန်းကြီးက မေတ္တာပို့ပေးမယ်။ သာဓုခေါ်ဆိုမှ စိတ်လျော့သွားရှာတာ အစောက သူက ကြိမ်းနေတာ။ သူ့ကို သတ်တဲ့သူတွေရော တရွာလုံးရော မီးလောင်တိုက် သွင်းမှာတဲ့ ။
သူ့အကို လာနေပီဆိုပီးကြိမ်းတယ်။ ညရောက်တော့ ဘုန်းကြီးကို အိပ်မက်ပေးတယ်။ အရှင်ဘုရားတဲ့ တပည့်တော်အကိုယ်တဲ့ လမ်းမှာ ခါးက ဒဏ်ရာနဲ့ဆိုတော့ မလျှောက်နိုင်လို့ဆိုပီး ရွာကိုခေါ်ပေးပါ ဆိုပီး အိပ်မက်ပေးတာပေါ့ ။ဒီလိုနဲ့ မနက်ရောက်တော့ ရွာထဲက ကောင်မလေးတယောက်ကို ဝင်ပူးတယ်။
သူ့အကိုသွားခေါ်ဖို့ပေါ့ ဘုန်းကြီးက အဲဒီကောင်မလေးကို ငါ့နင့်အကို ရှိတဲ့နေရာ လမ်းပြဆိုပီး လမ်းက စစ်ကိုင်း မင်းကွန်းလိုင်းကားတစ်စီးကို တာလိုက်တယ်။
ဒီလိုမျိုးကိစ္စ ဆိုတာ ခင်ဗျားတို့လည်း မယုံဘူး။ ကျုပ်လည်း မယုံဘူးလေ။
ဒီတော့ ကားဆရာလည်း ဘယ်ယုံမှာလဲ ဒါပေမယ့် စူစမ်းချင်တာနဲ့ သူ့ခရီးသည်တွေကိုတောင် ကားပေါ်က ခဏဆင်းခိုင်းပီး လိုက်ပို့ပေးတာပေါ့ ဝင်ပူးခံရတဲ့ ကောင်မလေးကတော့ လမ်းပြပေါ့ဗျာ ဟိုကွေ့ဒီကွေ့နဲ့ အကို့ မြွေထီးလေးဆီ ရောက်ပေါ့ အကိုခမျာ သစ်ပင်ပေါ်မှာ သူ့တို့ကို(လူတွေကို) မြင်တော့ တရှုးရှုး တရှဲရှဲပေါ့။
သူ့ညီမသေမှန်း ဘယ်လိုသိလဲတော့ ကျွန်တော်မသိဘူး သူ့ပုံစံက ညီမကို သတ်တဲ့လူတွေလို့တော့ သိနေတဲ့ပုံစံပေါ့ ဒေါသတွေထွက်နေရှာတယ် ဒါပေမယ့် ဘုန်းကြီးက ပြောတယ် ငါတို့က အန္တရာယ်ပြုမလို့ မဟုတ်ဘူးတဲ့ မင်းညီမလေးဆီ လိုက်ပို့မလို့ဆိုမှ ပဇင်းထောင်ထားတာ ချပီး(စိတ်လျော့ပီး) ရှင်ဖြူရှင်နား ရွာကို လိုက်ခဲ့ရှာတယ် ။ ။ မှတ်ချက် ။ ။ ဒီအကြောင်းသည် ဝင်ပူးခံရတဲ့သူတွေရဲ့ စကားကို နားထောင်ပီး အကျမ်းမျဉ်း ရေးခြင်းဖြစ်ပါသည်။ ညနေပိုင်းတော့ အကိုယ့်ကို ဖမ်းလာတဲ့ movie နှင့် ညီမလေးကို သတ်နေတဲ့ movie တင်ပေးပါမည်။ ဝင်ပူးတဲ့ကောင်မလေးက ပြောတာတော့ သူ့ကို သတ်နေတုန်းက သတ်တဲ့လူတွေကို ပြန်သတ်လို့ရတယ် ခုခံလို့ရတယ်တဲ့ ဒါပေမယ့် သူတို့မြွေမောင်နှမနှစ်ယောက်က အဓိဌာန် ဝင်ထားတာလို့ ပြောတယ် အကိုယ်မြွေထီးကတော့ စစ်ကိုင်းမြို့နှင့် မင်းကွန်းကြား ဝါးချက်ရွာအနီး ရှင်ဖြူရှင်နား ရွာမှာပေါ့ ညီမမြွေမလေးရဲ့ အလောင်းကိုတော့ ဆေးစိမ်ထားတယ်လို့ ပြောပါတယ်ဗျ
 ကျေးဇူးတင်ပါတယ်ဗျ
ဗီဒီယို-မင်းဝေ

No comments:

Post a Comment