Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 29, 2015

ကုလ အေထြေထြညီလာခံ သမၼတအိုဘားမား မိန္႔ခြန္းေျပာ

ကုလသမဂၢအေထြေထြညီလာခံမွာ မိန္႔ခြန္းေျပာေနတဲ့ အေမရိကန္သမၼတ အိုဘားမား
 စစ္ပြဲေတြနဲ႔ ပဋိပကၡေတြကို ေရွာင္းရွားၿပီး ကမၻာတလႊားျဖစ္ပြားေနတဲ့ ပဋိပကၡေတြကို သံခင္း တမန္ခင္းနည္းလမ္းသစ္နဲ႔ ေျဖရွင္းၾကဖို႔ အေမရိကန္သမၼတ ဘရက္ခ္ အိုဘားမားက ကမၻာတလႊားကို တိုက္တြန္းလုိက္ပါတယ္။

ကုလသမဂၢ အေထြေထြညီလာခံမွာ အေမရိကန္ေခါင္းေဆာင္ တက္ေရာက္ မိန္႔ခြန္းေျပာၾကားခဲ့တာမွာေတာ့ သမၼတအိုဘားမားက က်ေနာ္တို႔အေနနဲ႔ အတူတကြ ပူးေပါင္းၿပီး ေဆာင္ရြက္ႏုိင္ျခင္းမရွိရင္ အက်ိဳးဆက္ေတြကို က်ေနာ္တို႔ အားလံုး အလူးအလဲ ခံၾကရပါလိမ့္မယ္။ အတူတကြ အလုပ္လုပ္ရင္ ပိုၿပီးလည္း အားေကာင္းခုိင္မာလာမွာ ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အေရွ႕အလယ္ပိုင္းက အစၥလာမၼစ္ အစြန္းေရာက္ IS ေတြကို ေခ်မႈန္းေရး အေမရိကန္က ေဆာ္ၾသတိုက္တြန္းေနတာနဲ႔ အေမရိကန္ရဲ႕ စစ္ေရးအင္အား ေတာင့္တင္းခုိင္မာတဲ့ အေပၚမွာလည္း သမၼတ အိုဘားမားက အခိုင္အမာ ေျပာဆိုခဲ့ပါတယ္။ အစၥလာမၼစ္ အစြန္းေရာက္ IS တို႔ အတြက္ ခုိလံႈစရာေနရာ မရွိေစရဘူးလို႔လည္း အေမရိကန္သမၼတက ေျပာပါတယ္။

ယူကရိန္းႏုိင္ငံ ခ႐ိုင္းမီးယားေဒသကို ႐ုရွားတို႔သိမ္းယူၿပီး ယူကရိန္းခြဲထြက္ေရးသမားေတြကို ႐ုရွားတို႔ေထာက္ပ႔ံေပးေနတဲ့အေပၚမွာလည္း ႐ုရွားအစိုးရကို ေဝဖန္ခဲ့ပါတယ္။ ခ႐ိုင္းမီးယားေဒသကို က်ဴးေက်ာ္ သိမ္းပိုက္မႈအတြက္ အျပစ္က လြတ္ၿငိမ္းခြင့္ေပးဖို႔ဆိုတာ မျဖစ္ႏုိင္တာေၾကာင့္ ႐ုရွားအစိုးရအေပၚ အေနာက္ႏုိင္ငံေတြရဲ႕ စီးပြားေရး ဒဏ္ခတ္ပိတ္ဆို႔မႈေတြက လိုအပ္တယ္လို႔လည္း အေမရိကန္ ေခါင္းေဆာင္က ကုလမိန္႔ခြန္းမွာ ထည့္သြင္း ေျပာခဲ့ပါတယ္။ ဆီးရီးယားႏုိင္ငံတြင္းက ေလးႏွစ္ၾကာစစ္ပြဲကို အဆံုးသတ္ဖို႔အတြက္ ဥပမာျပစရာအေျဖမရွိပါဘူး၊ ဒါေပမယ့္ ဆီးရီးယားျပည္သူေတြ ၿငိမ္းခ်မ္းစြာ အတူတကြ ေနထုိင္ႏုိင္ဖို႔ သေဘာတူညီခ်က္တခု ေရွ႕တိုး ေဆာင္ရြက္ႏုိင္ဖို႔အတြက္ သံတမန္ေရးနည္းလမ္းကို အသံုးျပဳရမယ္လို႔လည္း မွတ္ခ်က္ေပးပါတယ္။ ဆီးရီးယား သမၼတ Bashar al- Assad ကိုလည္း သူ႔ျပည္သူေတြအေပၚ စည္ပိုင္းဗံုးေတြက်ဲခ်ခဲ့သူလို႔လည္း သမၼတ အိုဘားမားက ေျပာပါတယ္။

ဗီြအိုေအ (ျမန္မာဌာန)
http://burmese.voanews.com
................................................

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ အမေရိကန်သမ္မတ အိုဘားမား
 စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကို ရှောင်းရှားပြီး ကမ္ဘာတလွှားဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို သံခင်း တမန်ခင်းနည်းလမ်းသစ်နဲ့ ဖြေရှင်းကြဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ကမ္ဘာတလွှားကို တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်ခေါင်းဆောင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာမှာတော့ သမ္မတအိုဘားမားက ကျနော်တို့အနေနဲ့ အတူတကွ ပူးပေါင်းပြီး ဆောင်ရွက်နိုင်ခြင်းမရှိရင် အကျိုးဆက်တွေကို ကျနော်တို့ အားလုံး အလူးအလဲ ခံကြရပါလိမ့်မယ်။ အတူတကွ အလုပ်လုပ်ရင် ပိုပြီးလည်း အားကောင်းခိုင်မာလာမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းက အစ္စလာမ္မစ် အစွန်းရောက် IS တွေကို ချေမှုန်းရေး အမေရိကန်က ဆော်သြတိုက်တွန်းနေတာနဲ့ အမေရိကန်ရဲ့ စစ်ရေးအင်အား တောင့်တင်းခိုင်မာတဲ့ အပေါ်မှာလည်း သမ္မတ အိုဘားမားက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ အစ္စလာမ္မစ် အစွန်းရောက် IS တို့ အတွက် ခိုလှုံစရာနေရာ မရှိစေရဘူးလို့လည်း အမေရိကန်သမ္မတက ပြောပါတယ်။

ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသကို ရုရှားတို့သိမ်းယူပြီး ယူကရိန်းခွဲထွက်ရေးသမားတွေကို ရုရှားတို့ထောက်ပ့ံပေးနေတဲ့အပေါ်မှာလည်း ရုရှားအစိုးရကို ဝေဖန်ခဲ့ပါတယ်။ ခရိုင်းမီးယားဒေသကို ကျူးကျော် သိမ်းပိုက်မှုအတွက် အပြစ်က လွတ်ငြိမ်းခွင့်ပေးဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် ရုရှားအစိုးရအပေါ် အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေက လိုအပ်တယ်လို့လည်း အမေရိကန် ခေါင်းဆောင်က ကုလမိန့်ခွန်းမှာ ထည့်သွင်း ပြောခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံတွင်းက လေးနှစ်ကြာစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ဥပမာပြစရာအဖြေမရှိပါဘူး၊ ဒါပေမယ့် ဆီးရီးယားပြည်သူတွေ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်ဖို့ သဘောတူညီချက်တခု ရှေ့တိုး ဆောင်ရွက်နိုင်ဖို့အတွက် သံတမန်ရေးနည်းလမ်းကို အသုံးပြုရမယ်လို့လည်း မှတ်ချက်ပေးပါတယ်။ ဆီးရီးယား သမ္မတ Bashar al- Assad ကိုလည်း သူ့ပြည်သူတွေအပေါ် စည်ပိုင်းဗုံးတွေကျဲချခဲ့သူလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

No comments:

Post a Comment