CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, September 9, 2015
ဂွာတာမာလာ သမ္မတဟောင်း လာဘ်စားမှုနဲ့ စွဲချက်တင်ခံရ
ဂွာတာမာလာနိုင်ငံတ၀န်း လနဲ့ချီ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ဖြစ်စေခဲ့တဲ့ အရှုတ်တော်ပုံကြီးနဲ့ ဆက်နွယ်နေတဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ရုံးတင်စစ်ဆေးခံဖို့ သမ္မတဟောင်း Otto Perez Molina ကို တရားသူကြီးတစ်ဦးက အမိန့်ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတရာထူးက နှုတ်ထွက်ခဲ့တဲ့ မစ္စတာ Perez Molina ဟာ စီးပွားရေးလုပ်ငန်းရှင်တွေ ဆီကနေ ဒေါ်လာသန်းနဲ့ချီ ယူပြီး သွင်းကုန်အခွန် လျှော့ပေးတဲ့ လာဘ်စားမှုကြီးမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။
သူက သူ့အနေနဲ့ ဘာမှ မဟုတ်တာ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။ ဒီအရှုတ်တော်ပုံမှာ တခြားအဆင့်မြင့် နိုင်ငံရေးသမား အများအပြားလည်း ပါဝင်ပတ်သက်နေပါတယ်။
မစ္စတာ Perez Molina ဟာ ရုံးတင်စစ်ဆေးမယ့်အချိန် နောက်သုံးလကြာအထိ အကျဉ်းထောင်မှာ ဆက်လက် ထိန်းသိမ်းခံထားရမှာ ဖြစ်ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
ဂွာတာမာလာ သမ္မတဟောင်း လာဘ်စားမှုနဲ့ စွဲချက်တင်ခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 09, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment