Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 8, 2015

မြွေဆိပ်ဖြေဆေး ပြတ်တော့မယ်


 မြွေကိုက်ခံရသူတွေကို ကုသဖို့ အစွမ်းအထက်ဆုံး မြွေဆိပ်ဖြေဆေး တစ်မျိုးကို မကြာမီ ထုတ်လုပ်မှု ရုပ်သိမ်းတော့မှာ ဖြစ်တဲ့အတွက် လူထောင်ပေါင်းများစွာဟာ အသက်ဘေးအန္တရာယ် ကျရောက်နိုင်တယ်လို့ ကျွမ်းကျင်သူ ပညာရှင်တွေက သတိပေးထားပါတယ်။

ဆာဟာရ အာဖရိက ဒေသတွင်း ဖြစ်ပွားလေ့ရှိတဲ့ မြွေ အမျိုးအစား ၁၀ မျိုး ကိုက်ခံရမှုအတွက် အဆိပ်ပြေစေမယ့် Fav-Afrique မြွေဆိပ်ဖြေဆေးတွေ အထူးလိုအပ်နေတယ်လို့ MSF နယ်စည်းမခြား ဆရာဝန်များအသင်း က ပြောပါတယ်။

ဒီဆေးရဲ့ နောက်ဆုံးထုတ်လုပ်မှုဟာ ၂၀၁၆ ခုနှစ် ဇွန်လမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အဲဒီအဆိပ်ဖြေဆေးနဲ့ အလားတူ အစားထိုးစရာ မရှိသေးဘူးလို့ ဆိုပါတယ်။

ဆေးထုတ်လုပ်တဲ့ကုမ္ပဏီ Sanofi Pasteur ကတော့ Fav-Afrique မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုကို ဈေးကွက်အတွင်းက ရုပ်သိမ်းလိုက်ပြီလို့ ဆိုပါတယ်။

တခြား မြွေဆိပ်ဖြေဆေးတွေ ရှိပေမယ့် Fav-Afrique ဆေးလောက်မကောင်းဘူးလို့ MSF က ပြောပါတယ်။

Fav-Afrique မြွေဆိပ်ဖြေဆေးဟာ ဘေးကင်းစိတ်ချရပြီး ဆာဟာရ အာဖရိက ဒေသမှာ တွေ့ရှိရတဲ့ မြွေ အမျိုးအစား အမျိုးမျိုး ကိုက်ခံရမှုက ကာကွယ်ပေးနိုင်တဲ့ တခုတည်းသော ဆေးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ မြွေကိုက်ခံရမှုတွေဟာ ဂရုစိုက်မှုနည်းပါးပြီး ပိုမိုအာရုံစိုက် ရင်းနှီးမြှုပ်နှံကြဖို့ လိုအပ်တယ်လို့ ပြောဆိုပါတယ်။

ကမ္ဘာနဲ့အ၀န်းမှာ တစ်နှစ်ကို မြွေကိုက်ခံရသူပေါင်း ၅ သန်းရှိပြီး အဲဒီအထဲက သေဆုံးသူပေါင်း ၁ သိန်း
လောက်ရှိကာ ၄ သိန်းလောက်က မစွမ်းမသန် နဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်ကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆာဟာရ အာဖရိက ဒေသမှာတင် နှစ်စဉ် လူပေါင်း ၃ သောင်းလောက် မြွေကိုက်ခံရလို့ သေဆုံးပြီး လူ ၈ ထောင်လောက်က ကိုယ်လက်အင်္ဂါ ဖြတ်တောက်ရတယ်လို့ ဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment