CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, September 11, 2015
ရွေးကောက်ပွဲမှာ အနိုင်မရပါက တရားအားထုတ်တော့မည်ဟု ကာကွယ်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးဝေလွင်ပြော
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်အဖြစ် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက် အရွေးချယ်ခံမည့် ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးဝေလွင်က စက်တင်ဘာ ၁၁ ရက်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာမှာ ပြုလုပ်တဲ့ မဲဆွယ်မိတ်ဆက်ပွဲတွင် “ယခုရွေးကောက်ပွဲတွင် အနိုင်မရရှိပါက စာရေး၊ စာဖတ်ခြင်းနှင့် တရားကျင့်ကြံ အားထုတ်ခြင်းဖြင့်သာ ဘ၀ကို ငြိမ်းချမ်းစွာ နေထိုင်တော့ မည်”ဟု မဲဆန္ဒရှင်များကို ပြောကြားခဲ့သည်။
မိမိကို ရွေးချယ်ပေးခဲ့မည်ဆိုပါက ၀င်ရောက်ယှဉ်ပြိုင်သည့်မြို့နယ် အကျိုးစီးပွားအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပြည်သူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရရှိအောင် တတ်နိုင်သမျှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရွေးကောက်ပွဲမှာ အနိုင်မရပါက တရားအားထုတ်တော့မည်ဟု ကာကွယ်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးဝေလွင်ပြော
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 11, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment