ရန္ကုန္၊ မႏၱေလး၊ ပုသိမ္စသည့္ ၿမိဳ႕ႀကီးမ်ားတြင္ ျပဳလုပ္ၿပီးျဖစ္သည့္ မ်ိဳးေစာင့္ဥပေဒေအာင္ပြဲကို စက္တင္ဘာ ၂၄ရက္က အစိုးရ႐ံုးစိုက္ရာ ေနျပည္ေတာ္တြင္လည္း ျပဳလုပ္ရာ အဆိုပါ ေအာင္ပြဲအခမ္းအနားသို႔ စစ္ကားတစ္စီးျဖင့္ တက္ေရာက္လာသူမ်ားလည္း ရွိသည္။
ေနျပည္ေတာ္ရွိ ဥပၸါတသႏၱိေစတီ တေပါင္းကြင္းတြင္ျပဳလုပ္သည့္ မ်ိဳးေစာင့္ဥပေဒေအာင္ပြဲသို႔ တက္ေရာက္လာေသာ ရာဂဏန္းရွိသည့္ ယာဥ္မ်ားအနက္ တပ္မေတာ္ယာဥ္အမွတ္ ၁၇၂၇(ဗ)ျဖင့္ အရပ္သားမ်ား တက္ေရာက္လာျခင္း ျဖစ္သည္။
မ်ိဳးေစာင့္ဥပေဒဟု လူသိမ်ားသည့္ ဥပေဒေလးခုကို ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳၿပီး သမၼတဦးသိန္းစိန္က လက္မွတ္ေရးထိုး ျပဌာန္းေပးခဲ့သည့္အေပၚ ေထာက္ခံသည့္ အဆိုပါ အထိမ္းအမွတ္ေအာင္ပြဲသို႔ သံဃာေတာ္မ်ား၊ သီလရွင္မ်ားအပါအဝင္ အမ်ိဳးသာသာသာသနာ ေစာင့္ေရွာက္ေရးအဖြဲ႔(မ.ဘ.သ)ဝင္မ်ားႏွင့္ ႏိုင္ငံလံုးဆိုင္ရာ ဝံသာႏုရကၡိတအသင္းဝင္မ်ားလည္း တက္ေရာက္ခဲ့သည္။
လူဦးေရ ေထာင္ေပါင္းမ်ားစြာတက္ေရာက္ေသာ အဆိုပါ အခမ္းအနားမစတင္မွီ “ဇာတိမာန္”သီခ်င္းျဖင့္ အမ်ိဳးသမီးတစ္ဦးက သီဆိုေဖ်ာ္ေျဖခဲ့ၿပီး ေန႔လည္ ၂နာရီေက်ာ္တြင္ အခမ္းအနား စတင္သည္။
အခမ္းအနားအဖြင့္တြင္ အမ်ိဳးဘာသာသာသနာ ေစာင့္ေရွာက္ေရးအဖြဲ႔(ဗဟို)၏ ဥကၠဌဆရာေတာ္ ေပးပို႔ေသာ သဝဏ္လႊာကို ေနျပည္ေတာ္ မ.ဘ.သအဖြဲ႔ အတြင္းေရးမွဴး ဆရာေတာ္ ဘဒၵႏၱကိတၳိသာရက ဖတ္ၾကားခဲ့သည္။
အဆိုပါ သဝဏ္လႊာတြင္ “မ်ိဳးေစာင့္ဥပေဒဖ်က္မည့္သူမ်ားကို ေရွာင္ကြင္း၍ မ်ိဳးေစာင့္ဥပေဒကာကြယ္မည့္သူမ်ားကိုသာ ကိုယ္စားလွယ္အျဖစ္ ေရြးခ်ယ္ၾကရန္လည္း အဓိက လိုအပ္သည္။ ယခုေပၚေပါက္ခဲ့ေသာ မ်ိဳးေစာင့္ဥပေဒမ်ိဳး ေနာင္ မည္သည့္နည္းႏွင့္မွ် ေပၚေပါက္ဖို႔ မလြယ္ကူေပ” ဟု ပါရွိသည္။
ျပဌာန္းလိုက္သည့္ ဥပေဒမ်ားမွာ ကိုးကြယ္ရာဘာသာ ကူးေျပာင္းျခင္းဆိုင္ရာဥပေဒ၊ လက္ထပ္ထိမ္းျမားျခင္း ဆိုင္ရာဥပေဒ၊ တစ္လင္တစ္မယားစနစ္က်င့္သံုး ျခင္းဆိုင္ရာ ဥပေဒႏွင့္ လူဦးေရ တိုးပြားႏႈန္း ထိန္းညႇိျခင္းဆိုင္ရာ ဥပေဒတို႔ျဖစ္သည္။
အဆိုပါ ဥပေဒမ်ားကို အရပ္ဘက္ အဖြဲ႔အစည္းအမ်ားစုက ကန္႔ကြက္ခဲ့ေသးသည္။
ယင္းဥပေဒမ်ား အသက္ဝင္လာျခင္းသည္ လြန္ခဲ့သည့္ ၂၀၁၃ခုႏွစ္အတြင္း အမ်ိဳးဘာသာသာသနာ ေစာင့္ေရွာက္ေရးအဖြဲ႔က လက္မွတ္တစ္သန္းေက်ာ္ျဖင့္ သမၼတထံတိုက္တြန္းမႈ၏ ေနာက္ဆက္တြဲတစ္ခုလည္း ျဖစ္သည္။
#Mizzima
..........................................
ရန်ကုန်၊ မန္တလေး၊ ပုသိမ်စသည့် မြို့ကြီးများတွင် ပြုလုပ်ပြီးဖြစ်သည့် မျိုးစောင့်ဥပဒေအောင်ပွဲကို စက်တင်ဘာ ၂၄ရက်က အစိုးရရုံးစိုက်ရာ နေပြည်တော်တွင်လည်း ပြုလုပ်ရာ အဆိုပါ အောင်ပွဲအခမ်းအနားသို့ စစ်ကားတစ်စီးဖြင့် တက်ရောက်လာသူများလည်း ရှိသည်။
နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီ တပေါင်းကွင်းတွင်ပြုလုပ်သည့် မျိုးစောင့်ဥပဒေအောင်ပွဲသို့ တက်ရောက်လာသော ရာဂဏန်းရှိသည့် ယာဉ်များအနက် တပ်မတော်ယာဉ်အမှတ် ၁၇၂၇(ဗ)ဖြင့် အရပ်သားများ တက်ရောက်လာခြင်း ဖြစ်သည်။
မျိုးစောင့်ဥပဒေဟု လူသိများသည့် ဥပဒေလေးခုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ပြဌာန်းပေးခဲ့သည့်အပေါ် ထောက်ခံသည့် အဆိုပါ အထိမ်းအမှတ်အောင်ပွဲသို့ သံဃာတော်များ၊ သီလရှင်များအပါအဝင် အမျိုးသာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)ဝင်များနှင့် နိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတအသင်းဝင်များလည်း တက်ရောက်ခဲ့သည်။
လူဦးရေ ထောင်ပေါင်းများစွာတက်ရောက်သော အဆိုပါ အခမ်းအနားမစတင်မှီ “ဇာတိမာန်”သီချင်းဖြင့် အမျိုးသမီးတစ်ဦးက သီဆိုဖျော်ဖြေခဲ့ပြီး နေ့လည် ၂နာရီကျော်တွင် အခမ်းအနား စတင်သည်။
အခမ်းအနားအဖွင့်တွင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ဥက္ကဌဆရာတော် ပေးပို့သော သဝဏ်လွှာကို နေပြည်တော် မ.ဘ.သအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဘဒ္ဒန္တကိတ္ထိသာရက ဖတ်ကြားခဲ့သည်။
အဆိုပါ သဝဏ်လွှာတွင် “မျိုးစောင့်ဥပဒေဖျက်မည့်သူများကို ရှောင်ကွင်း၍ မျိုးစောင့်ဥပဒေကာကွယ်မည့်သူများကိုသာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြရန်လည်း အဓိက လိုအပ်သည်။ ယခုပေါ်ပေါက်ခဲ့သော မျိုးစောင့်ဥပဒေမျိုး နောင် မည်သည့်နည်းနှင့်မျှ ပေါ်ပေါက်ဖို့ မလွယ်ကူပေ” ဟု ပါရှိသည်။
ပြဌာန်းလိုက်သည့် ဥပဒေများမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ်ကျင့်သုံး ခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ဖြစ်သည်။
အဆိုပါ ဥပဒေများကို အရပ်ဘက် အဖွဲ့အစည်းအများစုက ကန့်ကွက်ခဲ့သေးသည်။
ယင်းဥပဒေများ အသက်ဝင်လာခြင်းသည် လွန်ခဲ့သည့် ၂၀၁၃ခုနှစ်အတွင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့က လက်မှတ်တစ်သန်းကျော်ဖြင့် သမ္မတထံတိုက်တွန်းမှု၏ နောက်ဆက်တွဲတစ်ခုလည်း ဖြစ်သည်။
#Mizzima
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, September 24, 2015
မ်ိဳးေစာင့္ဥပေဒေအာင္ပြဲ စစ္ကားျဖင့္ တက္ေရာက္သူမ်ားရွိ....
မ်ိဳးေစာင့္ဥပေဒေအာင္ပြဲ စစ္ကားျဖင့္ တက္ေရာက္သူမ်ားရွိ....
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
September 24, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment