Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 14, 2015

ကောလဟာလနဲ့  မင်းသားကြီးကျော်သူ


“ဦးကျော်သူ ဘာမှမဖြစ်ပါ ”

၎..၉..၁၅

လွန်ခဲ့သည့် နာရီပိုင်းအတွင်းက ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ဦးကျော်သူတိုက်ခိုက်ခံရသည့်သတင်းမှာ မဟုတ်မှန်ကြောင်း ဦးကျော်သူ၏ ဇနီးဒေါ်ရွှေဇီးကွက်ကပြောကြားသည် ။
-
ထိုသတင်းကို ဧရာဝတီသတင်းဌာနကလွှင့်တင်အပြီး မိနစ်ပိုင်းအတွင်း ပြန်လည်မျှဝေသူ ၇၀၀၀ နီးပါးရှိခဲ့ပြီး ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့သွားကာ
ဦးကျော်သူ၏ ပရိသတ်များက စိုးရိမ်ပူပန်ခဲ့ကြသည်။ အမှန်မှာ မကြာမီရိုက်ကူးတော့မည့် ဝိဥာဉ်စိမ်း ရုပ်ရှင်ကားဇာတ်ဝင်ခန်းအတွက် ကြိုတင်ပြင်ဆင်မှု့ကို ဓာတ်ပုံမှတ်တမ်းတင်ထားပြီး ထိုဓာတ်ပုံကို ဓာတ်ပုံဆရာက နောက်ပြောင်သည့်သဘောဖြင့် တင်ခဲ့ရာမှ ထင်ရောင်ထင်မှားဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
-
ဦးကျော်သူ၏လက်တွင် သံချောင်းကြီးစိုက်နေသည့်ပုံနှင့်တွဲဖက်၍
ဓာတ်ပုံ မင်းသိုက်က " ဖိလစ်ပိုင်နိုင်ငံမှချီးမြှင့်သော ရေမွန်မတ်ဆိုင်းဆိုင်း
ဆု ရယူခဲ့သော ဦးကျော်သူသည် ယနေ့နံနက် ၇ နာရီ အချိန်တွင် သူ၏ နေအိမ်မှ နာ ရေးကူညီမှုအသင်း (ရန်ကုန်) သို့ တစ်ဦးတည်း ကားမောင်း အလာ .. ပြည်လမ်း ၈ မိုင်တွင် မီးပွိုင့်စောင့်နေစဉ် မျက်နှာဖုံးစွတ်အမည်း ဝတ် ဆင်ထားသူတစ်ဦးမှ ရုတ်တရက် ကားတံတား ဆွဲဖွင့်ကာ
ဦးကျော်သူအား ဧရာမ သံချောင်းကြီးဖြင့် ထိုးခဲ့ကြောင်း၊ အသက်ကို
သေစေ လိုသော ဆန္ဒဖြင့် လုပ်ကြံမှုတစ်ခုဖြစ်ကြောင်း၊ ဦးကျော်သူမှ ပြန်လည် ကာကွယ်ရာမှ ညာဘက်လက်ဖမိုးသို့ ထုတ်ချင်း
ပေါက်သွားခဲ့ကြောင်း သို့သော် ဦးကျော်သူ၏ ညာဘက် လက်ဖမိုး ဒဏ်ရာမှ လုံးဝ သွေးမ ထွက်သဖြင့် အဆိုပါ အမည်မသိလုပ်ကြံသူမှ ကြောက်ရွံ့ ထွက်ပြေး သွားခဲ့ကြောင်း သတင်းရရှိပါသည်” ဟု အပျော်သဘောဖြင့် နောက်ပြောင်တင်ခဲ့ခြင်းဖြစ်သည်
7Day News Journal

No comments:

Post a Comment