Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 20, 2015

ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင် ဒုက္ခသည် စခန်းတွင် ပစ်ခတ်မှုဖြစ်ပွား ကရင်နီ တိုင်းရင်းသား နှစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ


21 September 2015





.............................................

21 September 2015

 ကရင်နီ ဒုက္ခသည်စခန်းလို ့ နိုင်ငံတကာက သိနေတဲ့ မြန်မာနိုင်ငံ ဘက်မှ ထိုင်နိုင်ငံ နယ်ခြားဒေသ သို ့ ထွက်ပြေးခိုလှုံလာကြတဲ့ မယ့်ဟာင်ဆောင် ဒုက္ခသည်စခန်းမှာ စက်တင်ဘာ ၂၀ရက် တနင်္ဂနွေနေ ့ညပိုင်း ကပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

စခန်းအုပ်ချုပ်ရေးမူးနဲ ့ နယ်ခြားစောင့်တပ်ဖွဲ ့ဝင်တွေသွားရောက် စစ်ဆေးတဲ့ အခါမှာတော့ အသက် ၁၇ နှစ်နဲ ့ အသက် ၄၀ အမျိုးသားနှစ်ဦး blook 13 ၁၃ ရပ်ကွက် ရုံးခန်းရှေ ့ မှာ သေနတ် ဒဏ်ရာတွေနဲ ့ သေဆုံးနေတာတွေ ့ရကြောင်း၊ ဒဏ်ရာတွေနဲ ့ အသက် မသေသေးဘဲ တခြား သုံးဦးကိုတော့ မယ့်ဟောင်ခရိုင်အတွင်းမှာရှိတဲ့ စီစဝမ် Srisangwan Hospital ဆေးရုံသို ့ ပို ့ဆောင် ကုသပေးနေကြောင်း စခန်းအာဏာပိုင်တွေက ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

ယနေ ့မနက်မှာတော့ ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းအရင်းကို ၁၃ ရပ်ကွက်က တာဝန်ရှိသူတွေ နေထိုင်နေသူတွေ အားလုံးအားခေါ်ယူစစ်ဆေးနေပါပြီ။

ယခု ကရင်နီ ဒုက္ခသည် စခန်းမှာ စစ်ဘေးရှောင် ကရင်နီ ဒုက္ခသည်ပေါင်း ၁၁၈၉၀ ဦးနေထိုင်နေကြောင်း သိရပါတယ်။

Social Action for Women - SAW
Community Organization
https://www.facebook.com/Social-Action-for-Women-SAW

No comments:

Post a Comment