Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 1, 2015

စတော့ ရှယ်ယာများ အဆမတန် ကျဆင်းခြင်းနှင့် ထျန်းကျင်း ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ကောလာဟလများ ထုတ်ပြန်ခဲ့သူများကို တရုတ်အစိုးရက ဖမ်းဆီးပြစ်ဒဏ် ချမှတ်


China just punished 197 people for spreading rumors online

ပေကျင်း ၊ ၁-၉-၂ဝ၁၅

စတော့ဈေးကွက် ကျဆင်းမှုနှင့် ထျန်းကျင်း စက်မှုဇုန် ပေါက်ကွဲမှုများနှင့် စပ်လျဉ်း၍ ကောလာဟလ သတင်းများကို အွန်လိုင်းပေါ်တွင် ဖြန့်ချိခဲ့သူ တရုတ်နိုင်ငံသား ၁၉၇ ဦးကို အာဏာပိုင် များက ဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ် လိုက်ကြောင်း သိရသည်။

ဖမ်းဆီးပြစ်ဒဏ် ချမှတ်ခံရသူ များသည် နိုင်ငံအတွင်းရှိ စတော့ဈေးကွက် အဆမတန် ကျဆင်းမှုကြောင့် အမျိုးသား တစ်ဦးက ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြောင်း နှင့် ထျန်းကျင်းမြို့တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု တွင်လည်း အနည်းဆုံးလူ ၁၃ဝဝ ဦးသေဆုံး ခဲ့ကြောင်း အွန်လိုင်းပေါ်တွင် မဟုတ်မမှန် ဝါဒဖြန့်ခဲ့ သည်ဟု ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနက သြဂုတ် ၃ဝ ရက်တွင် ထုတ်ပြန် ထားသည်။

အဆိုပါ ကောလာဟလ သတင်းများ ကြောင့် နိုင်ငံအတွင်းရှိ ပြည်သူများ အကြား စိုးရိမ် ကြောက်လန့်မှုများ ဖြစ်ပွားခဲ့ ရကြောင်း ၄င်း ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက် တွင် ဖော်ပြထားသည်။

ထို့ပြင် အစိုးရသည် ကောလာဟလ သတင်းများကို ဖြန့်ချိရာတွင် အသုံးပြုသည့် အွန်လိုင်းအကောင့် ၁၆၅ ခုကိုလည်း ပိတ်ခဲ့ကြောင်း သိရသည်။

အလားတူ ကောလာဟလ ဖြန့်ချိသူများ သည် ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသည့် နှစ် ၇ဝ ပြည့် အထိမ်းအမှတ် ပွဲတော် ကျင်းပမည့် အစီအစဉ်နှင့် စပ်လျဉ်း၍ မဟုတ်မမှန် သတင်းများ ထုတ်ပြန် ခဲ့သည်ဟု သိရသည်။

#PyiChitThar

No comments:

Post a Comment