Byဖြူဖွေးသန့်
ဦးချမ်းသာ၏ ဇာတ်လမ်းကို ဦးငြိမ်းမင်း ဇာတ်ညွှန်းပြန်လည် ရေးသားထားခြင်းကြောင့် ‘၀ိညာဉ် စိမ်း’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရန် အလွန်စိတ်ဝင်စားလျက်ရှိသည်ဟု သရုပ်ဆောင် စိုးမြတ်သူ ဇာကပြောသည်။
‘‘ဒီဇာတ်လမ်းက ဦးချမ်းသာ ရဲ့ ဇာတ်ကို ဦးငြိမ်းမင်းက ရေးလိုက်တဲ့အခါမှာ အရင်မကြီးဖတ်ဖူးထားတဲ့ အကြမ်းထက်စာရင် ဆရာပြန်ပြင်ရေးလိုက်တာ အရမ်းကို ကောင်းသွားပါတယ်။ မကြီးဒီဇာတ်လမ်းလေးရိုက်ဖို့ကို စိတ်လည်းအရမ်းဝင်စားပါတယ်။ ရိုက်လည်းရိုက်ချင်ပါတယ်’’ဟု ၎င်းက ပြောသည်။ ယင်းဇာတ်ကားတွင် စိုးမြတ်သူဇာသည် ဦးဘသိန်းမောင်(ရန်အောင်)၏ ဇနီးနေရာမှ သရုပ်ဆောင်မည်ဖြစ်ပြီး ၎င်းရိုက်ကူးနေကျ ဇာတ်လမ်းများထဲမှ ကွဲထွက်နေသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ် ၍ ပရိသတ်များလည်း ကြိုက်နှစ်သက်နိုင်မည်ဟု စိုးမြတ်သူဇာက ဆက်လက်ပြောသည်။
‘‘ဇာတ်လမ်းလေးက သရဲကားလည်းမဟုတ်ဘူး။ မိသားစု ဇာတ်လမ်းလေးပါ။ အင်မတန်မှ ချစ်စရာကောင်းပါတယ်။ ဒီဇာတ် ကားရိုက်ကူးဖို့အတွက်ကတော့ ပြင်ဆင်ထားတာ အထွေအထူးမရှိပေမယ့် ဒါရိုက်တာခိုင်းတဲ့အတိုင်းပဲ မကြီးလုပ်မှာပါ’’ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စိုးမြတ်သူဇာသည် ဒါရိုက်တာကိုဇော်(အရုဏ် ဦး)ရိုက်ကူးသည့် ‘ရှယ်ချွေးမ’ရုပ် ရှင်ဇာတ်ကားကို ရိုက်ကူးလျက်ရှိကာ မီဒီယာဆဲဗင်းကစီစဉ်သည့် ‘၀ိညာဉ်စိမ်း’ ဇာတ်ကားကို ဒါရိုက်တာ ၀င်းထွန်းထွန်းက စက် တင်ဘာ ဒုတိယပတ်တွင် စတင် ရိုက်ကူးမည်ဖြစ်သည်။
ယင်းဇာတ်ကားတွင် ကျော်သူ၊ ရန်အောင်၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ဟိန်းဝေယံနှင့် အတူ စိုးမြတ်သူဇာ ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။
http://www.7daydaily.com/story/46310
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, September 13, 2015
ဇာတ်လမ်း၊ ဇာတ်ညွှန်း ကောင်းမွန်လို့ ၀ိညာဉ်စိမ်းဇာတ်ကား ရိုက်ကူးဖြစ်တဲ့ စိုးမြတ်သူဇာ
ဇာတ်လမ်း၊ ဇာတ်ညွှန်း ကောင်းမွန်လို့ ၀ိညာဉ်စိမ်းဇာတ်ကား ရိုက်ကူးဖြစ်တဲ့ စိုးမြတ်သူဇာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 13, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 13, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment