Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 2, 2015

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် ဓာတုစက်ရုံ ပေါက်ကွဲမှုဖြစ်ပွား တစ်ဦးသေဆုံး


 တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်းတုံးပြည်နယ်ရှိ ဓာတုစက်ရုံတစ်ရုံတွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် အနည်းဆုံး တစ်ဦးသေဆုံး ကာ ကိုးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများက စက်တင်ဘာ ၁ ရက်တွင် ဖော်ပြ ထားသည်။

အဆိုပါ ပေါက်ကွဲမှုသည် တုန်းယင်မြို့ လိကျင်းအရပ်၌ သြဂုတ် ၃၁ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၂၅ မိနစ်တွင်ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ ယင်းပေါက်ကွဲမှုကြောင့် ငါးနာရီနီးပါးကြာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း တုန်းယင် သတင်းဌာန က ဖော်ပြထားသည်။

ထို့ပြင် စက်ရုံအား တာဝန်ယူ လည်ပတ်နေသည့် ရှန်းတုန်းပင်းယွမ်ဓာတု ကုမ္ပဏီမှ အလုပ်အမှုဆောင် အဖွဲ့ဝင် ခြောက်ဦးအား ဖမ်းဆီးထိန်းသိမ်း ထားကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းအား တာဝန်ရှိသူ များက စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

လွန်ခဲ့သော ရက်သတ္တ သုံးပတ်ခန့်က နိုင်ငံအရှေ့မြောက်ပိုင်း ထျင်ကျန်းဆိပ်ကမ်းမြို့၌ လူ ၁၆ဝ နီးပါးသေဆုံး ခဲ့ရသော ဓာတုကုန်လှောင်ရုံ ပေါက်ကွဲပြီးနောက် ယခုပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

No comments:

Post a Comment