Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 2, 2015

တောင်ကိုရီးယားနိုင်ငံသား မောင်းနှင်လာသည့် ယာဉ် လမ်းလယ်ကျွန်းကပ်တုံးအား တိုက်မိ တိမ်းမှောက်

အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းကပ်တုံးအား ဝင်တိုက်
နေပြည်တော်၊ စက်တင်ဘာ ၂

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်အချိန် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၈၈/၁-၂)ကြားတွင် ယာဉ်တိမ်း မှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေး အမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှမီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 နေပြည်တော်မှတောင်ငူသို့ ပျဉ်းမနားမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ တောင်ကိုရီးယားနိုင်ငံသား Mr. MIN SUNG GUN (၅၂)နှစ်မောင်းနှင်လာသည့် 8H/×××× Super Custom ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံး(၂)တုံးအား ဝင်ရောက်တိုက်မိတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် စကားပြန် အောင်မင်္ဂလာရပ်ကွက်နေ ကိုအေးမင်းသော်(၂၅)နှစ်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မောင်း Mr. MIN SUNG GUN အား ပလွေးအမြန်လမ်းမကြီးရဲစခန်းယာဉ် (ပ)၁၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment