ပဲငံပြာရည်၊ သံပုရာရည်နဲ့ နှပ်ထားတဲ့ ကြက်ပေါင်ကြော်လေးဟာ ရိုးရှင်းပေမယ့် တကယ် အရသာထူးတဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။
ပြင်ဆင်ချက်ပြုတ်ရလည်း လွယ်ကူပြီး အကုန်ကျသက်သာတဲ့ ချက်ပြုတ်နည်း တစ်ခုဖြစ်ပါတယ်။ ကြက်သားကြော်
ကြိုက်နှစ်သက်သူတွေအတွက် ယင်းချက်ပြုတ်နည်းလေးကို ဖော်ပြပေး
လိုက်ပါတယ်။
လိုအပ်တဲ့ပစ္စည်းများ
· ကြက်ပေါင် ၁ ပေါင်
· ပဲငံပြာရည် ၁/၄ ခွက်
· သံပုရာရည် ထမင်းစားဇွန်း (၂) ဇွန်း
· ဆီ
လုပ်ပုံလုပ်နည်း
ကြက်သား၊ ပဲငံပြာရည်နဲ့ သံပုရာရည်ကို ပန်းကန်တစ်လုံးမှာ ရောပြီး ရေခဲသေတ္တာထဲ အနည်းဆုံး ၁ နာရီ နှပ်ထားရပါမယ်။
ဆီကို လက်ကိုင်တပ် ဒယ်တစ်လုံးနဲ့ သင့်ရုံသာ အပူပေးပါ။ ကြက်သားကို ရွှေနေညိုရောင်ရင့်ရင့်ဖြစ်သည်အထိ ဆီမြုပ်ကြော်ရပါမယ်။ ကျန်တာတွေလည်း ထိုနည်းအတိုင်း လုပ်ရပါမယ်။ ဆီတွေ စင်အောင် တစ်ရှူးနဲ့ စစ်ပေးရပါမယ်။
ထမင်းစားပန်းကန်သို့ ပြောင်းထည့်ကာ မိမိကြိုက်နှစ်သက်ရာ အရံဟင်းနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ။
TrendMyanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, September 9, 2015
ဒီတစ်ပတ်အတွက် ဟင်းအမယ် ပဲငံပြာရည်နဲ့ သံပုရာရည်နှပ် ကြက်ပေါင်ကြော်
ဒီတစ်ပတ်အတွက် ဟင်းအမယ် ပဲငံပြာရည်နဲ့ သံပုရာရည်နှပ် ကြက်ပေါင်ကြော်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 09, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment