Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 29, 2015

ဘဂၤလားေဒ့ရ္ွ ဘေလာ့ဂါေတြကို အစြန္းေရာက္အဖဲြ႔ ၿခိမ္းေျခာက္

အယူစဲြျပင္းထန္တဲ့အစၥလာမ္အဖြဲ႔က ၿခိမ္းေျခာက္ထားတဲ့ စာရင္းမွာ ပါဝင္ေနတဲ့ လန္ဒန္အေျခစိုက္ တက္ႂကြလႈပ္ရွားသူ Ajanta Deb Roy
 လြတ္လပ္စြာ ေျပာဆိုေရးသားၾကတဲ့ ဘဂၤလားေဒရွ္႕ ႏုိင္ငံသား ဘေလာဂ္ဂါေတြ၊ စာေရးဆရာေတြနဲ႔ တက္ႂကြလႈပ္ရွားသူ ၂၀ တို႔စာရင္းကို ဘဂၤလားေဒ့ရွ္ အေျခစိုက္ ဘာသာေရး အယူစြဲျပင္းထန္တဲ့ အစၥလာမ္အဖြဲ႔တခုက ထုတ္ျပန္လုိက္ၿပီး သတ္ျဖတ္ဖို႔ ၿခိမ္းေျခာက္ထားပါတယ္။

သတ္ျဖတ္ဖို႔ ျခိမ္းေျခာက္ခံထားရသူ အမ်ားစုကေတာ့ ႏုိင္ငံတြင္းကေန ထြက္ေျပးသြားၾကပါၿပီ။ တားျမစ္ပိတ္ပင္ခံထားရတဲ့ စစ္ေသြးႂကြ Ansarullah Bangla အဖြဲ႔ (ABT) က လူ ၂၀ စာရင္းကို ထုတ္ျပန္လုိက္တာ ျဖစ္ၿပီး အစၥလာမၼစ္အစြန္းေရာက္တို႔ဟာ ဒီစာရင္းမွာ ပါဝင္တဲ့ လြတ္လပ္စြာ ေတြးေခၚသူေတြကို အေရွ႕ေတာင္အာရွ ႏုိင္ငံ နယ္နိမိတ္အျပင္ထိ ရွာေဖြ တိုက္ခိုက္မယ့္အေပၚမွာ စိုးရိမ္စိတ္ေတြ ျမင့္တက္လာေနပါတယ္။

ဘာသာေရး အစြန္းေရာက္မႈကို ေဝဖန္ေရးသားတာေၾကာင့္ ဘဂၤလားေဒ့ရွ္ ႏုိင္ငံတြင္းမွာပဲ ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္း ဘေလာ႔ဂါ ၁၀ ဦးနဲ႔ သူတို႔ကို ေထာက္ခံသူေတြဟာ ဘာသာေရး အစြန္းေရာက္တို႔ လက္ခ်က္နဲ႔ ေသဆံုးခဲ့ရၿပီး ျဖစ္ပါတယ္။ အသက္အႏၱရာယ္ ၿခိမ္းေျခာက္မႈေတြနဲ႔ အၾကမ္းဖက္မႈေတြေၾကာင့္ပဲ တခ်ဳိ႕ကေတာ့ ႏုိင္ငံရပ္ျခားကို ေရႊ႕ေျပာင္းခဲ့ၾကရၿပီးလည္း ျဖစ္ပါတယ္။

အန္ဆာရူလာ ဘန္ဂလာ (Ansarullah Bangla) အဖြဲ႔က သတ္ျဖတ္္ဖို႔ ၿခိမ္းေျခာက္ထုတ္ျပန္လုိက္တဲ့ လူ စာရင္းမွာၿဗိတိန္၊ ဂ်ာမနီ၊ အေမရိကန္၊ ကေနဒါနဲ႔ ဆြီဒင္ႏုိင္ငံေတြကို ေရႊ႕ေျပာင္းေရာက္ရွိေနၾကတဲ့ ဘဂၤလားေဒ့ရွ္ ႏုိင္ငံသားတခ်ိဳ႕လည္း ပါဝင္ၿပီး ဒီလူေတြကို ႏုိင္ငံသားျဖစ္ခြင့္ ျပန္လည္႐ုပ္သိမ္းဖို႔ကိုလည္း Ansarullah Bangla အဖြဲ႔က ေတာင္းဆိုထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
................................................

အယူစွဲပြင်းထန်တဲ့အစ္စလာမ်အဖွဲ့က ခြိမ်းခြောက်ထားတဲ့ စာရင်းမှာ ပါဝင်နေတဲ့ လန်ဒန်အခြေစိုက် တက်ကြွလှုပ်ရှားသူ Ajanta Deb Roy
 လွတ်လပ်စွာ ပြောဆိုရေးသားကြတဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံသား ဘလောဂ်ဂါတွေ၊ စာရေးဆရာတွေနဲ့ တက်ကြွလှုပ်ရှားသူ ၂၀ တို့စာရင်းကို ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဘာသာရေး အယူစွဲပြင်းထန်တဲ့ အစ္စလာမ်အဖွဲ့တခုက ထုတ်ပြန်လိုက်ပြီး သတ်ဖြတ်ဖို့ ခြိမ်းခြောက်ထားပါတယ်။

သတ်ဖြတ်ဖို့ ခြိမ်းခြောက်ခံထားရသူ အများစုကတော့ နိုင်ငံတွင်းကနေ ထွက်ပြေးသွားကြပါပြီ။ တားမြစ်ပိတ်ပင်ခံထားရတဲ့ စစ်သွေးကြွ Ansarullah Bangla အဖွဲ့ (ABT) က လူ ၂၀ စာရင်းကို ထုတ်ပြန်လိုက်တာ ဖြစ်ပြီး အစ္စလာမ္မစ်အစွန်းရောက်တို့ဟာ ဒီစာရင်းမှာ ပါဝင်တဲ့ လွတ်လပ်စွာ တွေးခေါ်သူတွေကို အရှေ့တောင်အာရှ နိုင်ငံ နယ်နိမိတ်အပြင်ထိ ရှာဖွေ တိုက်ခိုက်မယ့်အပေါ်မှာ စိုးရိမ်စိတ်တွေ မြင့်တက်လာနေပါတယ်။

ဘာသာရေး အစွန်းရောက်မှုကို ဝေဖန်ရေးသားတာကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းမှာပဲ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဘလော့ဂါ ၁၀ ဦးနဲ့ သူတို့ကို ထောက်ခံသူတွေဟာ ဘာသာရေး အစွန်းရောက်တို့ လက်ချက်နဲ့ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့်ပဲ တချို့ကတော့ နိုင်ငံရပ်ခြားကို ရွှေ့ပြောင်းခဲ့ကြရပြီးလည်း ဖြစ်ပါတယ်။

အန်ဆာရူလာ ဘန်ဂလာ (Ansarullah Bangla) အဖွဲ့က သတ်ဖြတ််ဖို့ ခြိမ်းခြောက်ထုတ်ပြန်လိုက်တဲ့ လူ စာရင်းမှာဗြိတိန်၊ ဂျာမနီ၊ အမေရိကန်၊ ကနေဒါနဲ့ ဆွီဒင်နိုင်ငံတွေကို ရွှေ့ပြောင်းရောက်ရှိနေကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတချို့လည်း ပါဝင်ပြီး ဒီလူတွေကို နိုင်ငံသားဖြစ်ခွင့် ပြန်လည်ရုပ်သိမ်းဖို့ကိုလည်း Ansarullah Bangla အဖွဲ့က တောင်းဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment