CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, September 19, 2015
တောင်ဥက္ကလာပတွင် ဦးအောင်သိန်းလင်း စတင်မဲဆွယ်
Byမင်းဟိန်းကျော်
http://7daydaily.com/story/46785
..................................................................
Byမင်းဟိန်းကျော်
ဓာတ်ပုံ−အောင်သိန်းလင်းဖေ့စ်ဘွတ်ခ်
၂၀၁၅ ရွေးကောက်ပွဲ တွင် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့တော် ဝန်ဟောင်းဦးအောင်သိန်းလင်း သည် မဲဆွယ်စည်းရုံးမှု စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိ သည်။
စက်တင်ဘာ ၁၉ ရက် နံနက်တွင် တောင်ဥက္ကလာပမြို့ နယ် (၁၂)ရပ်ကွက်နှင့် (၁၃)ရပ် ကွက်ရှိ မေတ္တာလမ်းနှင့် ရတနာလမ်းတစ်လျှောက် ဖြတ်သန်းသွားလာ မဲဆွယ်ခဲ့ပြီး ၎င်းကို ထောက်ခံသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြ သည်။
၎င်းအနေဖြင့် တောင်ဥက္က လာပမဲဆန္ဒနယ်တွင် ပါဝင်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း မဲဆန္ဒရှင် များကို အသိပေးသည့်သဘော ဖြင့် မဲဆွယ်စည်းရုံးခြင်းကို စတင် ခဲ့ကာ နောက်ပိုင်းရက်များတွင် တစ်ရပ်ကွက်ချင်း မဲဆွယ်စည်းရုံး မှုများ ဆောင်ရွက်မည်ဖြစ် ကြောင်း ဦးအောင်သိန်းလင်းက ပြောသည်။
တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ပါတီငါးခုကို ကိုယ်စားပြုသည့် ကိုယ် စားလှယ်လောင်းငါးဦးမှ ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည် ခိုင်ဖြိုးပါတီက မြို့နယ်အတွင်း ပထမဆုံးမဲဆွယ်ခြင်းဖြစ်ကာ NLD အပါအဝင် အခြားပါတီဝင် များက မဲဆွယ်စည်းရုံးခြင်းမရှိ သေးပေ။
၎င်းမဲဆန္ဒနယ်မြေအတွင်း ပါဝင်ယှဉ်ပြိုင်မည့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဒေါက် တာစောနိုင်သည် ၂၀၁၀ ရွေး ကောက်ပွဲကလည်း တစ်သီးပုဂ္ဂ လအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ် ကာ ဦးအောင်သိန်းလင်းကို ရှုံးနိမ့် ခဲ့သည်။
ဦးအောင်သိန်းလင်းသည် တပ်မတော်တွင် ဗိုလ်မှူးချုပ် အဆင့်အထိ တာဝန်ထမ်းဆောင် ခဲ့ကာ ယခင်အစိုးရလက်ထက် တွင် ရန်ကုန်မြို့တော်ဝန်အဖြစ် ၂၀၁၁ အစိုးရအပြောင်းအလဲ ကာလအထိ တာဝန်ယူဆောင် ရွက်ခဲ့သည်။
၂၀၁၀ တွင် လူမှုရေးအသင်း မှ ပါတီသို့ အသွင်ကူးပြောင်းဖွဲ့ စည်းခဲ့သော ပြည်ခိုင်ဖြိုးပါတီ တွင် ဗဟိုအလုပ်အမှုဆောင်အ ဖြစ် တာဝန်ပေးအပ်ခံခဲ့ရသော် လည်း ယခုနှစ် ဩဂုတ်က ဖြစ်ပွားခဲ့သည့် ပါတီခေါင်းဆောင်ပိုင်းအ ပြောင်းအလဲတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခံခဲ့ရသည်။
တောင်ဥက္ကလာပတွင် ဦးအောင်သိန်းလင်း စတင်မဲဆွယ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 19, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 19, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment