ေဒၚေအာင္ဆန္းစုၾကည္ မဲဆြယ္စည္းရံုး |
အခုမဲဆြယ္ စည္းရံုးတဲ့ ေနရာေတြဟာ လာမယ့္ေရြးေကာက္ပြဲမွာ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရး ပါတီဘက္က ဗိုလ္ခ်ဳပ္ႀကီးေဟာင္းေတြ ပါဝင္ယွဥ္ၿပိဳင္မယ့္ ေနရာေတြျဖစ္ပါတယ္။ အစိုးရရံုးစိုက္တဲ့ ေနျပည္ေတာ္ၿမိဳ႕နယ္၄ခုမွာ ဗိုလ္ခ်ဳပ္ႀကီးေဟာင္းေတြ ျဖစ္ၾကတဲ့ ဦးေဝလြင္ ဦးေလွဌးဝင္း အစိုးရဝန္ႀကီး ဦးျမင့္လွိုင္ ဦးျမတ္ဟိန္းတို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ ၾကမွာျဖစ္ပါတယ္။၂၀၁၂ၾကားျဖတ္ေရြးေကာက္ပြဲမွာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က ေနျပည္ေတာ္မွာ အမတ္တေနရာ အႏိုင္ရခဲ့ဘူးပါတယ္။
ဒီကေန႔ မဲဆြယ္ရာမွာ ျပဳျပင္ေျပာင္းလဲမယ္လို႔ ေျပာေနတဲ့NLD ပါတီအေနနဲ႔ လူတိုင္းနဲ႔သက္ဆိုင္တဲ့ က်န္းမာေရးမွာ ဖ်ားနာမွ ျပည္သူေတြကို ေဆးရံုေတြကေန ကုသတာမ်ိဳးထက္ ခ်ိဳ႕တဲ့ေနတဲ့ ျပည္သူေတြရဲ့ ဘဝတိုးတက္လာမွ က်န္းမာေရး အတြက္အဟာရရွိရွိ စားေသာက္ႏိုင္မွာ ျဖစ္ေၾကာင္းလဲ စည္းရံုး ေျပာၾကားသြားပါတယ္။ ဒါအျပင္ တရားဥပေဒစိုးမိုးေရး မရွိလို႔ လယ္သမားေတြ လယ္ေျမအသိမ္းခံရတာဆိုတဲ့ အခ်က္ကိုလည္းေထာက္ျပ ေဝဖန္သြားပါတယ္။
ေဇယ်ာသီရိၿမိဳ႕နယ္က ေဒၚေအာင္ဆန္းစုၾကည္ရဲ့ မဲဆြယ္စည္းရံုးေရးကို ျပည္သူ၂ေသာင္းေက်ာ္ တက္ေရာက္ခဲ့ၾကပါတယ္။
BBC Burmese
http://www.bbc.com/burmese
............................................
ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံး
ပြည်သူတွေအနေနဲ့ မဲကိုမဖြုန်းဖို့ ရောင်းမစားဖို့နဲ့ မဲကိုရောင်းစားတာဟာ ကိုယ့်ရဲ့အနာဂတ်ကို ရောင်းစားတာနဲ့ အတူတူဘဲလို့ နေပြည်တော်မှာလုပ်တဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်က လူထုကို ပြောကြားသွားပါတယ်။
အခုမဲဆွယ် စည်းရုံးတဲ့ နေရာတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဘက်က ဗိုလ်ချုပ်ကြီးဟောင်းတွေ ပါဝင်ယှဉ်ပြိုင်မယ့် နေရာတွေဖြစ်ပါတယ်။ အစိုးရရုံးစိုက်တဲ့ နေပြည်တော်မြို့နယ်၄ခုမှာ ဗိုလ်ချုပ်ကြီးဟောင်းတွေ ဖြစ်ကြတဲ့ ဦးဝေလွင် ဦးလှေဌးဝင်း အစိုးရဝန်ကြီး ဦးမြင့်လှိုင် ဦးမြတ်ဟိန်းတို့ ဝင်ရောက်ယှဉ်ပြိုင် ကြမှာဖြစ်ပါတယ်။၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နေပြည်တော်မှာ အမတ်တနေရာ အနိုင်ရခဲ့ဘူးပါတယ်။
ဒီကနေ့ မဲဆွယ်ရာမှာ ပြုပြင်ပြောင်းလဲမယ်လို့ ပြောနေတဲ့NLD ပါတီအနေနဲ့ လူတိုင်းနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးမှာ ဖျားနာမှ ပြည်သူတွေကို ဆေးရုံတွေကနေ ကုသတာမျိုးထက် ချို့တဲ့နေတဲ့ ပြည်သူတွေရဲ့ ဘဝတိုးတက်လာမှ ကျန်းမာရေး အတွက်အဟာရရှိရှိ စားသောက်နိုင်မှာ ဖြစ်ကြောင်းလဲ စည်းရုံး ပြောကြားသွားပါတယ်။ ဒါအပြင် တရားဥပဒေစိုးမိုးရေး မရှိလို့ လယ်သမားတွေ လယ်မြေအသိမ်းခံရတာဆိုတဲ့ အချက်ကိုလည်းထောက်ပြ ဝေဖန်သွားပါတယ်။
ဇေယျာသီရိမြို့နယ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေးကို ပြည်သူ၂သောင်းကျော် တက်ရောက်ခဲ့ကြပါတယ်။
BBC Burmese
http://www.bbc.com/burmese
No comments:
Post a Comment