Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 11, 2015

ဖခင်တာဝန် ထမ်းဆောင်နေရ ရှာတဲ့ Ben Affleck



ဟောလီးဝုဒ် မင်းသားကြီး Ben Affleck ဟာ သူ့ရဲ့ စနေ၊တနင်္ဂနွေ အားလပ်ရက် ကို လော့အိန်ဂျလိစ်မှာ သူ့ရဲ့ ကလေး ၃ ယောက်နဲ့ အတူ ကုန်ဆုံးစေခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Ben Affleck ရဲ့ ဇနီးဟောင်း Jennifer Garner ဟာ အတ္တလန်တာ မှာ ရိုက်ကူးရေး ရှိနေတဲ့အတွက်ပါ။

Ben Affleck နဲ့ ရင်းနှီးသူတစ်ဦးရဲ့ People မဂ္ဂဇင်း ကို ပြောကြားချက်အရတော့ " Ben ဟာ စနေ၊တနင်္ဂနွေ အားလပ်ရက် တစ်ခုလုံး သူ့ရဲ့ ကလေးတွေကို အာရုံစိုက်ခြင်းနဲ့ ကုန်ဆုံးစေခဲ့ပါတယ်။ သူတို့အားလုံးဟာ ပျော်ဖို့ ကောင်းတဲ့ အားလပ်ရက်တွေ ရှိခဲ့ကြပါတယ်။ Ben ကိုယ်တိုင်လည်း ပျော်ရွှင်နေတာ တွေ့ရပြီး ကလေး တွေကိုလည်း နေရာ အစုံကို ခေါ်ဆောင်သွားခဲ့ပါတယ်" လို့ ဆိုပါတယ်။

Jennifer Garner ကတော့ "Miracles From Heaven" ဆိုတဲ့ ဇာတ်လမ်း ရိုက်ကူးရေးအတွက် အလုပ်ရှုပ်နေပြီး Ben Affleck ကတော့ သူ့ရဲ့ ကလေးတွေနဲ့ အချိန်ကုန်ဆုံးစေဖို့အတွက် တစ်နေရာပြီး တစ်နေရာ ရွှေ့ပြောင်းပြီး ခရီးထွက်နေရပါတယ်။

Ben Affleck နဲ့ သူ့ရဲ့ ကလေး ၃ ယောက်ဟာ တနင်္ဂနွေနေ့တုန်းကလည်း သူတို့ရဲ့ အကြိုက်ဆုံးနေရာတစ်ခုဖြစ်တဲ့ လယ်သမားတစ်ယောက်ရဲ့ ဈေးဆိုင်ကို သွားရောက်ခဲ့ကြပါတယ်။ အဲဒီနေရာမှာတော့ သူတို့ သားအဖ ၄ ယောက်ဟာ သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေ ၀ယ်ယူခဲ့ကြတယ်လို့ လည်း သိရပါတယ်။

Ben Affleck နဲ့ Jennifer Garner တို့ဟာ ဇွန်လမှာ သူတို့ရဲ့ ၁၀ နှစ်တာ အိမ်ထောင်ရေး ကို အဆုံးသတ်တော့မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီးတဲ့နောက် Ben Affleck ဟာ သူတို့မိသားစု ရဲ့ ကလေးထိန်း ကောင်မလေးနဲ့ လည်း ဇာတ်လမ်းတွေ ရှုပ်ခဲ့တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment