Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 3, 2015

Windows 10 Update ကြောင့် ညစ်ညမ်းပုံများ ထပ်ခါထပ်ခါ ပြသနေတာကို ကြုံတွေ့ခဲ့ရတဲ့ အမျိုးသား






ကံမကောင်းတဲ့ အမျိုးသားတစ်ယောက်ဟာ Microsoft Operating System အသစ်ကို စိတ်လှုပ်ရှားစွာနဲ့ upgrade လုပ်ထားပြီး အိပ်ရာဝင်ခဲ့ပါတယ်။

သူ့ အမျိုးသမီးက သူ အိပ်နေတာကို နှိုးတော့မှ သူ့ ကွန်ပျူတာ Desktop အပေါ်မှာ သူ စုဆောင်းထားတဲ့ ညစ်ညမ်းပုံတွေ က Slide show တစ်ခုလို လှုပ်ရှားနေတာ တွေ့ရပါတော့တယ်။

ထို အမျိုးသားဟာ Windows 10 ရဲ့ feature ဖြစ်တဲ့ အဆင်ပြေတဲ့ folder တစ်ခုခုကို အလိုအလျောက် slideshow လုပ်ခြင်းမှာ ကံဆိုးစွာနဲ့ ညစ်ညမ်းပုံတွေ စုထားတဲ့ folder နဲ့ တိုက်ဆိုင်သွားတာ ဖြစ်နိုင်ပါတယ်.။

Reddit website မှာ FalloutBoS ဆိုတဲ့ username နဲ့ သူရေးထားတာကတော့ " ညက ကျွန်တော် windows 10 ကို update လုပ်ပြီး အိပ်ရာဝင်ခဲ့ပါတယ်။ မနက်ကျမှ မိန်းမက ကျွန်တော်ကို နှိုးပြီး ဒီညစ်ညမ်းပုံတွေကို ဘာလို့ Desktop ပေါ်တင်ထားတာလဲလို့ မေးတော့မှ ကျွန်တော် သိရတာပါ။
ဒီ Feature ကို ဘယ်လို ပိတ်ရလဲဆိုတာ ကျနော် မသိပါဘူး ။ ကွန်ပျူတာကို ကျွန်တော် မပိတ်မချင်း မပျောက်သွားပါဘူး"

ယခု ဗားရှင်းအသစ် ဖြစ်တဲ့ Windows 10 system မှာတော့ ယခင် Windows 8 မှာ ပါတဲ့ Photos ဆိုတဲ့ Feature လိုပဲ ပုံတွေကို Slideshow အဖြစ်ပြတဲ့ feature ပါဝင်တာ ဖြစ်ပါတယ်။

Windows 8 နဲ့ မတူတာကတော့ Photos ဆိုတဲ့ Feature က My Pictures ဆိုတဲ့ Folder ထဲက ဓာတ်ပုံတွေကို ထပ်ခါထပ်ခါ ပြသသွားတာ ဖြစ်ပါတယ်။

အဆိုပါ အသုံးပြုသူက "ကျွန်တော့် အမှားလိုမျိုး မမှားကြပါနဲ့။ သင့် ဓာတ်ပုံတွေကို My Pictures ဆိုတဲ့ Folder ရဲ့ အပြင်ဘက်မှာ ထားကြပါ။ Sub-Folders အနေနဲ့ ထားလည်း စိတ်မချရပါဘူး" လို့ ထပ်လောင်းပြောကြားပါတယ်။

( TMW )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref:Mirror

No comments:

Post a Comment