
Rihanna ဟာ သူမခန္ဓာကိုယ်ပေါ်မှာ ပုံအသစ်တင်ဖို့ဆိုရင် ဘယ်တော့မှ တွန့်ဆုတ်နေခဲ့ခြင်း မရှိပါဘူး။ သူများတွေလို လူသိပ်မမြင်တဲ့နေရာတွေမှာ သေးသေးမွှားမွှားလေးတွေချည်း ထိုးတာမျိုးလည်း မဟုတ်ပါဘူး။ သူမရဲ့လက်ပေါ်က tribal တက်တူးဆိုရင်လည်း တကယ့်ကို ထင်ရှားလွန်းလှပါတယ်။ ဒါ့အပြင် သူမ ရင်ဘတ်တည့်တည့်က နတ်ဘုရားမ တက်တူးဟာလည်း ဆန်းသစ်တဲ့ အိုင်ဒီယာနဲ့ နေရာရွေးချယ်မှုကြောင့် အားလုံး အံ့အားသင့်ခဲ့ ရတာပါ။ အခြားသော တက်တူးတွေလည်း သူမမှာ အများကြီး ရှိပါသေးတယ်။ ခုအသစ်ကတော့ ခြေကျင်းဝတ်နားမှာ ထိုးလိုက်တာပါ။
သူမဟာ သူမရဲ့တက်တူးအသစ်ကို Instagram မှာ တင်ထားခဲ့ပြီး သူမရွေးချယ်ထားတဲ့ စာလုံးက gothic စာလုံးအမျိုးအစားဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူမကို ထိုးပေးခဲ့တဲ့ တက်တူးဆရာကတော့ Miley Cyrus ၊ Katy Perry ၊ Justin Bieber နဲ့ Cara Delevingne တို့လို အနုပညာရှင်တွေကို ထိုးပေးထားတဲ့ သူမအကြိုက်ဆုံး တက်တူးဆရာ BangBang ပဲ ဖြစ်ပါတယ်။
Ref:luckymag
http://www.trend.com.mm/2015/08/18/news-7448
No comments:
Post a Comment