Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 16, 2015

အသံပြွန် ခွဲစိတ်မှု အတွက် နယ်လှည့်ဖျော်ဖြေပွဲ တွေကို ပယ်ဖျက်လိုက်ရတဲ့ Meghan Trainor




အဆိုတော်မလေး Meghan Trainor ဟာ အသံပြွန် ခွဲစိတ်မှု ပြုလုပ်ရမှာဖြစ်တဲ့အတွက် သူမရဲ့ နယ်လှည့်ဖျော်ဖြေပွဲ ခရီးစဉ်တွေကို ပယ်ဖျက်လိုက်ရပါတယ်။

၂၀၁၄ ခုနှစ်မှာ All About That Bass ဆိုတဲ့ သီချင်းခွေ ထွက်ရှိပြီးတဲ့နောက်မှာ နာမည်ကြီးလာခဲ့တဲ့ အဆိုတော် Meghan Trainor ဟာ ကျန်ရှိနေသေးတဲ့ သူမရဲ့ MTrain နယ်လှည့်ဖျော်ဖြေပွဲ ခရီးစဉ်တွေကို ပယ်ဖျက်လိုက်ရတဲ့ အကြောင်းကို အင်္ဂါနေ့ကပဲ ပြောပြခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် အဆိုတော်မလေး Meghan Trainor က ဒီအကြောင်းတွေကို ရေးသားပြီး ၀မ်းနည်းကြေကွဲစွာနဲ့  Instagram ကတစ်ဆင့် သူမရဲ့ ပရိတ်သတ်တွေကို တောင်းပန်ခဲ့ပါတယ်။

MTrain နယ်လှည့်ဖျော်ဖြေပွဲ တွေဟာ ဇူလိုင်လမှာ စတင်ခဲ့တာဖြစ်ပြီး စက်တင်ဘာလမှာ ပြီးဆုံးမယ်လို့ စီစဉ်ထားခဲ့တာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ လကလည်း သူမဟာ အသံပြွန်နဲ့ဆိုင်တဲ့ ရောဂါတွေကို စတင်ခံစားလာရတဲ့အတွက် ဖျော်ဖြေပွဲ တစ်ချို့ကို ပယ်ဖျက်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာမှ သူမ ကို ဆရာဝန်တွေက သက်သာသွားပြီဆိုတဲ့အတွက် Meghan Trainor က နယ်လှည့်ဖျော်ဖြေပွဲတွေ ပြန်လည် သီဆိုတဲ့အချိန်မှာမှ ခွဲစိတ်ဖို့ အထိ ဖြစ်လာခဲ့ရတာပါ။

အခုလို အသံပြွန်ခွဲစိတ်ရတဲ့ အနုပညာရှင်တွေထဲမှာ Sam Smith နဲ့ Jess Glynne တို့ လည်းပါဝင်ခဲ့ဖူးပါတယ်။ အဲဒီလိုပဲ ကမ္ဘာကျော်တေးသံရှင် Adele ဟာလည်း အသံပြွန် မကောင်းတဲ့အတွက် ၂၀၁၁ ခုနှစ်တုန်းက ခွဲစိတ်ကုသဖို့ ဖျော်ဖြေပွဲတွေကို ဖျက်ခဲ့ရဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment