Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 16, 2015

ISIS အဖွဲ့က လူပေါင်း ၁၄၀၀ ပါဝင်သည့် လုပ်ကြံ တိုက်ခိုက်မည့်စာရင်းတစ်ခု ထုတ်ပြန်



ISIS Releases Kill List Of 1400 People

ကန်ဘာရာ ၊ ၁၄-၈-၂၀၁၅

ISIS စစ်သွေးကြွ အဖွဲ့သည် သြစတြေးလျ ရဲအရာရှိ ရှစ်ဦး၊ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ နှင့် နာမည်ကျော်များ အပြင် လူ ၁၄ဝဝ ဦးခန့် ပါဝင်သော ၄င်းတို့၏ တိုက်ခိုက်မည့် စာရင်းတစ်ခုကို သြဂုတ် ၁၂ ရက်က လူမှုကွန်ရက် ဝက်ဘ်ဆိုက် ပေါ်တွင် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

အမေရိကန် ကာကွယ်ရေး တပ်ဖွဲ့ဝင် အများစု ပါဝင်သော အဆိုပါစာရင်းနှင့် အတူ သြစတြေးလျ မြေပိုင်နက် ပေါ်၌ အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်မည် ဟူသော သတိပေးချက်လည်း ပါရှိကြောင်း သိရသည်။

ထို့အပြင် ISIS စစ်သွေးကြွ များသည် သြစတြေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ဗစ်တိုးရီးယား ပြည်နယ်မှ နိုင်ငံရေး သမားများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးနှင့် အရန် တပ်ဖွဲ့ဝင် တစ်ဦးတို့၏ ကိုယ်ရေး အချက်အလက် များကိုရယူ၍ အဆိုပါ အသေးစိတ် အချက်အလက် များအား တိုက်ခိုက်ခံ ရမည့်သူများ စာရင်းအတွင်း ထည့်သွင်းခဲ့သည်။

သြစတြေးလျ အစိုးရ အနေဖြင့် ယခု ခြိမ်းခြောက်မှုနှင့် စပ်လျဉ်း၍ အလေးအနက် ထား ဆောင်ရွက်လျက် ရှိပြီး နိုင်ငံသားများ ၏ လုံခြုံရေးကို ဦးစားပေး လုပ်ဆောင် နေကြောင်း အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက သြဂုတ် ၁၃ ရက်တွင် ပြောကြား ထားသည်။

အဆိုပါ နာမည်စာရင်းတွင် သြစတြေးလျ အရာရှိကြီး ရှစ်ဦး၏ အမည်များ၊ ဌာနများ၊ အီးမေးလ် လိပ်စာများ၊ လျှို့ဝှက်ကုတ် နံပါတ်များနှင့် တယ်လီဖုန်း နံပါတ်များ ပါဝင်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment