Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 11, 2015

ပထမဆုံး Fast and Furious ဇာတ်ကားမှာ Paul Walker မောင်းနှင်ခဲ့တဲ့ အထင်ကရ Toyota Supra ကားကို လေလံဈေး ပေါင် တစ်သိန်းနှစ်သောင်းနဲ့ ရောင်းချ




ပထမဆုံး Fast and Furious ဇာတ်ကားမှာ Paul Walker စီးနင်းခဲ့တဲ့ စတန့် ကား တစ်စီး Toyota Supra ကားဟာ လေလံပွဲမှာ ပေါင် တစ်သိန်းနှစ်သောင်း နဲ့ ရောင်းချခဲ့ရပါတယ်။
ဒီကားကို Eddie Paul က တည်ဆောက်ခဲ့တာဖြစ်ပြီး ပထမဦးဆုံး Fast and Furious ဇာတ်ကားမှာ ပါဝင်ခဲ့ကာ နောက်ဆုံး ဇာတ်ဝင်ခန်းမှာ Paul Walker က ဒီကားနဲ့ အတူ မီးရထားလမ်းဆုံကို ခုန်ကူးမောင်းခဲ့တဲ့ အခန်းကြောင့် နာမည်ကြီးပါတယ်။
ရောင်းချခဲ့ရာမှာ ယိုကိုဟားမားတိုင်ယာ၊ အမိုက်စားကားဘော်ဒီဂရပ်ဖစ်၊ စွမ်းဆောင်ရည်မြင့် စတီယာရင်ဘီး၊ ရှေ့ ရွှံကာအကြီးစားတို့ ပါ ကားနဲ့ အတူ တစ်ပါတည်း ပါဝင်ပါတယ်။ Paul Walker ဟာ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ က အဖော်တစ်ယောက်နဲ့ အတူ Porsche ကားကို မောင်းနှင်နေရင်းနဲ့ သစ်ပင်တစ်ပင်ကို ၀င်တိုက်ခဲ့ကာ ကားမီးစွဲပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။
Ref: Mirror
http://www.trend.com.mm/2015/08/11/news-7395

No comments:

Post a Comment