Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 29, 2015

ကမ္ဘာ့လူဦးရေ ရဲ့ ၇ ပုံ ၁ ပုံ ဟာ Facebook ကိုနေ့စဉ်သုံးစွဲနေတယ်လို့ Zuckerberg ဆို

လူမှုကွန်ရက် တစ်ခုအတွက်တော့ 
မထင်မှတ်ထားတဲ့ သုံးစွဲသူ အရေ
အတွက် မျိုးပါ။ Facebook ဟာ 
ကမ္ဘာမှာ စံချိန်တင်တဲ့ သုံးစွဲသူ 
အရေအတွက် ကို ရရှိသွားခဲ့ပါပြီ။ 
ကမ္ဘာ မှာ ရှိတဲ့ လူဦးရေ ၁ဘီလီယံ  ဟာ 
တစ်ရက်တည်းမှာတင် Facebook 
ဆိုတဲ့ လူမှုကွန်ရက်ကို သုံးစွဲနေကြ
ပါတယ်။

"တနင်္လာနေ့မှာ သိခဲ့ရတာက ၊ လူ ၇ ယောက်မှာ ၁ ယောက်ဟာ Facebook ကို အသုံးပြုပြီး သူတို့ရဲ့ 
မိသားစု နဲ့ သူငယ်ချင်း တွေကို ဆက်သွယ်နေကြပါတယ်" လို့ Mark Zuckerberg က သူ့ရဲ့ ကိုယ်ပိုင် 
Facebook စာမျက်နှာ မှာ Post တင်ထားခဲ့ပါတယ်။

"ကျွန်တော် တို့ရဲ့ ဘဏ္ဍာရေး နဲ့ ပတ်သက်ပြီး ပြောကြတဲ့အခါမှာတော့ ကျွန်တော် တို့ဟာ ပျမ်းမျှ နံပါတ်တွေ
ကိုပဲ အသုံးပြုကြပါတယ်။ ဒါပေမယ့် ဒါဟာ ခြားနားပါတယ်။ ဒါဟာ ကျွန်တော်တို့ ဒီလိုမှတ်တိုင်တစ်ခုကို
 ရောက်တာ ပထမဆုံးပါ။ ပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးကို ဆက်သွယ်ခြင်းရဲ့ အစပဲ ရှိပါသေးတယ်" လို့ 
Facebook ရဲ့ တည်ထောင်သူ Mark Zuckerberg က သူ့ရဲ့ Status ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

၂၀၁၅ ခုနှစ် ဇူလိုင်လ မှာ ကုလသမဂ္ဂ ရဲ့ စီးပွားရေးနှင့်လူမှုရေးရာ ဌာန က စစ်တမ်းကောက်ယူခဲ့တဲ့ 
ကမ္ဘာ့လူဦးရေ ဟာ ၇.၃ ဘီလီယံ ဖြစ်ပါတယ်။

ဒါ့အပြင် လူမှုကွန်ရက် ရဲ့ ပေါ်ပြူလာဖြစ်နှုန်းဟာ လူတစ်ယောက်ရဲ့ စမတ်ဖုန်း သုံးစွဲမှု ၅ ပုံ ၁ ပုံဟာ
Facebook သုံးစွဲနေမှုပဲ ဖြစ်ကြပါတယ်။ ဇူလိုင်လမှာတုန်းက ကုမ္မဏီ ဟာ သူတို့ရဲ့ မိုဘိုင်းလ် App တွေနဲ့ 
ပတ်သက်ပြီးပြောပြခဲ့ဖူးပါတယ်။ သုံးစွဲသူတွေဟာ တစ်နေ့ကို ၄၆ မိနစ်ခန့် Facebook နဲ့ Facebook က
ပိုင်ဆိုင်တဲ့ App တွေဖြစ်ကြတဲ့ Whatsapp လို App မျိုးတွေကို အသုံးပြုနေကြတယ်လို့ သိရပါတယ်။

တစ်လ မှာ ပျမ်းမျှ တစ်ခါလောက်သာ သုံးစွဲသူ နှုန်းထားနဲ့ တွက်ရင် သုံးစွဲသူ ၁.၅ သန်းခန့် ရှိနေပြီဖြစ်တဲ့ 
Facebook ဟာ သုံးစွဲသူပမာဏ များလာတာနဲ့ အမျှ ဈေးကွက်လည်း ကြီးထွား လာကာ ကုမ္မဏီ ရဲ့ 
ပိုင်ဆိုင်မှုဟာ အခုဆိုရင် ဒေါ်လာ ၂၆၄ ဘီလီယံ ခန့်ရှိနေပါပြီ။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail

No comments:

Post a Comment