Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 27, 2015

ရက္ခိုင့်တပ်မတော်ကို စစ်ဆင်ရာတွင် ဘင်္ဂလာဒေ့ရှ် F 7 တိုက်လေယာဉ်တစ်စီး ပူးပေါင်းပါဝင်ခဲ့ဟုဆို

(ဘင်္ဂလာဒေ့ရှ် လေတပ်မှ F 7 တိုက်လေယာဉ်)
 ရန်ကုန်၊ သြဂုတ် ၂၇

 ယမန်နေ့က ရက္ခိုင့်တပ်မတော်ကို တိုက်ခိုက်ရန် ပြုလုပ်ခဲ့သော စစ်ဆင်ရေး အတွင်း ဘင်္ဂလာဒေ့ရှ် လေတပ်မှ F 7 အမျိုးအစား တိုက်လေယာဉ် တစ်စီးကိုပါ အသုံးပြုခဲ့သည်ဟု BDNEWS 24 တွင် ဖော်ပြသည်။

စစ်တပ် တပ်ဖွဲ့ (၂) ဖွဲ့နှင့် နယ့်ခြားစောင့်တပ်ဖွဲ့များကိုလည်း ယင်းစစ်ပွဲ ဖြစ်ပွားရာ တန်းဆိပ်မြို့နယ် မော်တုတ်ကြီးသို့ တိုက်ပွဲ ဖြစ်ပွားပြီးရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

ယခုအခါ ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်များမှာ တိုက်ပွဲ ဖြစ်ပွားရာနေရာမှ ဆုတ်ခွာသွားပြီး ဖြစ်သဖြင့် ယင်းဒေသ အခြေအနေမှာ နဂို အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီဟု ဆိုသည်။

ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေး ၀န်ကြီးက Asaduzzaman Khan Kama က ရက္ခိုင့်တပ်မတော်ကို မောင်းထုတ်ရန် စစ်ဆင်ရေးကို ဆက်လက် ပြုလုပ်သွားမည်ဟု ဆိုသည်။ ၎င်းပြင် မြန်မာဘက်ကို ပါ နယ်စပ်ကို ပိတ်ဆို့ထားရန် အကြောင်းကြားထားသည်ဟု ဆိုသည်။

ပြည်ထဲရေးဝန်ကြီးသည် ယနေ့တွင် အဆိုပါ ကိစ္စကြောင့် ရွာတော်ခေါ် ဘင်ဒရိုဘင် ခရိုင်မြို့သို့ သွားရောက်မည်ဟု ပြောဆိုသည်။

ယမန်နေ့က တိုက်ပွဲမှာ ပြင်းထန်ပြီး နံနက် ၉ နာရီ ၃၀ မှ နေ့လယ် ၂ နာရီထိ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ နေ့လယ်ပိုင်းတွင် ရက္ခိုင့်တပ်မတော်မှ တပ်ဖွဲ့ဝင်များမှာ မော်တုတ်ကြီးမှ ဆုတ်ခွာသွားကြသည်ဟု ဆိုသည်။

ယခုတိုက်ပွဲမှာ ရက္ခိုင့်တပ်မတော်မှ ရိက္ခာသယ်ယူသော မြင်း (၁၀)ကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီး ယူဆောင်သွားရာမှ ရက္ခိုင့်တပ်မတော်မှ လာရောက် တိုက်ခိုက်ခြင်း ဖြစ်ပုံရသည်ဟု ဘင်္ဂလာဒေ့ရှ် တာဝန်ရှိသူများက ပြောဆိုသည်။ ယင်းတိုက်ပွဲတွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်သားတစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

ရက္ခိုင့်တပ်မတော်မှလည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်ကို အတည်ပြုထားပြီး အမှတ် ၅ ဗျူဟာ၊ (၈၉၄)တပ်ရင်း လက်အောက်ခံ ၊ တပ်ခွဲ (၃) နှင့် ဘင်္ဂလာ နယ်ခြားစောင့်တပ် BGB တို့တိုက်ပွဲဖြစ်ပွားကြောင်း သူတို့၏ ဖေ့စ်ဘွတ်မှ အတည်ပြုပြောကြားသည်။ သို့သော်လည်း တိုက်ပွဲမှာ နှစ်ဖက်တပ်များနားလည်မှု လွဲမှားမှုကြောင့် ဖြစ်ပွားခဲ့သည်ဟု ပြောဆိုသည်။

Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment