Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

Elite ယာဉ်ပေါ်မှ မူးယစ်ဆေးဝါး ၂၅ သိန်းကျော် ဖမ်းဆီးရမိ


 နေပြည်တော် ရဲတပ်ဖွဲ့မှူရုံးမှ တိုင်းရဲမှူး၏ လမ်းညွှန်မှုဖြင့် မှုခင်းအကူတပ်ဖွဲ့ ဒုရဲမှူးစိုးညွန့် အနီးကပ်ကြီးကြပ်ပြီး ဒုရဲအုပ်တင်ထွန်း၊ ရဲတပ်ကြပ်ရဲနော်၊ ရဲတပ်ကြပ်သိန်း အေးတို့အပါအ၀င် သက်သေများဖြင့် ၇-၈-၂၀၁၅ ရက်နေ့ ၁၂း၃၀ နာရီ အချိန်ခန့်တွင် (ရန်ကုန်-နေပြည်တော်ပြေးဆွဲနေသော Elite ခရီးသည်တင်ယာဉ် ယာဉ် အမှတ် 9C 9518 ဖြင့် လိုက်ပါလာသည့် ခင်မောင်လွင် (ခ) ၀င်းလွင်ထွန်းနှင့်အတူ မူးယစ်ဆေးဝါး များ သယ်ဆောင်လာကြောင်းသတင်းအရ) ဒက္ခိဏသီရိမြို့နယ် စီလမ်းဆုံ မောင်းတံဂိတ်တွင် စောင့်ဆိုင်းပြီး ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ၎င်းစီးနင်းလိုက်ပါလာသည့် ခုံအမှတ် ၄၂ ပေါ်မှ (က) Love Is Flower တံဆိပ်ပါ ကော်ဆပ်ပြာခွက် ၅ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူဟုယူဆရသော အလေးချိန် ၆၀ ဂရမ်ပါ အဖြူမှုန့် တန်ဖိုး ၂၅ သိန်းခန့်နှင့် ပလတ်စတစ်အဖြူဖြင့်ထည့်ထားသော အလေးချိန် ၁၂ ကျပ်သားခန့် ဘိန်းမဲဟုယူဆရ သော အမဲလုံး ၈ လုံး၊ ကော်ဘူးအကြည်ဖြင့်ထည့်ထားသော မူးယစ်ဆေးဝါးဟုယူဆရသော အလေးချိန်(50ml) ရှိ ပန်းရောင်ဆေးရည်တဘူးတို့အပြင် ခင်မောင်လွင် (ခ) ၀င်းလွင်ထွန်းဝတ်ဆင်ထားသော အင်္ကျီအိတ်အတွင်း မှ ပင်နယ်ဆလင်ပုလင်းဖြင့်ထည့်လျက် အလေးချိန် (သုည ဒသမ ၂၂)ဂရမ်ပါ ပုလင်းတလုံး၊ အပြာရောင် အလေးချိန် (၀ ဒသမ ၁၄)ဂရမ်ပါ အထုပ်တထုပ်အပါအ၀င် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။


မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ခင်မောင်လွင်(ခ) ၀င်းလွင်ထွန်းအား စစ်ဆေးရာတွင် ၎င်းပစ္စည်းများ အား ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ တရုတ်လေးဆိုသူထံမှ ဘိန်းဖြူဆပ်ပြာခွက်တခွက်လျှင် ၃ သိန်းဖြင့် ၀ယ်ယူပြီး ရန်ကုန်၊ ပုသိမ်၊ ဆွာ၊ မကွေး၊ နေပြည်တော်တို့တွင် ၅ သိန်းဖြင့် ရောင်းချရန်ဖြစ်ကြောင်း တရားခံ ဖြစ်သူ ခင်မောင်လွင် (ခ) ၀င်းလွင်ထွန်းသည် ပျဉ်းမနားမြို့နယ် စီကောက်ရွာသားဖြစ်ပြီး စီကောက်ရွာနေ ဖခင် ဦးကိုကြီး၊ မိခင်ဒေါ်ထိုက်တို့နှင့်အတူ မူးယစ်ဆေးဝါးများကို ၀ယ်ယူရောင်းချခြင်းများပြလုပ်လျက်ရှိကြောင်း ၀န်ခံ ထွက်ဆိုခဲ့သည်။

ခင်မောင်လွင် (ခ) ၀င်းလွင်ထွန်းသည် ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရဲစခန်းမှ မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှုဖြင့် အလိုရှိနေသော တရားခံပြေးတဦးဖြစ်ကြောင်း သိရသည်။

တရားခံ၏ထွက်ဆိုချက်အရ ပျဉ်းမနားမြို့ စီကောက်ရွာနေ ၎င်း၏ဖခင် ဦးကိုကြီး၊ မိခင်ဒေါ်ထိုက်တို့၏နေအိမ် အား ဆက်လက်ရှာဖွေရာတွင် ဖခင်ဦးကိုကြီးကိုသာတွေ့ရှိပြီး ဒေါ်ထိုက်မှာ ထွက်ပြေးတိမ်ရှောင်သွားကြောင်း တရားခံများကို ဒက္ခိဏသီရိမြို့မရဲစခန်းတွင် (ပ) ၄/၂၀၁၅ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသဖြင့် ဖြန့်ချိရောင်း ချခြင်းတို့အတွက် ပုဒ်မ ၁၅(က)၊ ၂၀-၂၂(က) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment