Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 24, 2015

ခပ်ရမ်းရမ်းဒေါ်နယ်လ်ထရန့်

Byထားထားမြင့်

ဒေါ်နယ်လ်ထရန့် မဲဆွယ်စည်းရုံးနေစဉ် (reuters)
လာမည့် ၂၀၁၆ ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲ အ တွက် ပါတီကြီးနှစ်ခုမှ သမ္မတ လောင်းများ အလျှိုလျှိုအသီးသီး ပေါ်လာရာမှာ ယခင်ကမဖြစ်ဖူး သော အခြေအနေတွေ ဖြစ်ပေါ်နေ ပါပြီ။ အများ သိထားကြသည့် အတိုင်း ဒီမိုကရက်တစ်ပါတီက နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်သည် ထိပ်တန်းကပြေးနေသည့် ကိုယ်စားလှယ်တစ်ဦးဖြစ်သလို ရီပက်ဘလေကန်ပါတီ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် ဂျက်ဘုရှ်ကလည်း ခေသူမဟုတ်။ သူကိုယ်တိုင်က ဖလော်ရီဒါပြည်နယ်၏ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်၏။ ထူးချွန်သော အောင်မြင်မှုများရှိသည်။ သူ၏ဖခင်နှင့် အစ်ကိုတို့ကလည်း အမေရိကန်သမ္မတဟောင်းများဖြစ်ကြသဖြင့် မျိုးရိုးအားဖြင့်လည်းကောင်း၏။ သို့သော် သည်နိုင်ငံရေး အင်အားကောင်းသော ကိုယ်စားလှယ်လောင်း နှစ်ဦးကြားနောက်မှရောက်လာပြီး အားလုံး ကို ရုတ်ရုတ်သဲသဲ လုပ်လိုက်သည့် ရီပက်ဘလေကန်၏ သမ္မတလောင်း နောက်တစ်ဦးကြောင့် မဲဆန္ဒရှင်တွေ ကတိမ်းကပါး ဦးတည်ချက်များယိုင်နဲ့ကုန်ကြသည်။

သမ္မတ လောင်းပြေးပွဲကို အနောက်ကနေဝင်လာပြီး ခပ် ကြမ်းကြမ်းနှင့် ပြိုင်ဘက်တွေကိုပွဲ ဖျက်နေသူက ရီပက်ဘလေကန်မှ သမ္မတလောင်းအဖြစ် ဝင်ပြိုင်မည့် သူဌေးကြီးဒေါ်နယ်လ်ထရန့်ပဲဖြစ်သည်။ သူဌေးကြီးဒေါ်နယ်လ်ထရန့်က သမ္မတလောင်းမဖြစ်မီ ကတည်းက လူသိများလှသူဖြစ် သည်။ သူ၏စရိုက်က ဂျိန်းစဘွန်း ရုပ်ရှင်ကားများထဲက မီဒီယာ သူဌေးကြီးပုံစံလိုမျိုးဖြစ်သည်။ သုံးမကုန်နိုင်အောင် ကြွယ်ဝချမ်းသာပြီး ကမ္ဘာကျော်မိန်းမလှလေးများ ဝန်းရံထားပြီး မော်ဒယ်လ်များကို ထည်လဲတွဲကစားခဲ့သူဖြစ်သည်။

 သူက အိမ်ခြံမြေလုပ်ငန်း၊ ရုပ်သံမီဒီယာလုပ်ငန်းများအပြင် မယ်စကြဝဠာလို မယ်ပြိုင်ပွဲမျိုး ကိုလည်း ကြီးကြပ်စီစဉ်သူ ဖြစ်သည်။ တရားဝင်ကြေညာချက်များအရ သူ၏ချမ်းသာ ကြွယ်ဝမှုမှာ အသားတင်အမေရိကန်ဒေါ်လာ ၇ ဘီလီယံအထိရှိသည်ဟုဆိုသည်။

  အမေရိကန်နိုင်ငံ အိမ်၊ ခြံမြေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွင် သြဇာအကြီးဆုံးနှင့် မီဒီယာတွေမှာ နာမည်အကြီးဆုံးသူ လည်းဖြစ်သည်။ ကမ္ဘာပေါ်က အချောအလှမော်ဒယ်သုံးဦးနှင့် တရားဝင် လက်ထပ်ခဲ့ပြီး သား သမီးငါးယောက်၏ ဖခင်လည်း ဖြစ်သည်။

၂၀၁၅ ဇန်နဝါရီမှာ ထရန့်က ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ဝင်ရောက်မည် ဖြစ်ကြောင်း နယူးယောက်မြို့က သူပိုင်ဆိုင်သည့် ထရန့်တာဝါကနေ ကြေညာခဲ့သည်။ သူက ရီပက်ဘလေကန်ပါတီ၏ ကိုယ်စားလှယ်သမ္မတလောင်းအဖြစ် ရွေးချယ်ခံရရန် အားထုတ်ကြိုး ပမ်းနေသည်။

‘‘ကျွန်တော်တို့ တိုင်းပြည်ကို အကြီးကျယ်ဆုံးဖြစ်အောင် ကျွန် တော်တို့ပြန်လုပ်မယ်’’ဟု သူက ကြွေးကြော်ခဲ့သည်။

 မီဒီယာ သူဌေးကြီးပီပီ ဒေါ် နယ်လ်ထရန့်က သတင်းမီဒီယာ တွေကနေ ခပ်ကြမ်းကြမ်းပွဲဆူစေ သောစကားလုံးများပြောပြီး လူ စိတ်ဝင်စားမှုကို ရအောင်လုပ် သည်။ သူကစစချင်းမှာ အမေ ရိကန်နိုင်ငံသို့ တရားမဝင် ဝင် ရောက်လာသည့် မက္ကဆီကန် လူမျိုးများကို မူးယစ်ဆေးဝါး ရောင်းသူများ၊ မုဒိမ်းသမားများ အဖြစ် ပြစ်တင်ဝေဖန်လိုက်ရာ အမေရိကန်ရှိမက္ကဆီကန်လူမျိုး အသိုင်းအဝိုင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ကဲ့ရဲ့ပြစ်တင် ဝေဖန်မှုတွေအတော်များများ ပေါ်ထွက်ခဲ့သော်လည်း သူကတော့ အမှန်ပြောသဖြင့် သည်စကားကို ပြန်မရုပ်သိမ်းနိုင်ဟုဆိုသည်။

‘‘အဲဒါလုံးဝမှန်တဲ့စကားပဲ လေ။ နယ်စပ်မှာကပ်ဆိုက်နေ တာပဲ။ နယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့သူတွေ တစ်ရှိန်ထိုးဝင် နေပြီး အခု ခင်ဗျားပြည်နယ်ထဲက ထောင်ထဲမှာတောင် သူတို့တွေ ရောက်နေပြီ’’ဟု ဖောက်စ်နယူးစ် ရုပ်သံမေးမြန်းခန်းကို သူကပြန် လည်တုံ့ပြန်ပြောဆိုခဲ့သည်။ ထို ကဲ့သို့ပြောကြားခဲ့သည့် အတွက် လာမည့် မယ်စကြဝဠာပြိုင်ပွဲမှာမက္ကဆီကိုနိုင်ငံက ပါဝင်မည်မဟုတ်ဟု တရားဝင်ထုတ်ဖော် ပြောကြားသည်။

   မက္ကဆီကန် သူဌေးတွေကလည်း ထရန့်နှင့်လုပ်ဆောင်မည့် စီးပွားရေးစီမံကိန်းများက နုတ်ထွက်ကြောင်း   ကြေညာသည်။

သို့သော် ဒေါ်နယ်လ်ထရန့် ကတော့ ခပ်တည်တည်ပင်။ လူဆူစေမည့် နောက်တစ်ခုကို ထပ်ဖွပြန်သည်။  သည်တစ်ခါ သူ ၏ ပစ်မှတ်က ရီပက်ဘလေကန် ပါတီအထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းပင်ဖြစ်၏။ မက်ကိန်းက ၂၀၀၈ သမ္မတရွေးကောက်ပွဲမှာ သမ္မတအိုဘားမားကိုရှုံးနိမ့်ခဲ့ သူဖြစ်သည်။ ဂျွန်မက်ကိန်းက သမ္မတရွေးပွဲမှာ ရှုံးခဲ့သော်လည်း ရီပက်ဘလေကန်ပါတီနှင့် လွှတ် တော်မှာ သြဇာကြီးသောစစ်ပြန် အမတ်တစ်ဦးဖြစ်သည်။ သူ့ကို လည်း ဒေါ်နယ်လ်ထရန့်က ပယ် ပယ်နယ်နယ်တွယ်ပြန်သည်။

  ဗီယက်နမ် စစ်ပွဲတုန်းက စစ်သုံ့ပန်းအဖြစ် အဖမ်းခံခဲ့ရ သော ဂျွန်မက်ကိန်းကို ‘‘သူက စစ်ပွဲသူရဲကောင်းကြီး မဟုတ်ပါဘူး။ အရှုံးသမားကြီးပါ။ အဖမ်းခံရလို့ သူရဲကောင်းဖြစ်သွားတာ ပါ။ ကျွန်တော်ကတော့ သူ့ထက် စာရင် အဖမ်းမခံရတဲ့သူကို ပို သဘောကျတယ်’’ဟုပြောကြားခဲ့ ရာ ဂျွန်မက်ကိန်းသာမက အမေရိ ကန်စစ်ပြန်တွေကြားမှာ ပွဲဆူပြီး ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ ထရန့်ကိုလည်း သတင်းမီဒီယာ တွေမှာ အပြစ်တင်ရေးသားကြ သည်။ ထိုစကားအတွက် ဂျွန်မက် ကိန်းကို တောင်းပန်ခိုင်းကြသော် လည်း ထရန့်က အမှန်ပြောတာ တောင်းပန်စရာမလိုဟု ခပ်ပြောင် ပြောင်ငြင်းပယ်ခဲ့သည်။

သည်လို ခပ်ကြမ်းကြမ်းခပ် ရမ်းရမ်းစကားတွေကြောင့် ဒေါ် နယ်လ်ထရန့်ကို မကြိုက်သူတွေ ရှိသော်လည်း ကြိုက်သူတွေ လည်း အတော်များ၏။ ယခုအခါ ရွေးကောက်ပွဲကနဦး စစ်တမ်း တွေအရ သူက လူကြိုက်အများ ဆုံး၊ ပေါ်ပြူလာအဖြစ်ဆုံးဖြစ်ပြီး ရီပက်ဘလေကန်က သူ၏ပြိုင် ဘက်လောင်းများဖြစ်သည့် ဂျက် ဘုရှ်နှင့် စကော့တ်ဝေါလကာတို့ ထက်ပင် ရှေ့ရောက်နေသည်။

ယခုနောက်ဆုံး သြဂုတ် ၄ ရက်နေ့က စီဘီအက်စ်ရုပ်သံ၏ စစ်တမ်းအရ ရီပက်ဘလေကန် အမတ်လောင်းစာရင်းမှာ ဒေါ် နယ်လ်ထရန့်က ထောက်ခံမှု ၂၄ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးကဖြစ်၏။ ဂျက်ဘုရှ်က ၁၃ ရာခိုင်နှုန်းနှင့် စကော့တ်ဝေါလကာ ၁၀ ရာခိုင် နှုန်းသာရထားသည်။ ဂျက်ဘုရှ်၏ နယ်မြေဖြစ်သော ဖလော်ရီဒါ မဲဆန္ဒနယ်မှာပင် သူက ဂျက်ဘုရှ် ထက် လူကြိုက်များနေခြင်းဖြစ် သည်။

‘‘အမေရိကန်တွေကလည်း အခက်သားကလား။ သူတို့က တစ်မူထူးခြားရင် ကြိုက်ကြတာပဲ။ အခုတော့ နိုင်ငံရေးသမားကို မကြိုက်ကြပြန်တော့ဘူး။ အောင် မြင်တဲ့သူဌေးကြီးကပဲ သမ္မတဖြစ် ရင်ကောင်းမလားစဉ်းစားကြပြန် ပြီ။ ဒေါ်နယ်လ်ထရန့်လိုမပြောနဲ့ ဘာမှမဟုတ်တဲ့ မင်းသားအာနိုး တောင် ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး အရွေးခံရသေးတာ’’ ဟု သမ္မတရွေးကောက်ပွဲကို အနီး ကပ်စောင့်ကြည့်လေ့လာနေသူ အမေရိကန်နိုင်ငံသား မြန်မာ လူမျိုး ဒေါက်တာသဉ္ဇာဝင်းက ပြောသည်။ ဒေါက်တာသဉ္ဇာဝင်း ကမူ အမျိုးသမီးသမ္မတကိုသာ လိုလားပြီး ဟီလာရီကလင်တန် ကိုပဲ မဲပေးမည်ဟုဆိုသည်။

အချို့အမေရိကန်များက တော့ ရွေးကောက်ပွဲလုပ်ဖို့ စော နေသေးသည့်အချိန်မှာ အခြေ အနေကို အကဲဖြတ်ဖို့စောလွန်း နေသည်ဟုဆိုသည်။ လတ်တ လောမီဒီယာကို အလွန်အမင်း အသုံးချမှုကြောင့် ဒေါ်နယ်လ် ထရန့်က ပွဲဆူလူကြိုက်များနေ သော်လည်း စကားရည်လုပွဲ အချေအတင်လုပ်လျှင်တော့ တကယ့်အရည်အချင်းရှိသူသာ အားသာ မည်ဟု ပြောနေကြသည်။

ဒေါ်နယ်လ်ထရန့်ကတော့ သူ့ပုံစံအတိုင်း ခပ်ကြမ်းကြမ်းပင် ပွဲဆူအောင်ဆက်လုပ်နေဆဲဖြစ် သည်။

   ငွေရှင်ကြေးရှင်ပီပီ ရွေး ကောက်ပွဲမဲဆွယ်မှုကိုလည်း မည် သူ့ဆီကမှ အလှူမခံဘဲ သူ့စရိတ် နှင့်သူ လုပ်သွားမည်ဟု ပြော သည်။ ထို့ပြင် သူ့ကို ပါတီတွင်း သမ္မတလောင်းအဖြစ် ရီပက်ဘလေကန်ပါတီက မရွေးဘူးဆိုလျှင် သူကတစ်သီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် သမ္မတရွေးပွဲကို မဖြစ်မနေ ဝင်မည်ဟုဆိုသည်။ ယခု လတ်တလောမှာလည်း သူ၏ပါတီတွင်းယှဉ်ပြိုင်ဘက်ဖြစ်သည့် ဂျက်ဘုရှ်ကိုလည်း ရက်ရက်စက်စက်ဝေဖန်တိုက်ခိုက်ထားသည်။

‘‘ဘယ်လိုများ သူအရွေးခံရ မလဲမသိဘူး။ ဂျက်ဘုရှ်က တကယ့်ကိုအားမရှိတဲ့သူပါ။ သူ့အတွက်တော့ ဘာလုပ်လုပ် လုပ်ရကိုင်ရသိပ်ခက်တာပေါ့။ တကယ့်ကို အင်အားမရှိတဲ့သူပါ’’ ဟု ထရန့်ကဝေဖန်သည်။

သူဌေးကြီးဒေါ်နယ်လ်ထရန့်က ငွေအင်အားခပ်တောင့်တောင့် စကားလုံးခပ်ရမ်းရမ်း အမေရိကန်သမ္မတပြေးပွဲမှာ ဝင်ပါနေပါပြီ။ ပြောချင်ရာပြောနေသူဆိုပြီး အ ရေးမထားလို့တော့မရ။ လတ် တလောမှာ သူက ရှေ့ဆုံးကပြေး နေသည်။  တချို့ကလည်း သူလို ကိုယ်လို ကိုယ်စားလှယ်လောင်း ကိုမှ သဘောကျနှစ်ခြိုက်ကြလေ ၏။။
http://7daydaily.com/story/44857

No comments:

Post a Comment