Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 7, 2015

"သတိ ထားစရာ"






ဒီနေ့ စာရေးသူ ကုက္ကိုမြောင် ရွာကို နာရေး အတွက်ကြွရတယ်။
ရွာဓလေ့ ဆိုတော့လဲ ထူးထူးဆန်းဆန်း အယူဆ လေးတွေ တွေ့ရတယ်။
စိတ်ထဲကလဲ တွေးမိပါတယ်။ သြော် ဓလေ့ထုံးတမ်း အယူဆ အရာတွေမှာတော့ ကမ္ဘာပေါ် မှာ တို့မြန်မာ လူမျိုးလောက် ဘယ်လူမျိုးမှ မများလောက်ဘူး" ။
သေသူ အလောင်းရှေ့ကနေ မီးခိုး တလှိုင်လှိုင် ထွက်နေတဲ့ မြေအိုး သယ်ယူတာမျိုး အခေါင်း ဓားတိုက် အလောင်းကို မြေချကာနီး သုံးပတ်ပတ် ရှေ့က ကြိုရောက်နေသူက ခဲနဲ့ပေါက်ပြီး နောက်လာအုံးမလား မေးလို့မေး။ အလောင်းထမ်း ကသူက က အမျိုးမျိုးတွေ့ရတယ်။
ပြောချင်တာ က အထက်က အကြောင်းရာတော့ မဟုတ်ပါဘူး။
သတိပြုစရာ အချက်လေး တချက်ကိုသာ ပြောချင်တာ။
အစီစဉ် အရ အခေါင်းဖွင့် ပင့်ဖိတ်လို့ကြွလာတဲ့ သံဃာတွေမှ အကြီးမှုး မထေရ်မြတ်မှ သရဏဂုံ သုံးပါးနဲ့ ငါးပါးသီလပေး ရေစက်ချပေါ့။
သေသူကို အကြောင်းပြုင်္ပြီး ကျန်ရစ်သူ မိသားစု တွေက နှာတရှုံ့ရှုံ့မျက်ရည် တကျကျပေါ့။
ကိုယ်ကလဲ မရဏနုသတိဘာဝနာ ပွားရင်း တရားနာနေမိတယ်။
လူ့ဘဝ ဆိုတာ ခဏတာ ရှင်သန်ရတဲ့ အခိုက်တန့်လေးပါပဲ။ မသေခင် မှားမှားယွင်းယွင်း နှလုံးသွင်းမိကြလို့ လောဘ ဒေါသ မာန်မာန ဣသ၁ မစ္ဆရိယ တရားတွေ တဖွားဖွားနဲ့ သေသွား တော့လဲ ဘာမှ မဟုတ်ပါလား။ စတဲ့ဘာဝနာ အတွေးတွေ ဆင်ခြင်မိပါတယ်။
ဆရာတော်လဲ သီလပေးခန်း ဆုံးလို့ ရေစက် ချခန်းလဲ ရောက်ရော အသုဘ ပို့လိုက်ပါသူ အမျိုးသမီး တစ်ဦးဆီက အသံထွက်လာတယ်။ အသံက င်္သီချင်းပါ။
"အေးချမ်းလှတဲ့ မောင့်ရဲ့ရင်ထဲ
အေးမြလှတဲ့ ရေလို အချစ်--
ယူခဲ့တော့ ကွယ်-- အချစ်ဆုံးလေးမို့
အို- မင်းအတွက်ပေးချင်သေး"""
သီချင်းက မီမီဝင်းဖေ အသံနဲ့ပါ။ ဖုန်း rang tone ထမြည်တော့ ဟိုက ရေစက် ချနေချိန်
ကျန်ရစ်သူ မျက်ရည် ကျနေသူတွေ ဆီက အသံလဲ မရှေးမနှောင်း ထွက်လာပါတယ်။ ခွိခွိ ဆိုတဲ့ရီသံ အချို့ပါ။
တောသူတွေ ဆိုတော့ ဖုန်းကို ချက်ခြင်း မပိတ်တတ်ဘူး ဖြစ်နေပုံပါပဲ။ တဖက်ကလဲ အကြိမ်ကြိမ် ခေါ်နေတော့တယ်။
သတိထားစရာပါ။ တကယ့်နေရာတွေမှာ ဖုန်းကို အသံပိတ်ထားသင့်ပါတယ်။
ကိုယ်ကလဲ ဒီတစ်ခါသာ ကြုံဖူးတော့ ရေးဖြစ်သွားတယ်။ လူတွေ အနေနဲ့အခြား အရေးကြီး ဧည့်ခံ ဆွေးနွေး ဟောပြောပွဲတွေမှာလဲ ဖုန်း ring tone အသံကြောင့် အနှောက်ယှက် ဖြစ်ကြမှာပါပဲ။
ခုတော့
ကြားကြားသမျှ အမျှမျှ နဲ့ အေးချမ်းလှတဲ့မောင့်ရဲ့ရင်ထဲ
သာဓု သာဓု ---
လာခဲ့တော့ကွယ် --အချစ်ဆုံးလေးမို့ ကိုဟ်မင်းအတွက် ပေးချင်သေး---
သီချင်း တဝတ် သာဓု တစ်ဝတ် ရောပြီး ရေစက်ချခဲ့ရတယ်။ ။
သတ္တဝါ ခပ်ပင်း ဆင်းရဲခြင်း ကင်းဝေးကြပါစေ။ ။
(အရှင်ဇနက)

No comments:

Post a Comment